နားဖောက်တော့မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့အချက် (၆) ချက်

နားဖောက်တဲ့အခါ လူအများစုက နားဖောက်တဲ့ သေနတ်နဲ့ဖောက်လေ့ ရှိကြပါတယ်။ အဲဒီလို နားဖောက်တဲ့သေနတ်နဲ့ ဖောက်တာကို သာမန်လို့ပဲ ထင်ကြပါတယ်။ တကယ်တော့ သေနတ်နဲ့ နားဖောက်တာက နားကို အရမ်း ထိုက်ခိုက်စေပါတယ်။ အဲဒါ့ကြောင့် နားဖောက်တော့မယ်ဆိုရင် အရေးပါတဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အချို့သတ္တုတွေက စိတ်မချရပါဘူး။

နားကပ်ရွေးချယ်တဲ့အခါ စံအရည်အသွေးမီတဲ့ ငွေနဲ့ပြုလုပ်ထားတဲ့ နားကပ်ကို မရွေးချယ်တာ ပိုကောင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ စံအရည်အသွေးမီငွေက လွယ်လွယ်ကူကူ အရောင်မှေးမှိန်လွယ်ပြီး ဓာတ်မတည့်တာလည်း ဖြစ်စေပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေလည်း ဝင်စေပါတယ်။ အချို့တွေက ရွှေနဲ့ဓာတ်မတည့်ကြပါဘူး။ ဓာတ်မတည့်တတ်သူတွေအတွက် အသင့်တော်ဆုံးက တိုင်တေးနီယမ်ပါ။

၂။ နားဖောက်ပြီးနောက်ပိုင်း နေရခက်တာတွေကို ကြုံတွေ့ရပါတယ်။

နားဖောက်ပြီးနောက် အဆင်မပြေတဲ့အခါ ရောင်လာတာ၊ နီနေတာ၊ နာကျင်တာ၊ အရိအရွဲတွေ ထွက်တာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတရံ အနာတွေဖြစ်လာတာကြောင့် နားဖောက်တာ မအောင်မြင်ဘဲ ဖြစ်သွားတတ်ပါတယ်။

၃။ နားကပ်ကို ရေဆေးတဲ့အခါ ရေတစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။

ကူးစက်ရောဂါတွေ မဖြစ်စေဖို့ နားကပ်ကို ပုံမှန်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ နားကပ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ရေတစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ နားကပ်မှာပါတဲ့ ပိုးတွေကို ဖယ်ရှားနိုင်ဖို့ ဆားငန်ရေနဲ့ပါ ဆေးသင့်ပါတယ်။ သင့်ရဲ့နှာခေါင်းမှာ နားကပ်တပ်ထားရင် ချည်သားပိတ်စလေးကို ဆားငန်ရေနဲ့တို့ထိပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

၄။ နားဖောက်တာက တစ်ခါတရံမှာ အချိန်ကြာရှည်စွာ နာကျင်နေတတ်ပါတယ်။

နားဖောက်တဲ့နေရာပေါ် မူတည်ပြီး သက်သာမယ့်အချိန်က ကြာတတ်ပါတယ်။ နှာခေါင်းမှာ ဖောက်ထားရင် အနာသက်သာဖို့ ၄ လကနေ ၆ လအထိ ကြာတတ်ပါတယ်။ နားမှာ နားပေါက်ဖောက်ထားရင်တော့ ၄ ပတ်ကနေ ၈ ပတ်အထိ သက်သာဖို့ ကြာနိုင်ပါတယ်။

နားအရိုးနုပေါ်မှာ ဖောက်ရင်တော့ ၆ လအထိ သက်သာဖို့ ကြာပါတယ်။ ချက်မှာဖောက်တဲ့အခါ အနာသက်သာဖို့ တစ်နှစ်လောက် ကြာရှည်ပါတယ်။ ချက်မှာ ဖောက်ထားရင် ဘက်တီးရီးယားတွေ ဝင်နိုင်တာကြောင့် ရေကူးတာကိုလည်း ရှောင်သင့်ပါတယ်။

၅။ သေနတ်နဲ့ နားမဖောက်သင့်ပါဘူး။

နားဖောက်တဲ့သေနတ်ကို အများစုက ထပ်ခါထပ်ခါပြန်သုံးပြီး သေသေချာချာ ပိုးမသတ်ကြပါဘူး။ အဲဒါကြောင့် နားဖောက်ပြီးတဲ့အခါ ပိုးဝင်လွယ်တာပါ။ နားဖောက်တဲ့ သေနတ်ကြောင့် နားတစ်ရှူးတွေ ထိခိုက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရစေပါတယ်။ နားဖောက်တော့မယ်ဆိုရင် ကျွမ်းကျင်သူတွေဆီမှာသာ ဖောက်သင့်ပါတယ်။ တစ်ခါသုံးအပ်နဲ့ ဖောက်တာက နားအရေပြားကိုလည်း မထိခိုက်စေပါဘူး။

၆။ ဘာမှမစားရသေးဘဲ နားမဖောက်သင့်ပါဘူး။

နားသွားဖောက်တော့မယ်ဆိုရင် အာဟာရဖြစ်စေမယ့် အစားအစာတွေစားပြီး ရေကို လုံလုံလောက်လောက် သောက်သွားပါ။ ဘာမှမစားရသေးဘဲ နားသွားဖောက်တဲ့အခါ မူးတာ၊ အန်ချင်တာတွေ ကြုံရပါတယ်။ နားသွားဖောက်မယ်ဆိုရင် အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်။ သင်က နေမကောင်းသေးရင် နားမဖောက်သင့်သေးပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments