ယုန်လေးတွေက အရမ်းချစ်စရာ ကောင်းတာကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် မွေးမြူလာကြပါတယ်။ ယုန်လေးတွေက အသည်းငယ်ပြီး ကြောက်တတ်တဲ့ကလေးလေးတွေပါ။ အဲဒါကြောင့် သင့်အိမ်မှာ ယုန်လေးတွေမွေးထားတဲ့အခါ ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းလေးတွေကြောင်း ဖော်ပြပေးပါမယ်နော်။
ယုန်လေးတွေအတွက် သူတို့ကိုယ်ပိုင်နေရာ သတ်မှတ်ပေးပါ။
ယုန်လေးနေဖို့ လှောင်အိမ်လေး လိုအပ်ပါတယ်။ အဲဒီအခါမှာသာ သူတို့စိတ်ကြိုက် အန္တရာယ်ကင်းကင်း သွားလာနိုင်မှာပါ။ ယုန်လှောင်အိမ်က အေးမြပြီး လေဝင်လေထွက်ကောင်းဖို့လည်း လိုအပ်ပါတယ်။ ယုန်လှောင်အိမ်ထဲမှာ သူတို့အညစ်အကြေးစွန့်ဖို့အတွက် ဗန်းလေးကိုလည်း ထားပေးထားပါ။
ဗန်းထဲမှာ သတင်းစာအဟောင်းတစ်ခုအရင်းခင်းပြီး အဲဒီအပေါ်မှာ မြက်ခြောက်ထပ်ခင်းပါ။ ကြောင်လေးတွေသုံးတဲ့ သစ်သားရွေပေါ်စာတွေက ယုန်လေးတွေအတွက် မကိုက်ညီပါဘူး။ ယုန်လေးတွေက မြက်ခြောက်စားရင်း အညစ်အကြေးစွန့်ရတာကို သဘောကျတာကြောင့် အညစ်အကြေးစွန့်တဲ့နည်းကို တစ်ခါတည်း သင်ကြားပြီးသား ဖြစ်စေပါတယ်။
ယုန်လေးတွေအတွက် အိမ်ထဲမှာ လျှောက်သွားတဲ့အခါ မီးကြိုးတွေနဲ့ထိမိပြီး အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ယုန်လေးတွေကို မရောက်စေချင်တဲ့နေရာတွေမှာ ဇကာလေးတွေနဲ့ ကာထားလို့ ရပါတယ်။
ယုန်လေးတွေ လေ့ကျင့်ခန်းလုပ်ဖို့ နေရာကို ပြုလုပ်ပေးပါ။
ယုန်တွေကို တစ်နေကုန် လှောင်အိမ်ထဲမှာ ထည့်ထားရင် ငြီးငွေ့လာမှာပါ။ အဲဒါကြောင့် သူတို့လေ့ကျင့်ခန်းလုပ်ပြီး ဆော့ကစားလို့ရမယ့် နေရာကို ဖန်တီးပေးလို့ ရပါတယ်။ ဒါမှမဟုတ် ယုန်လေးတွေဆော့ဖို့အတွက် လျှောလေးတွေ၊ အိမ်သေးသေးလေးတွေကိုလည်း ရွေးချယ်လို့ ရပါတယ်။
ယုန်လေးတွေကစားဖို့ အရုပ်လေးတွေ ထားပေးပါ။
သူတို့ကစားဖို့အတွက် အရုပ်မရှိတဲ့အခါ ကတ္ထူပြားကို ပေးထားလို့ ရပါတယ်။ ယုန်လေးတွေက တိတ်ဆိတ်တဲ့နေရာမှာ ကတ္ထူပြားကိုက်ရတာကို သဘောကျပါတယ်။ ယုန်လေးတွေ ကစားတဲ့အရုပ်လေးတွေကလည်း အပျင်းပြေစေမှာပါ။
ယုန်လေးတွေရဲ့ အစားအသောက်ကို ဂရုစိုက်ပေးပါ။
ယုန်လေးတွေရဲ့ အဓိကအစားအစာကတော့ မြက်ခြောက်နဲ့ မြက်ပါ။ ဒါ့အပြင် မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်တို့လို အစိမ်းရောင် အစားအစာလေးတွေကိုလည်း ကျွေးလို့ရပါတယ်။ ယုန်လေးတွေကို အစာမကျွေးခင်မှာ ကျွေးမယ့်အသီးအရွက်တွေကို ရေနဲ့ဆေးကြောပြီးမှာ ကျွေးပါ။ ဒါ့အပြင် ယုန်လေးတွေ ရေဆာတဲ့အခါတိုင်းသောက်ဖို့ ရေခွက်လည်း ထားပေးလို့ ရပါတယ်။
သန့်ရှင်းရေးကို ယုန်ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။
ယုန်လေးတွေကို ရေချိုးပေးတာက အန္တရာယ်ရှိပါတယ်။ သူတို့ကို ရေချိုးပေးတဲ့အခါ ကြောက်လန့်ပြီး နေမကောင်း ဖြစ်တတ်ပါတယ်။ ယုန်လေးတွေက အသန့်ကြိုက်ပြီး သူတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်တတ်တာကြောင့် ရေချိုးပေးဖို့ မလိုအပ်ပါဘူး။
Zombie (lovemedia)
0 Comments