လည်ဆွဲက သင့်အလှတည်ငြိမ်မှုကို ပိုပြီးပြည့်စုံစေတဲ့အရာပါ။ လည်ဆွဲနဲ့ အင်္ကျီပုံစံက လိုက်ဖက်နေရင်တော့ သင့်ကို အခြားသူတွေက လည်ပြန်ငေးနေရတော့မှာပါ။ ဒါပေမယ့် လည်ဆွဲနဲ့ အင်္ကျီပုံစံက တခြားစီဆိုရင်တော့ ကြည့်လှမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘယ်လိုလည်ဆွဲက ဘယ်လိုအင်္ကျီနဲ့ လိုက်ဖက်လဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
Collar
၁၂ လက်မ သို့မဟုတ် ၁၃ လက်မခန့် ရှည်တဲ့ Collar လည်ဆွဲက လည်ပင်းမှာ တစ်ကြိုးတည်းဆွဲမှ ပိုပြီးပေါ်လွင်ပါတယ်။ အဲဒီလို လည်ဆွဲနဲ့ လိုက်ဖက်မယ့်အဝတ်အစားကတော့ ပုခုံးအောက်ရောက်တဲ့ အင်္ကျီမျိုးပါ။ Collar လည်ဆွဲကို ချည်သား၊ ကတ္တီပါးသားတွေနဲ့ အလှဆင်ကြသလို ကျောက်တွေနဲ့လည်း အလှဆင်ကြပါတယ်။
Choker
၁၄ လက်မကနေ ၁၆ လက်မခန့်ရှည်တဲ့ Choker အမျိုးအစားလည်ဆွဲက ဘဲဥပုံသို့မဟုတ် V ပုံ အင်္ကျီလည်ပင်းတွေနဲ့ လိုက်ဖက်ပါတယ်။ တစ်ခါတရံမှာ Chokerနဲ့အတူ လည်ဆွဲအရှည်ကြီးတွေကို တွဲပြီးဝတ်တတ်ကြပါတယ်။ Choker လည်ဆွဲကို ကတ္တီပါ၊ ရွှေ၊ ဖဲတို့နဲ့ ပြုလုပ်ကြပါတယ်။
Princess
Princess အမျိုးအစားလည်ဆွဲကတော့ ၁၇ လက်မကနေ ၁၈ လက်မအထိ ရှည်ပါတယ်။ ညှပ်ရိုးပေါ်သို့မဟုတ် ညှပ်ရိုးအောက်မှာ ဝတ်ဆင်ကြပါတယ်။ ဒီလိုလည်ဆွဲကတော့ ဘယ်လိုအင်္ကျီနဲ့မဆို လိုက်ဖက်ပါတယ်။ လည်ပင်းကျယ်တဲ့ ဝတ်စုံတွေနဲ့ဆို လည်ဆွဲအလှက ပိုပြီး ထင်ရှားနေမှာပါ။
Matinee
၂၀ လက်မကနေ ၂၄ လက်မအထိ ရှည်လျားတဲ့ Matinee လည်ဆွဲတွေက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေနဲ့လည်းလှသလို ပွဲတက်အဝတ်အစားတွေနဲ့ဆိုရင်လည်း လည်ဆွဲအလှက လျော့မသွားပါဘူး။ Matinee လည်ဆွဲနဲ့အတူ အခြားလည်ဆွဲတွေကိုလည်း ပေါင်းစပ်ပြီး ဝတ်ဆင်ကြပါတယ်။ လည်ထောင်အင်္ကျီတွေနဲ့ဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။
Opera
Opera အမျိုးအစား လည်ဆွဲကတော့ ၂၈ လက်မကနေ ၃၆ လက်မအထိ ရှည်လျားပါတယ်။ ဆွဲကြိုးက ရှည်တာကြောင့် အင်္ကျီအမျိုးအစား တော်တော်များများနဲ့ တွဲဝတ်လို့ရပါတယ်။ သူနဲ့အသင့်တော်ဆုံးကတော့ လည်ဟိုက်ပြီး V ပုံစံလည်ပင်းရှိတဲ့ အင်္ကျီတွေပါ။
Rope
၃၅ လက်မကနေ ၅၁ လက်မအထိ ရှည်လျားတဲ့ Rope ဆွဲကြိုးက ညနေခင်းပွဲတက်ဝတ်စုံတွေနဲ့ တွဲဝတ်ရင် အရမ်းကို ကျက်သရေရှိပါတယ်။ အချို့က လည်ပင်းမှာ လည်ဆွဲကို နှစ်ရစ် သုံးရစ်လောက် ပတ်ပြီးမှ ဆွဲကြသလို အချို့ကလည်း လည်ဆွဲကို အထုံးလေးထုံးပြီးမှ ဆွဲကြပါတယ်။ အချို့ကလည်း လည်ဆွဲတစ်ကုံးတည်း သီးသန့်ဆွဲကြပါတယ်။ ဒီလိုလည်ဆွဲက အသက်အရွယ်မရွေး ဝတ်ဆင်လိုက်တဲ့ အမျိုးသမီးတိုင်းကို ခန့်ညားသွားစေပါတယ်။
love media
0 Comments