အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ အံ့ဩစရာအချက်အလက်တွေ အများကြီးပါပဲ။ အချို့အချက်တွေကို အမျိုးသားတွေ ကိုယ်တိုင်တောင် မသိကြပါဘူး။
၁။ အိုမင်းမှု နှေးကွေးခြင်း
သက်တူရွယ်တူ အမျိုးသားနဲ့ အမျိုးသမီးကို ယှဉ်လိုက်ရင်တောင် အမျိုးသမီးက ပိုပြီး အသက်ကြီးတယ်လို့ ထင်ရပါတယ်။ အမျိုးသားတွေရဲ့ အရေပြားမှာ ကော်လဂျင် တဖြည်းဖြည်း နည်းပါးသွားမှုက နှေးလို့ပါ။ အဲဒါကြောင့် အရေးအကြောင်းတွေ မဖြစ်လွယ်ပါဘူး။
၂။ နို့တိုက်နိုင်ခြင်း
အမျိုးသားတွေမှာ နို့ရည်ထုတ်လုပ်နိုင်တဲ့ ဂလင်းတွေ ရှိပါတယ်။ ဒါပေမယ့် ပုံမှန် ခန္ဓာကိုယ်မဟုတ်တဲ့ အမျိုးသားတွေပဲ ကလေးတွေကို နို့ရည်တိုက်နိုင်ပါတယ်။ prolactin ဟော်မုန်းများတဲ့အခါမှာ အမျိုးသားတွေမှာ တွေ့ရလေ့ရှိပါတယ်။ နှလုံးကို လှုံ့ဆော်တဲ့ကုသမှုတွေ ပြုလုပ်ဖူးတဲ့အခါ၊ ပစ်ကျူထရီဂလင်းမှာ ပြဿနာရှိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ prolactin ဟော်မုန်းများလာပါတယ်။
၃။ ထိပ်ပြောင်ခြင်း
မျိုးရိုးလိုက်တာကြောင့် ထိပ်ပြောင်တာလို့ အမျိုးသားအများစုက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တတ်ကြပါတယ်။ တကယ်တော့ တစ်စိတ်တစ်ပိုင်းပဲ မှန်ပါတယ်။ အဖေက ထိပ်ပြောင်ရင် သူ့သားမှာ ထိပ်ပြောင်ဖို့ ရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျားဟော်မုန်းရဲ့ လုပ်ဆောင်မှုတွေကနေ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်ရတာလည်း အကြောင်းအရင်း တစ်ချက်ပါပဲ။ စိတ်ဖိစီးမှုနဲ့ အာဟာရမမျှတရင် ထိပ်ပြောင်ဖို့ ပိုနီးကပ်လာပါတယ်။
၄။ စိတ်အတက်အကျမြန်ခြင်း
ကျားဟော်မုန်းလို့ခေါ်တဲ့ testosterone ဟော်မုန်းက မနက်ဆိုရင်မြင့်ပြီး ညနေဆိုရင် ကျသွားပါတယ်။ Testosterone ဟော်မုန်းက တစ်နေ့တည်းကို အမျိုးမျိုး ပြောင်းနေနိုင်ပါတယ်။ အဲဒီလို အပြောင်းအလဲဖြစ်ချိန်ဟာ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ စိတ်အတက်အကျမြန်တာနဲ့ ဆင်တူပါတယ်။ အဲဒီလိုအချိန်တွေမှာ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကြွက်သားနာကျင်တာ၊ စိတ်ဆတ်တာကို ခံစားရလေ့ရှိပါတယ်။
၅။ x and Y chromosomes
ကမ္ဘာပေါ်က လူသားတွေအားလုံးက အမျိုးသမီးတွေအဖြစ် စတင်ခဲ့ကြတာပါ။ X နဲ့ Y chromosomes ကတော့ မွေးလာမယ့် ကလေးရဲ့လိင်ကို ဆုံးဖြတ်ပေးပါတယ်။ သန္ဓေတည်နေချိန်မှာ X chromosome နှစ်ခုက အတူတကွ ပေါင်းသွားရင် မိန်းကလေးအဖြစ် မွေးဖွားလာပြီး X နဲ့ Y chromosome ပေါင်းသွားရင်တော့ ယောက်ျားလေးအဖြစ် မွေးဖွားလာပါတယ်။ ကိုယ်ဝန်ဆောင်တဲ့ ၅ ပတ်၊ ၆ ပတ်အထိ သန္ဓေသားက မိန်းကလေးအဖြစ် ဖွံ့ဖြိုးပါတယ်။
၆။ ထူထဲတဲ့ အရေပြား
ကျားဟော်မုန်းကြောင့် အမျိုးသားတွေရဲ့အရေပြားက အမျိုးသမီးတွေထက် ပိုထူပါတယ်။ အမျိုးသမီးတွေထက် ၂၅ ရာခိုင်နှုန်းပိုပြီး ထူပါတယ်။ ဒါပေမယ့် အသက်အရွယ် ကြီးလာရင်တော့ အမျိုးသားတွေရဲ့ အရေပြားက ပါးပါးလာပါတယ်။
၇။ လည်ဇလုပ်
အာဒမ်ရဲ့ပန်းသီးလို့ခေါ်တဲ့ လည်ဇလုပ်ဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုကြီးပါတယ်။ အသံကြိုးတွေကို ကာကွယ်ဖို့အတွက် လည်ဇလုပ်ကို သိုင်းရွိက်အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့ ယောက်ျားလေးတွေမှာ လည်ဇလုပ်က ပိုပြီးထင်ရှားလာပြီး အသံလည်း ပြောင်းလဲလာပါတယ်။
၈။ အရောင်တွေအပေါ် ရှုမြင်မှု
အမျိုးသားတွေက အမျိုးသမီးတွေလောက် အရောင်အမျိုးမျိုးကို မြင်နိုင်စွမ်းနည်းပါတယ်။ အရောင်ရှုမြင်မှုက retinal cone cells တွေမှာမူတည်ပြီး ကွဲပြားသွားပါတယ်။ အမျိုးသမီးတွေမှာ X chromosome က နှစ်ခုပါတာကြောင့် cone cells တွေလည်း ပိုပြီးပိုင်ဆိုင်ပါတယ်။ အဲဒါကြောင့် အရောင်တွေကိုလည်း အမျိုးသားတွေထက် နှစ်ဆပိုပြီး ခွဲခြားရှုမြင်နိုင်ပါတယ်။
Zombie (lovemedia)
0 Comments