မိန်းကလေးတိုင်းအတွက် တစ်နေကုန်မိတ်ကပ်မကွက်ဘဲ လှနေစေမယ့်လျှို့ဝှက်ချက် (၁၁) ခု

အချို့မိတ်ကပ်ကို မနက်ပိုင်းမှာ လိမ်းထားပြီးရင် နေ့လယ်ရောက်တဲ့အခါ ကွက်သွားတာ၊ ပြာသွားတာမျိုးရှိတတ်ပါတယ်။ အဲဒီအခါ တစ်နေကုန်မိတ်ကပ်နဲ့လှနေဖို့ အပြေးအလွှားမိတ်ကပ်ကို ပြန်ပြီး ချယ်သရပါသေးတယ်။ အဲဒီကြောင့် မိတ်ကပ်ကို တစ်နေကုန်ကြာရှည်ခံစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသားအရေကို သေချာပြင်ဆင်ပါ။

- Cleanser နဲ့ မျက်နှာကို သန့်စင်ပါ။

- Toner က မျက်နှာရဲ့ pH level ကို ညီမျှစေပြီး ချောမွေ့စေပါတဘ်။

- ပြီးရင် အသားအရေကို ရေဓာတ်ဖြည့်ဖို့ moisturizer ကိုလိမ်းပါ။ ဆီမပါတဲ့ moisturizer က စုပ်ယူမှုမြန်ပါတယ်။

-Skincare ပြီး ၁၀မိနစ်ခန့်ကြာမှသာ မိတ်ကပ်ကို စလိမ်းပါ။

၂။ Primer ကို မျက်နှာနဲ့ မျက်လုံးနေရာတွေမှာလိမ်းပါ။

Primer က water-based နဲ့ silicone-based ဆိုပြီး နှစ်မျိုးရှိပါတယ်။ water-based primer က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး သဘာဝဆန်တဲ့အလှကို ရစေပါတယ်။ silicone-based primer ကတော့ မိတ်ကပ်ကို ထူသလိုဖြစ်စေပါတယ်။ ကြိုက်နှစ်သက်ရာ primer ကို မျက်နှာနဲ့ မျက်လုံးနေရာတွေမှာ လိမ်းပေးပါ။

၃။ အောက်ခံမိတ်ကပ်နဲ့ concealer

Liquid foundation ကို မိတ်ကပ်ဖော့လေးနဲ့ မျက်နှာတစ်ပြင်လုံးကို နှံ့အောင်လိမ်းပါ။ အဲဒီနောက်မှာမှ မျက်လုံးအောက်နေရာတွေမှာ concealer ကို လိမ်းပေးပါ။ ဒီနည်းကတော့ မိတ်ကပ်ကို ညီညာစေပြီး နောက်ထပ်အကြိမ်ပေါင်းများစွာ ထပ်လိမ်းစရာ မလိုတော့ပါဘူး။

၄။ အောက်ခံမိတ်ကပ်ကို လက်နဲ့ မလိမ်းသင့်ပါဘူး။

မိတ်ကပ်ကွက်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အောက်ခံမိတ်ကပ်ကို လက်နဲ့လိမ်းလို့ပါပဲ။ အဲဒါကြောင့် မိတ်ကပ်ဖော့လေးကို သုံးပြီးတော့ လိမ်းသင့်ပါတယ်။ မိတ်ကပ်ဖော့နဲ့ လိမ်းတဲ့အခါ မိတ်ကပ်က ထူပိန်းပိန်းဖြစ်မနေတော့ဘဲ ညီညီညာညာနဲ့ တစ်နေကုန်ကြာရှည်ခံစေပါတယ်။

၅။ ပေါင်ဒါ

မိတ်ကပ်လိမ်းပြီးနောက် ပေါင်ဒါကို အောက်ခံမိတ်ကပ်နဲ့တူတဲ့အရောင်ကို အသုံးပြုပါ။ ပေါင်ဒါသုံးတာက အဆီပြန်တာ၊ မိတ်ကပ်ကွက်တာကို ကာကွယ်ပြီးဖြစ်စေပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် ပေါင်ဒါက အများကြီးအကူအညီဖြစ်စေပါတယ်။

၆။ Cream blush

Powder blush နဲ့ Cream blush ကို ယှဉ်ကြည့်လိုက်ရင် Cream blushက တစ်နေကုန် ကြာရှည်ခံစေပါတယ်။ ဒါပေမယ့် အခုမှ စသုံးမယ့်သူဆိုရင်တော့ Powder blush က ပိုအဆင်ပြေပါတယ်။

၇။ Liquid eyeliner

Liquid eyeliner နဲ့ gel eyeliner က ခဲတံနဲ့ဆွဲတဲ့ eyeliner တွေထက် ပိုပြီး ကြည်ရှည်ခံပါတယ်။ ခဲတံနဲ့ဆွဲတဲ့ eyeliner တွေမှာ ဖယောင်းပါတာကြောင့် လွယ်လွယ်ကူကူ ပျက်သွားပါတယ်။

၈။ နှုတ်ခမ်းနီ

အခုဖော်ပြမယ့် နှုတ်ခမ်းနီဆိုးနည်းက ပေသွားတာမဖြစ်တဲ့အပြင် နှုတ်ခမ်းကွဲခြောက်တာလည်း မဖြစ်စေပါဘူး။

- နှုတ်ခမ်းနီကို အရင်ဆိုးလိုက်ပြီး တစ်ရှူးစက္ကူနဲ့ နှုတ်ခမ်းကို တို့လိုက်ပါ။

- ပြီးရင် brush မှာ ပေါင်ဒါနည်းငယ်ထည့်ပြီး နှုတ်ခမ်းကို ခြယ်လိုက်ပါ။

- အဲဒီနောက်မှာမှ နှုတ်ခမ်းနီကို ထပ်ဆိုးပါ။ အဲဒီအခါ နှုတ်ခမ်းနီက တစ်နေကုန်နီးပါး ကြာရှည်ခံတာကို တွေ့ရမှာပါ။

၉။ Spray

မိတ်ကပ်လိမ်းပြီးနောက် spray ဖျန်းတာက မိတ်ကပ်ကို တစ်နေကုန် ကြာရှည်ခံစေပြီး တောက်ပနေစေပါတယ်။ အောက်ခံမိတ်ကပ် မလိမ်းခင်မှာ ဖျန်းပေးရင် အောက်ခံမိတ်ကပ်က ကြာရှည်ခံနေပါတယ်။

၁၀။ မျက်နှာကို မထိလိုက်ပါနဲံ။

မိတ်ကပ်လိမ်းပြီးနောက် မျက်နှာကို ခဏခဏထိနေရင် မိတ်ကပ်တွေ ပျက်သွားပြီး အဆီတွေလည်း ပျံ့နှံ့သွားမှာပါ။ လက်က ဘက်တီးရီးယားတွေကလည်း မျက်နှာပေါ် ရောက်သွားစေပါတယ်။

၁၁။ အဆီစုပ်တဲ့တစ်ရှူးလေးနဲ့ တို့ပေးပါ။

အဆီပြန်ပြီး မိတ်ကပ်က ကွက်လာရင် ပေါင်ဒါထပ်ဖို့လိုက်ရင် ထူပိန်းပိန်းနဲ့ မလှတော့ပါဘူး။ သင်က အဆီပြန်တတ်သူဆိုရင် အဆီစုပ်တဲ့ တစ်ရှူးလေးနဲ့ မျက်နှာကို လိုက်တို့ပေးပါ။

lovemedia

Post a Comment

0 Comments