အသားအရောင်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီကို ဘယ်လိုရွေးချယ်မလဲ

နှုတ်ခမ်းနီက အမျိုးသမီးတိုင်းနဲ့ မကင်းနိုင်တဲ့အရာပါပဲ။ ကျက်သရေရှိတဲ့အလှကို ရရှိဖို့ မိမိနဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းအရောင်ကို ရွေးချယ်နည်းက အဓိကပါပဲ။ အဲဒါကြောင့် မိမိနဲ့အလိုက်ဖက်ဆုံး နှုတ်ခမ်းနီအရောင်ကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Skintone

နှုတ်ခမ်းနီကို ရွေးချယ်တဲ့အခါ အရေပြားရဲ့အောက်က အရောင် skintone ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ Skintone ကို ခွဲခြားနိုင်မယ့် အလွယ်ဆုံးနည်းကတော့ ကိုယ့်ရဲ့လက်ကောက်ဝတ်နေရာကို ကြည့်ပါ။ သွေးကြောလေးတွေက အပြာရောင် သို့မဟုတ် ခရမ်းရောင်ဆိုရင် အသားဖြူသူပါ။

အပြာရောင် သို့မဟုတ် အစိမ်းရောင်နုသွေးကြောလေးတွေရှိမယ်ဆိုရင် ရွှေအိုရောင်အသားအရေပါ။ အစိမ်းရင့်ရောင် သို့မဟုတ် သံလွင်ဆီရောင်သွေးကြောလေးတွေ ရှိတယ်ဆိုရင်တော့ အသားညိုသူပါ။

၂။ အသားအရေ

- အသားလတ်သူ၊ အသားဖြူသူတွေအတွက် အကောင်းဆုံး နှုတ်ခမ်းနီအရောင်ကတော့ ပန်းရောင်ကို အခြေခံထားတဲ့ ရတ်စဘယ်ရီသီးအရောင်ပါ။ ဒီအရောင်က အသားလတ်သူတွေအတွက် မိန်းကလေးပိုဆန်တယ်လို့ ထင်ရစေတဲ့အရောင်ပါ။ ပြုံးလိုက်ရင်လည်း နှုတ်ခမ်းအလှကို ပိုတောက်ပစေတဲ့ အရောင်ပါပဲ။

- အသားဝင်းသူတွေအတွက် လိမ္မော်ရောင်ကို အခြေခံထားတဲ့ နှုတ်ခမ်းနီအရောင်တွေကို ရွေးချယ်သင့်ပါတယ်။ ဒီလိုနှုတ်ခမ်းနီတွေက အသားအရေတိုင်းနဲ့ မလိုက်ဖက်ပေမယ့် အသားဝင်းတဲ့သူတွေနဲ့တော့ လိုက်ဖက်ပါတယ်။ လိမ္မော်ရောင်နှုတ်ခမ်းနီက သင့်အသားအရေ လှတာကိုလည်း ထင်ပေါ်စေပါတယ်။

- ပုံမှန်အသားအရေ ရှိသူတွေက နေလောင်လွယ်တာတာကြောင့် ရာသီဥတုပေါ်မှာ မူတည်ပြီးတော့ နှုတ်ခမ်းနီအရောင်ကို ရွေးသင့်ပါတယ်။ နွေရာသီမှာ လိမ္မော်ရောင်ကို အခြေခံတဲ့အရောင်တွေကို ရွေးသင့်သလို နွေရာသီဆိုရင်တော့ အနီရောင်ကို အခြေခံတဲ့ နှုတ်ခမ်းနီရောင်တွေကို ရွေးချယ်ပါ။

- ရွှေရောင် အသားအရေရှိသူတွေကလည်း အသားအရေ နေလောင်လွယ်ပါတယ်။ အုတ်ခဲကျိုးရောင် နှုတ်ခမ်းနီတွေက ရွှေရောင်အသားအရေ ရှိသူတွေအတွက် ရွေးချယ်သင့်တဲ့ အရောင်တွေထဲက တစ်ရောင်ပါပဲ။

- ချယ်ရီသီးရောင် နှုတ်ခမ်းနီတွေက ညိုဝါရောင် အသားအရေပိုင်ရှင်တွေကြားမှာ ရေပန်းစားတဲ့ နှုတ်ခမ်းနီပါ။ သူ့အရောင်က အသားအရေကိုလည်း အရမ်းမညိုသွားစေဘဲ နှုတ်ခမ်းအလှကိုလည်း ပေါ်အောင် အရောင်တင်ပေးနိုင်ပါတယ်။

- အသားညိုသူတွေကတော့ အနီရောင်ကို အခြေခံထားတဲ့ နှုတ်ခမ်းနီတွေ အများကြီးကို ရွေးချယ်နိုင်တာကြောင့် တကယ်ကို ကံကောင်းတဲ့အသားအရေပါပဲ။ အသားညိုတဲ့သူတွေတိုင်း အနီရောင် နှုတ်ခမ်းဆိုးဆေးတွေနဲ့ မလိုက်ဖက်တာ မဟုတ်ပါဘူး။ အရောင်အတွဲအစပ်တွေက အများကြီးရှိတာကြောင့် နှုတ်ခမ်းနီရွေးချယ်တာမှန်ရင် သဘာဝဆန်ပြီး ကျက်သရေရှိတဲ့ အလှကိုပါ ဖြစ်ပေါ်စေမှာပါ။

- အသားပြာသူတွေအတွက်ကတော့ အပြာရောင်ကို အခြေခံထားတဲ့ အနီရောင်နှုတ်ခမ်းနီတွေ၊ မရမ်းရောင်နှုတ်ခမ်းနီတွေက အကောင်းဆုံးပါ။

၃။ ဘယ်အသားအရောင်အတွက်မဆို အဆင်ပြေတဲ့နည်း

နှုတ်ခမ်းနီက မိမိရဲ့အသားအရောင်နဲ့ မလိုက်ဖက်တာကို ဆိုးမိသွားရင်လည်း ကိစ္စမရှိပါဘူး။ နှုတ်ခမ်းပေါ်မှာ ပေါင်ဒါမှုန့်လေး အနည်းငယ် ပုတ်လိုက်ပါ။ အဲဒီအခါ နှုတ်ခမ်းနီက အရမ်းမရဲတော့ပါဘူး။ ဒီနည်းက ဘယ်အသားအရောင်အတွက်မဆို အဆင်ပြေတဲ့နည်းပါပဲ။

၄။ နှုတ်ခမ်းနီဆိုးတဲ့အခါ ညီညာစေမယ့်နည်းလမ်း

နှုတ်ခမ်းနီဆိုးတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုကတော့ ဆေးသားတွေက နှုတ်ခမ်းဘေးသားတွေကို ပေသွားတတ်တာပါ။ အဲဒီအခါ ဖျက်ဖို့လည်း မလွယ်တော့ပါဘူး။ ဒါပေမယ့် အောက်ကနည်းလမ်းလေးတွေကို သိထားရင်တော့ မခက်ခဲတော့ပါဘူး။

၁။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းဘေးလိုင်းလေးတွေကို အရင်ဆွဲပါ။

၂။ နှုတ်ခမ်းကို ဘေးဘက်ကို ဆွဲချပြီးမဆိုးဘဲ ဘေးဘက်ကနေ အလယ်ကို ဖြည်းဖြည်းချင်း ဆိုးသွားပါ။

၃။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းမှာ ခဲတံတစ်ချောင်းကို ကိုက်ထားပြီးမှ ဆိုးပါ။ အီဲဒအခါ နှုတ်ခမ်းနီတွေက သွားမှာ မပေကျံနေတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments