ရုံးမှာ တစ်နေကုန်ထိုင်တာ ဒါမှမဟုတ် ဒေါက်မြင့်ဖိနပ်စီးပြီး မတ်တပ်ရပ်တဲ့အခါ သင့်ခြေထောက်တွေ လေးလံပြီး ပင်ပန်းနွမ်းနယ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ခံစားနေရတာတွေကို ပျောက်သွားဖို့ အနှိပ်ခန်းတွေသွားပြီး တကူးတက သွားနှိပ်စရာ မလိုပါဘူး။ သက်သာသွားစေမယ့် အိမ်တွင်းနည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ဂေါ်ဖီရွက်
ဂေါ်ဖီထုပ်က သင့်အစာအိမ်ကို အစာခြေစနစ် ကောင်းမွန်စေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေပါတယ်။ တကယ်လို့ ခြေထောက်နာနေတယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ကို ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ ပြီးရင် ရောင်နေ၊ နာနေတဲ့နေရာတဝိုက်ကို အပြည့်ကပ်ထားပါ။ ဂေါ်ဖီထုပ်က ထွက်တဲ့ သဘာဝအရည်တွေက ရောင်ရမ်းမှုကို လျှော့ချပေးတာကြောင့် အလွယ်တကူ သက်သာနိုင်ပါတယ်။
၂။ အဝတ်အစား ပွပွတွေကိုပဲ ဝတ်ပါ။
သင်ဝတ်တဲ့ ဂျင်းဘောင်းဘီအကျပ်က သင့်ရဲ့ အလှကို ပေါ်လွင်စေပေမယ့် ရေရှည်မှာတော့ ခြေထောက်တွေကို ထိခိုက်လာနိုင်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေက သွေးကြောတွေကို ကျဉ်းစေပြီး ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ပြီးတော့ သွေးပြန်ကြောမှာလည်း သွေးကောင်းကောင်း မလျှောက်စေတော့ပါဘူး။
ဒါကြောင့် ခြေထောက်တွေ နာကျင်တာ လျော့ကျချင်တယ် ဆိုရင်တော့ ဘောင်းဘီတွေကို ပွတာပဲ ရွေးဝတ်ပါ။ သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး ဘောင်းဘီတွေက သင့်ကို စတိုင်လ်ကျလှပစေတဲ့အပြင် တစ်နေ့တာလုံး ခြေထောက်တွေကို နာကျင်စေမှာ မဟုတ်တော့ပါဘူး။
၃။ ခြေထောက်ကို မြှောက်ထားပါ။
တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး နေရတာက ခြေထောက်ကို သွေးကျစေပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တာနဲ့ ခုံတစ်ခုပေါ်ကိုပဲဖြစ်ဖြစ်၊ နံရံမှာပဲဖြစ်ဖြစ် ခြေထောက်ကို မြှောက်ထားလိုက်ပါ။ ဒီလိုမြှောက်ထားလိုက်တာက သွေးပြန်ကြောတွေကို အားကောင်းစေပါတယ်။ သွေးလည်ပတ်တာကိုလည်း ပုံမှန်ဖြစ်စေတဲ့အပြင် ခြေထောက်နာတာကိုလည်း သက်သာစေပါတယ်။
၄။ ရေကူးပါ။
ရေကူးတာက လူကို ကျန်းမာစေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ခြေဖဝါးတွေ ရောင်ရမ်းနေတယ် ဆိုရင်တော့ ရေကူးလိုက်တာ အကောင်းဆုံးပါပဲ။ ရေကူးလိုက်တာက သင့်ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေကို အကျိုးရှိစေပြီး ရောင်ရမ်းနေတဲ့ ခြေဖဝါးပေါ်က နာကျင်တဲ့ ဖိအားတွေကို ပေါ့ပါးစေပါတယ်။
၅။ ခြေအိတ်ရှည် ဝတ်ပါ။
တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ရင် သွေးစီးဆင်းမှုကို ထိခိုက်ပြီး ခြေထောက်ကို နာကျင်စေပါတယ်။ တကယ်လို့ ခြေအိတ်ရှည်တွေ အထဲမှာ ခံဝတ်လိုက်တယ်ဆိုရင်တော့ ဒီနာကျင်မှုတွေကို လျှော့ချနိုင်ပါတယ်။
၆။ ပဲငံပြာရည်ကို လျှော့စားပါ။
ပဲငံပြာရည်မှာ ဆားပါဝင်တာကြောင့် အလွန်အကျွံစားတာက သင့်ကို ဗိုက်အောင့်စေပြီး သင့်ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးမှာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အငန်လွန်ကဲတဲ့ အစားအစာတွေကို စားတဲ့အခါ သင့်ကျောက်ကပ်က ရေကို ထိန်းသိမ်းဖို့ ပိုကြိုးစားရမှာဖြစ်ပြီး လက်ဖဝါး၊ ခြေဖဝါးတွေ ဖောင်းလာနိုင်ပါတယ်။
၇။ ဘယ်ဖက်စောင်း အိပ်ပါ။
ဘယ်ဘက်စောင်းအိပ်တာက သင့်ခန္ဓာကိုယ်အောက်ပိုင်းကနေ နှလုံးဆီကို သွေးပြန်ပို့ဖို့ တာဝန်ရှိတဲ့ သွေးပြန်ကြောကြီးတွေရဲ့ ဖိအားကို ယူတာကြောင့် ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပါတယ်။ တကယ်လို့ မအိပ်တတ်ဘူး ဆိုရင်လည်း သင့်ခြေထောက်တွေကို အမြင့်တစ်ခုခုပေါ်ကို တင်ပြီးအိပ်တာက ရောင်ရမ်းခြင်းကနေ ကာကွယ်ပေးပါတယ်။
Zombie (lovemedia)
0 Comments