ဓာတုဆေးတွေမသုံးဘဲ အိမ်ထဲကို အင်းဆက်ပိုးမွှားတွေမဝင်အောင် တားဆီးနိုင်မယ့်နည်းလမ်း (၆) ခု

ပိုးမွှားတွေက သင့်အိမ်ထဲကို ဝင်ရောက်လာရင် စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ ဒါပေမယ့် သင်က ဓာတုဆေးတွေကို သုံးပြီးတော့ ပိုးမွှားတွေကို နှင်မထုတ်ချင်ဘူးဆိုရင် သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက လွယ်ကူပြီး ထိရောက်ပါတယ်။

၁။ အပင်

အပင်တွေက စိတ်ပျော်ရွှင်စေရုံက အောက်ဆီဂျင်တွေကိုလည်း ထုတ်ပေးပါတယ်။ နောက်ထပ် အကျိုးကျေးဇူးကတော့ အင်းဆက်ပိုးမွှားတွေရန်ကနေလည်း ကာကွယ်ပေးပါတယ်။

- လာဗင်ဒါ

- ပင်စိမ်း

- စမုန်ဖြူ

- ပူဒီနာ

- ရှောက်

- ထပ်တရာပန်း

- ဂန္ဓာမာပန်း စတဲ့အပင်တွေကို စိုက်ထားရင်အိမ်မှာ အင်းဆက်ပိုးမွှားတွေ လွယ်လွယ်နဲ့ ဝင်မလာတော့ပါဘူး။

၂။ သခွားသီး

သခွားသီးတွေကို ပါးပါးလေးလှီးပြီး ပိုးဟပ်တွေ ဝင်လာတတ်တဲ့ နေရာတွေမှာ ထားပါ။ သခွားသီးရဲ့ရနံ့ကြောင့် ပိုးဟပ်တွေ ပြေးသွားပါတယ်။ သခွားသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကိုလည်း ပိုးဟပ်တွေက မကြိုက်ပါဘူး။

၃။ မုန့်ဖုတ်ဆော်ဒါ

ပုရွက်ဆိတ်နဲ့ ပိုးဟတ်ကိုနှိမ်နင်းဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုန်ဆိုဒါက မှိုစွဲတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနဲ့ဖျော်ပြီး အင်းဆက်ပိုးမွှားတွေ ရှိနေတတ်တဲ့နေရာကို ဖျန်းပေးပါ။ နောက်ထက် နာရီဝက်လောက်နေရင် ရှာလကာရည်နဲ့ ရေကိုရောပြီး ထပ်ဖျန်းပါ။ ဒီနည်းက အရမ်းကို ထိရောက်ပြီး ပိုးမွှားတွေ ထွက်ပြေးသွားပါတယ်။

၄။ ထောင်ချောက်

ပလက်စတစ်ဘူးခွံလေးတွေကိုသုံးပြီး ထောင်ချောက်ပြုလုပ်လို့ရပါတယ်။ ရေသန့်ဘူးခွံကို ပုံမှာပြထားတဲ့အတိုင်း ပြုလုပ်ပါ။ ရေသန့်ဘူးခွံထဲကို ရေအနည်းငယ်နဲ့ ဆပ်ပြာအနည်းငယ် ထည့်ပါ။ ဒီနည်းက ဓာတုဆေးတွေနဲ့ မတည့်သူတွေအတွက် အသင့်တော်ဆုံးပါ။

၅။ သစ်ကြံပိုးမှုန့်

သင်က အင်းဆက်ပိုးမွှားတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုရင် သစ်ကြံပိုးမှုန့်က ကူညီပေးနိုင်ပါတယ်။ သစ်ကြံမှုန့်တွေကို အိမ်တွင်းအိမ်ပြင် ပိုးမွှားတွေ ရှိတတ်တဲ့နေရာမှာ ဖြူးထားလိုက်ပါ။ သစ်ကြံပိုးမှုန့်က ပိုးမွှားတွေကို နောက်ထပ်မလာအောင် လုပ်ပေးနိုင်ပါတယ်။

၆။ ရနံ့ဆီ

ရနံ့ဆီတွေက အိမ်တွင်းမှာ မွှေ့းပျံနေစေရုံမက ပိုးမွှားတွေ ဝင်မလာအောင်လည်း တားဆီးပေးပါတယ်။ ပက်ပါမင့်ဆီ ၁၅ စက်လောက်ကို ရေ ၂၅၀ မီလီလီတာနဲ့ရောပြီး ဖျန်းပါ။ လာဗင်ဒါရနံ့ဆီကိုလည်း အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments