တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် နည်းလမ်းတွေကို ငယ်စဉ်ကတည်းက မိဘတွေသာမက ကျောင်းတွေမှာလည်း သင်ကြားပေးကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းတွေက အရင်က သိခဲ့တာတွေနဲ့ လွဲနေတတ်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေးက ကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါသေးတယ်။ အဲဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ နည်းလမ်းတွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Panty liner ကို တစ်နေကုန်အသုံးပြုခြင်း
ကျွမ်းကျင်သူတွေက panty liner ကို တစ်နေကုန် အသုံးပြုဖို့အတွက် အကြံမပြုပါဘူး။ Panty liner တွေကို ၃ နာရီကနေ ၅ နာရီကြာခန့်ပဲ အသုံးပြုသင့်ပါတယ်။ Menstrual pad တွေကို ၄ နာရီတစ်ခါ လဲလှယ်သင့်ပြီး menstrual cup တွေကို ၄ နာရီကနေ ၆ နာရီခြားတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။
၂။ နားထိုးတံကို အသုံးပြုခြင်း
Q tip လို့ခေါ်တဲ့ နားထိုးတံနဲ့ သန့်ရှင်းရေးမလုပ်ဖို့ ဆရာဝန်တွေက အကြံပြုကြပါတယ်။ နားကို သန့်ရှင်းရေးလုပ်တဲ့ ဖယောင်းတိုင်ကလည်း ထိရောက်မှု မရှိဘဲ အနာတရ ဖြစ်စေတာမို့ အသုံးမပြုသင့်ကြောင်း ကျွမ်းကျင်သူတွေက လမ်းညွှန်ထားပါတယ်။
၃။ အရေပြားကို နေ့စဉ်ကြေးချွတ်ခြင်း
အရေပြားက ၆ ပတ်ကိုတစ်ကြိမ် အသစ်ပြန်ဖြစ်ပါတယ်။ အရေပြားကို နေ့စဉ်ကြေးချွတ် ပွတ်တိုက်တာက အသားအရေကို ခြောက်ပြီး ကြမ်းတမ်းလာစေပါတယ်။ ကြေးတွန်းတဲ့ရေမြှုပ်နဲ့ တစ်ပတ်ကို ၂ ကြိမ်ပဲ ကြေးတွန်းပေးသင့်ပါတယ်။
၄။ ဖိနပ်ခုံတွေကို မပြောင်းဘဲစီးခြင်း
Sneaker ထဲက ဖိနပ်ခုံတွေကို ၆ လတစ်ကြိမ်ခန့် လဲလှယ်ပေးသင့်ပါတယ်။ အသုံးပြုတာကြာပြီဖြစ်တဲ့ ဖိနပ်ခုံတွေက စီးတဲ့အခါ အဆင်မပြေတော့ပါဘူး။ ပြီးတော့ ဘက်တီးရီးယားတွေကြောင့် အနံ့အသက်ဆိုးတွေလည်း ထွက်လာပါတယ်။ sneaker တွေစီးတဲ့အခါ ခြေအိတ်ကို မဝတ်ဘဲစီးတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
၅။ ချိုင်းကို ကြေးမချွတ်ခြင်း
ခြေတွေလက်တွေကို ကြေးချွတ်ဖို့လိုသလို ချိုင်းနေရာကိုလည်း ကြေးချွတ်ပေးဖို့လိုပါတယ်။ Scrub တစ်ခုနဲ့ပွတ်တိုက်ပြီး ညင်ညင်သာသာ ကြေးချွတ်ပေးလို့ရပါတယ်။ သင်က အသားအရေ ထိလွယ်ရှလွဘ်သူဆိုရင် မျက်နှာသစ်ဆေးနဲ့ ကြေးချွတ်ပေးလို့ရပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ခန့် အသုံးပြုပေးလို့ ရပါတယ်။
၆။ မျက်နှာမှာ ဘက်တီးရီးယား ကာကွယ်ပေးတဲ့ဆပ်ပြာကို အသုံးပြုခြင်း
မျက်နှာမှာ ဘက်တီးရီးယား ကာကွယ်ပေးတဲ့ ဆပ်ပြာကို အသုံးပြုတဲ့အခါ အသားအရေက ခြောက်ပြီး ကြမ်းတမ်းလာပါတယ်။ ဆပ်ပြာမှာပါဝင်တဲ့ ပစ္စည်းတွေက မျက်နှာပေါ်က ရေဓာတ်ဖြည့်အဆီတွေကို ဖယ်ရှားသလို ဖြစ်သွားစေလို့ပါ။
၇။ ဘက်တီးရီးယား ကာကွယ်ပေးတဲ့ဆပ်ပြာနဲ့ နေ့စဉ်လက်ဆေးခြင်း
ဘက်တီးရီးယား ကာကွယ်ပေးတဲ့ဆပ်ပြာမှာပါတဲ့ ပါဝင်ပစ္စည်းတွေက နေ့စဉ်သုံးရင် စိတ်ချရကြောင်း ထုတ်လုပ်သူတွေက သက်သေ မပြရသေးပါဘူး။ တကယ်တော့ ရိုးရိုးဆပ်ပြာကလည်း ဘက်တီးရီးယားတွေကို နိုင်နင်းပါတယ်။
၈။ သွားတိုက်တဲ့အခါ ဖိတိုက်ခြင်း
သွားတိုက်တဲ့အခါ ၂ မိနစ်ထက်ပိုပြီး ဖိတိုက်တိုင်းလည်း မပြောင်စင်ပါဘူး။ သွားကို ဖိပြီးတိုက်တာက ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments