လတ်ဆတ်တဲ့ အသားနဲ့ငါးကို ဝယ်တဲ့အခါ အလွယ်ဆုံးရွေးချယ်နည်း (၉) မျိုး

အသက်ရှည်ကျန်းမာဖို့အတွက် လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာက အရမ်းကို အရေးပါပါတယ်။ သက်တမ်းလွန်တဲ့ အစားအစာတွေနဲ့ လတ်ဆတ်တဲ့ အစားအစာတွေက ဈေးဆိုင်တွေမှာ ရောနေတတ်ပါတယ်။

အဲဒါကြောင့် လတ်ဆတ်တဲ့ အစားအစာကို လွယ်လွယ်ကူကူ ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ငါး

လတ်ဆတ်တဲ့ငါးတွေမှာ ငါးညှီနံ့က ဘယ်တော့မှ မပြင်းပါဘူး။ သာမန်ငါးညှီနံ့လောက်သာ ရှိပါတယ်။ လတ်ဆတ်တဲ့ငါးမှာ ပါးဟပ်က အနီရောင် သို့မဟုတ် ပန်းရောင်ရှိပတယ်။ လတ်ဆတ်တဲ့ငါးကို ၂ ရက်အတွင်း စားရင်တော့ အကောင်းဆုံးပါပဲ။ အေးခဲထားတဲ့ ငါးတွေကတော့ ရက်ပေါင်းများစွာ အထားခံပါတယ်။ ဒါပေမယ့် လတ်ဆတ်တဲ့ငါးနဲ့ ရေခဲရိုက်ငါးက အရသာမှာ အရမ်းကွာခြားသွားပါတယ်။

၂။ အသား

အသားကို လတ်ဆတ်လား သိစေဖို့ အရောင်၊ အနံ့၊ အသားကို ကိုင်လိုက်တဲ့အခါ ခံစားမှု စတဲ့အချက်တွေ အဓိကပါ။ လတ်ဆတ်တဲ့အသားက ဖိလိုက်တဲ့အခါမှာ ချိုင့်ခွက်မဖြစ်သွားဘဲ မူလအနေအထားအတိုင်း ပြန်ဖြစ်ပါတယ်။ ဖိလိုက်တဲ့အခါ ဖိတဲ့အရာအတိုင်း ကျန်နေပြီး အသားက ပျော့နေရင်၊ ညှီနံ့က အရမ်းထွက်နေရင် မဝယ်သင့်တော့တဲ့ အသားပါပဲ။

၃။ နွားနို့

လတ်ဆတ်တဲ့ နွားနို့ဖြစ်ဖို့ အနံ့၊ အရောင်၊ အရသာကို ကြည့်ရင်သိနိုင်ပါတယ်။ နွားနို့ဝယ်တဲ့အခါ အဖြူစွတ်စွတ်ဆိုရင် မလတ်ဆတ်တော့ပါဘူး။ လတ်ဆတ်တဲ့နွားနို့မှာ အဖြူရောင်ထဲမှာ ဝါကြင့်ကြင့်အရောင် ရောနေတတ်ပါတယ်။

၄။ ကောက်နှံပင်မှရသော အစားအစာများ

ကောင်နှံပင်ကနေ ရတဲ့အစားအစာတွေမှာ ကိုယ်ပိုင်သက်တမ်းတွေ ရှိကြပါတယ်။ ပြောင်းဖူး၊ ဂျုံ၊ ဆန်၊ အုတ်ဂျုံတွေကို ရေခဲသေတ္တာထဲမှာ ထားရင်တောင် ၅ လလောက်အထိပဲ လတ်ဆတ်တာပါ။ အခန်းအပူချိန်မှာထားရင် တစ်လလောက်ဆိုရင် မလတ်ဆတ်တော့ပါဘူး။

၅။ ခရမ်းသီး

အသီးအနှံတွေကို ဝယ်တဲ့အခါ အပြင်ပန်းပုံစံကို ကြည့်ရုံနဲ့ လတ်ဆတ်လား ဆိုတာကို သိနိုင်ပါတယ်။ ခရမ်းသီးကိုဝယ်တဲ့ အခါမှာတော့ သူ့ရဲ့အညှာကို ကြည့်လိုက်လို့ရပါတယ်။ အညှာက အစိမ်းရောင်ဖြစ်မနေဘဲ အညိုရောင်ဖြစ်နေရင် မဝယ်သင့်ပါဘူး။

၆။ ထောပတ်

ထောပတ်ကို ရေခဲသေတ္တာထဲမှာ ထားရင် လနဲ့ချီပြီး အထားခံပါတယ်။ ထောပတ်ရဲ့ အပြင်အရောင်နဲ့ အတွင်းအရောင်က အတူတူဆိုရင် လတ်ဆတ်ပြီး စားဖို့သင့်တော်တဲ့ ထောပတ်ပါ။ ထောပတ်ရဲ့ အတွင်းအရောင်က အပြင်အရောင်ထက် ဖျော့နေရင် မလတ်ဆတ်တော့ပါဘူး။

၇။ တည်သီး

တည်သီးကို ဝယ်တဲ့အခါ လိမ္မော်ရောင်အရင့် သို့မဟုတ် အနီရောင်ရှိတဲ့အသီးကို ရွေးချယ်သင့်ပါတယ်။ အသီးပေါ်မှာ အမည်းရောင် အစက်အပြောက်လေးတွေက အမြဲတမ်းပါလေ့ ရှိပါတယ်။ မှည့်နေတဲ့တည်သီးရဲ့ အသားကို ထိလိုက်တာနဲ့ အထဲကိုနစ်ဝင်မတတ် နူးညံ့ပါတယ်။

၈။ ကမာ

ကမာကောင် လတ်ဆတ်လား ဆိုတာကို အရောင်နဲ့ အနံ့ကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ လတ်ဆတ်တဲ့ ကမာကောင်က အရည်ရွှန်းပြီး အညိုရောင် ရှိပါတယ်။ စားဖို့မသင့်တော်တဲ့ ကမာကောင်တွေက ခြောက်သွေ့ပြီး ဖြူနေတတ်ပါတယ်။ အနံ့ကလည်း ငါးညှီနံ့ထွက်နေတတ်ပါတယ်။

၉။ ငါးဥဆားနယ်

ငါးဥဆားနယ်ကို လတ်ဆတ်လားဆိုတာ သိနိုင်ဖို့ အလွယ်ဆုံးနည်းကတော့ အနံ့ခံကြည့်တာပါ။ လတ်ဆတ်တဲ့ ငါးဥဆားနယ်က အနံ့မရှိပါဘူး။ မကောင်းတော့တဲ့ ငါးဥဆားနယ်ကတော့ ငါးညှီနံ့ရတတ်ပါတယ်။ နောက်တစ်နည်းကတော့ ငါးဥဆားနယ်ပေါ်ကို ရေလောင်းချလိုက်ပါ။ လတ်ဆတ်တယ်ဆိုရင် ရေတွေက စိမ့်ဝင်သွားပြီး မလတ်ဆတ်တဲ့ ငါးဥဆားနယ်ကတော့ အပေါ်ယံမှာ ရေတွေ တင်ကျန်ရစ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments