Golw skin ကို ရဖို့က မိန်းကလေးတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် skincare နည်းမမှန်ကန်တဲ့အခါ မျက်နှာကို ဘယ်လောက်ပဲ ဂရုစိုက်စိုက် ကြည်တောက်ရှင်းတဲ့ အသားအရေကို ရလာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လှပတဲ့ မျက်နှာအသားအရေအတွက် skincare နည်းအဆင့်ဆင့်ကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Double cleansing

skincare တော့မယ်ဆိုရင် မျက်နှာကို မဖြစ်မနေ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ မျက်နှာပေါ်က မိတ်ကပ်နဲ့ sunscreen တွေကို အရင်ဆုံး သန့်ရှင်းရေးလုပ်ပါ။ အဲဒီနောက် cleansing oil အနည်းငယ်ကို လက်ထဲမှာထည့်ပြီး မျက်နှာမှာ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။

ပြီးနောက် ရေနွေးနဲ့ မျက်နှာသစ်ပြီး ပုဝါစနုနုလေးနဲ့ မျက်နှာကို ခြောက်သွေ့အောင်သုတ်ပါ။ နောက်တစ်ဆင့်မှာတော့ မျက်နှာက‌ ချွေး၊ ဆဲလ်သေတွေကို ဖယ်ရှားဖို့ water-based cleanser ကို အသုံးပြုပါ။ water-based cleanser တွေက နို့၊ ဂျယ်လ်၊ mincellar water ဆိုပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ပါတယ်။ water-based cleanser နဲ့ မျက်နှာသစ်ပြီးတဲ့အခါ ရေနွေးနဲ့ဆေးချပြီး ပုဝါစနဲ့ မျက်နှာကို သုတ်လိုက်ပါ။

၂။ Exfoliator

မျက်နှာက ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် exfoliator က လိုအပ်ပါတယ်။ ဒါပေမယ့် နေတိုင်းမှာတော့ ဒီအဆင့်ကို အသုံးမပြုလည်း ရပါတယ်။ မျက်နှာအသားအရေပေါ် မူတည်ပြီး တစ်ပတ်ကို တစ်ခါ သို့မဟုတ် နှစ်ခါခန့် လုပ်ပေးရင် ရပါပြီ။

Exfoliator ကို ပုံမှန်လုပ်ပေးတဲ့အခါ skincare တဲ့ အာနိသင်က ပိုပြီးထိရောက်ပါတယ်။ Exfoliator ထဲမှာ Chemical peeling က ဂျယ်လ်လိုပုံစံနဲ့ လာပါတယ်။ Peeling လုပ်တဲ့အခါ အမဲစက်တွေ၊ အမာရွတ်တွေလည်း ပါးပါးသွားတာကို တွေ့ရမှာပါ။

၃။ Cleansing masks

ရွှံ့နဲ့လုပ်ထားတဲ့ mask က ချွေးပေါက်တွေထဲအထိ သန့်စင်ပေးပါတယ်။ ဒီအဆင့်က နေ့စဉ်လုပ်ပေးဖို့ မလိုပါဘူး။ တစ်ပတ်ကို နှစ်ခါခန့် လုပ်ပေးရင် လုံလောက်ပါတယ်။ မျက်နှာအသားအရေပေါ်မူတည်ပြီး mask တွေကို ရွေးချယ်သင့်ပါတယ်။

၄။ တိုနာ

skincare တဲ့အခါ တိုနာက မဖြစ်မနေသုံးကို သုံးရမှာပါ။ တိုနာက ချွေးပေါက်ကျယ်တာတွေကို သေးသွားစေရုံမက အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ အသားအရေရဲ့ pH ကိုလည်း ထိန်းညှိပေးပါတယ်။ တိုနာကို မနက်ရော ညပါ အသုံးပြုသင့်ပါတယ်။

၅။ ရေဓာတ်ဖြည့် mask

ရေဓာတ်ဖြည့် mask ကိုတော့ နေ့စဉ်အသုံးပြုစရာ မလိုပါဘူး။ တစ်ပတ်ကို တစ်ခါ သို့မဟုတ် နှစ်ခါဆိုရင် ရပါပြီ။ ရေဓာတ်ဖြည့် mask ကို ဂျယ်လ်၊ lotions ပုံစံတွေနဲ့ ထုတ်လုပ်ကြပါတယ်။ အထုပ်မှာရေးထားတဲ့ အညွှန်းအတိုင်း အသုံးပြုသင့်ပြီး သတ်မှတ်ထားတဲ့အချိန်ထက် ပိုပြီး မကပ်ထားသင့်ပါဘူး။

၆။ Essence

Essence က မျက်နှာအသားအရေအတွက် အများကြီး အကျိုးရှိစေပါတယ်။ အသားအရေအတွင်းထဲအထိ ရေဓာတ်ဖြည့်ပေးတာကြောင့် အရေးအကြောင်းတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ Essence ကို မနက်ပိုင်းရော ညပိုင်းမှာပါ အသုံးပြုနိုင်ပါတယ်။

၇။ Serum

Serum က မျက်နှာအသားအရေရဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။ အဲဒါကြောင့် မိမိအသားအရေမှာ လိုအပ်နေတဲ့အရာပေါ် မူတည်ပြီးမှ Serum ကို ရွေးချယ်သင့်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ serum၊ အသားအရေတင်းရင်းစေတဲ့ serum၊ အရေးအကြောင်းတွေကို လျော့ပါးစေတဲ့ serum၊ ဝက်ခြံအတွက် serum ဆိုပြီး အသားအရေအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုပါ။ serum ကို လည်း မနက်ရောညမှာပါ အသုံးပြုနိုင်ပါတယ်။

၈။ Eye cream

မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကို ကာကွယ်ဖို့ eye cream ကို အသုံးပြုသင့်ပါတယ်။ Eye cream က မျက်လုံးအောက်က ညိုမည်းတာတွေကို မှေးမှိန်သွားစေပါတယ်။ တစ်နေ့ကို နှစ်ကြိမ် လိမ်းပေးလို့ ရပါတယ်။

၉။ Moisturizer

skincare သူတိုင်းအတွက် မရှိမဖြစ် လိုအပ်တာကတော့ moisturizer ပါ။ မိမိရဲ့အသားအရေ အမျိုးအစားပေါ်မူတည်ပြီး moisturizer ကို ရွေးချယ်နိုင်ပါတယ်။ Moisturizer ကို skincare တဲ့အခါတိုင်းမှာ ထည့်သွင်းသုံးသင့်ပါတယ်။ မျက်နှာကို ရေဓာတ်ဖြည့်ပြီး စိုစိုဝင်းဝင်းလေး ဖြစ်နေစေမှာပါ။

၁၀။ Sunscreen

မိန်းကလေးတိုင်းအတွက် မရှိမဖြစ် အလှအပပစ္စည်း တစ်ခုကတော့ sunscreen ပါ။ Sunscreen ကို နေ့စဉ်အသုံးပြုရမှာပါ။ နေသာတဲ့ နေ့တွေသာမက မိုးအုံ့တဲ့နေ့တွေမှာပါ sunscreen ကို သုံးနိုင်ပါတယ်။ Sunscreen ကို လိမ်းပေးခြင်းဖြင့် အမည်းစက်တွေနဲ့ အရေးအကြောင်းတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ မနက်ခင်း အပြင်မသွားခင်တိုင်းမှာ sunscreen ကို လိမ်းပေးပါ။

Zombie (lovemedia)