မိတ်ကပ်ကို လူတစ်ယောက်ကို အခြားတစ်ယောက်လို့ ထင်ရလောက်အောင် ကူညီပေးနိုင်ပါတယ်။ မျက်လုံးမှေးနေသူကို မျက်လုံးမှေးတယ်လို့ မထင်ရစေမယ့် မိတ်ကပ်လိမ်းခြယ်နည်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အဆင့် ၁
မိတ်ကပ်ကို စမလိမ်းခင်မှာ eye cream ကို လိမ်းပါ။ Eye cream က မျက်လုံးတစ်ဝိုက်က အသားအရေကို ရေဓာတ်ဖြည့်ပြီး concealer လိမ်းဖို့လည်း အသင့်ဖြစ်စေသွားပါတယ်။ ဒါ့အပြင် အချို့ eye cream တွေက မျက်လုံးတစ်ဝိုက်ကို တောက်ပသွားစေပါတယ်။
အဆင့် ၂
ဒီအဆင့်မှာတော့ မျက်လုံးအောက်က မျက်ကွင်းညိုတာတွေကို ပျောက်စေဖို့ လိမ်းခြယ်ရမှာပါ။ မျက်ကွင်းညိုတာကြောင့် မျက်လုံးမှေးတယ်လို့ ထင်ရစေပါတယ်။ မျက်ကွင်းညိုတာကို ဖုံးပေနိုင်မယ့် concealer ကို မျက်လုံးအောက်တစ်ဝိုက်မှာ တြိဂံပုံစံလိမ်းပါ။
အဆင့် ၃
မျက်လုံးကို ပိုလှသွားစေဖို့ eyeshadow ကို ခြယ်သပါ။ Eyeshadow ကို လိမ်းခြယ်တဲ့အခါ မျက်ရိုးနားကို ကပ်ပြီးလိမ်းခြယ်တာက မျက်ခွံတွဲကျသူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
အဆင့် ၄
သင်ရွေးချယ်တဲ့ eyeshadow အရောင်ပေါ် မူတည်ပြီး မျက်လုံးကို ကြီးတယ်လို့ ထင်ရစေသလို သေးတယ်လို့လည်း ထင်ရစေပါတယ်။ မျက်ရစ်အလယ်နားကို အရောင်နုတဲ့ eyeshadow သုံးတာက မျက်ဝန်းကို ပိုထင်ပေါ်စေပါတယ်။
အဆင့် ၅
မျက်ရစ်အပေါ်ဘက်နဲ့ အောက်ဘက်ကို အဖြူရောင် eye pencil သို့မဟုတ် အရောင်ဖျော့တဲ့ eye pencil နဲ့ ခြယ်သတာက မျက်လုံးကို ဝိုင်းစက်လှပတယ်လို့ ထင်ရစေတဲ့ တကယ့်သော့ချက်ပါပဲ။ မျက်ရစ်အပေါ်ဘက်နဲ့ အောက်ဘက်နေရာကို အညိုရောင် သို့မဟုတ် အနက်ရောင် liner ခြယ်လိုက်ရင်တော့ လှတော့မှာ မဟုတ်ပါဘူး။
အဆင့် ၆
မျက်လုံးတစ်ဝိုက် အရောင်တောက်ပနေဖို့ မျက်လုံးထောင့်နေရာနားမှာ တလက်လက်တောက်ပတဲ့ အရောင်ကို ခြယ်သပါ။ ဒီနည်းက သင့်ကို ဘယ်ဘက်ကနေ ကြည့်ကြည့် မျက်လုံးလေးတွေက တောက်ပနေတယ်လို့ ထင်ရစေအောင် ကူညီပေးတဲ့ အဓိကအချက်ပါပဲ။
အဆင့် ၇
နောက်ဆုံးအဆင့်ကတော့ မျက်တောင်ပါ။ မျက်တောင်ကော့တဲ့ ကိရိယာနဲ့ မျက်တောင်ကို ကော့လိုက်ပြီးနောက် အပေါ်မျက်တောင်ရော အောက်မျက်တောင်ကိုပါ mascara ခြယ်လိုက်ပါ။ ဒါမှမဟုတ် မျက်တောင်တုကိုလည်း ရွေးချယ်နိုင်ပါတယ်။
အဆင့် ၈
မျက်ခုံးအတွက်လည်း မေ့လို့မဖြစ်ပါဘူးနော်။ လခြမ်းပုံစံမျက်ခုံးက မျက်လုံးကို ဝိုင်းစက်လှပတယ်လို့ ထင်ရစေပါတယ်။ မျက်ခုံးကို ဆွဲတဲ့အခါ မျက်ခုံးဆွဲတဲ့ gel က ရွေးချယ်ဖို့အကောင်းဆုံးပါပဲ။
lovemedia
0 Comments