ခဏခဏမျက်ခမ်းလှုပ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

မျက်ခမ်းလှုပ်တာကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြပါတယ်။ မျက်ခမ်းလှုပ်ရင် မကောင်းတဲ့အရာတွေ ကြုံတွေ့ရတတ်တယ်လို့ အချို့တွေက အယူအဆ ရှိကြပါတယ်။ တကယ်တော့ မျက်ခမ်းလှုပ်ရတဲ့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။

ဆေးပညာရှင်တွေရဲ့ အဆိုအရ မျက်ခမ်းလှုပ်တာကို palpebral myokymin လို့ သိကြပါတယ်။ မျက်ခမ်းလှုပ်တာက ဆက်တိုက်လှုပ်တာဖြစ်ပြီး မျက်လုံးက Muller ကြွက်သားမှာ လှုပ်တာဖြစ်ပါတယ်။

မျက်ခမ်းလှုပ်တာကို အချိန်မရွေး ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခါ လှုပ်ပါတယ်။

မျက်ခမ်းလှုပ်တာကို ရှောင်နိုင်ဖို့ အိပ်ရေးဝဝ အိပ်တာ၊ သင့်တင့်မျှတတဲ့ အာဟာရကိုစားသုံးတာ၊ အားကစားလုပ်တာတွေက အသင့်တော်ဆုံးပါ။

မျက်ခမ်းလှုပ်ရတဲ့ အကြောင်းအရင်းများ

မျက်ခမ်းလှုပ်ရတဲ့ အကြောင်းအရင်း အတိအကျ မရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်သူတွေမှာလည်း မျက်ခမ်းလှုပ်တာ ကြုံတွေ့ရပါတယ်။

- အားနည်းတာ

- စိတ်ပူပန်တာ

- စိတ်ဖိစီးမှုများတာ

- ခန္ဓာကိုယ်မှာ အားအင်အရမ်းသုံးတာ

- ကာဖိန်းဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးတာ

စတဲ့ အကြောင်းအရင်းတွေကြောင့် မျက်ခမ်းလှုပ်ပါတယ်။ ဒါ့အပြင်

- topiramate,clozapine,flunarizine ပါဝင်တဲ့ဆေးတွေကို သောက်သုံးတာ

- အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု၊ စကားပြောဆိုမှု ထိန်းမနိုင် ဖြစ်သောရောဂါ

- ကိုယ်ခံအားစနစ်နဲ့ သက်ဆိုင်တဲ့ရောဂါတွေကြောင့်လည်း မျက်ခမ်းဆက်တိုက်လှုပ် ဖြစ်လေ့ရှိပါတယ်။

အခြားအကြောဆွဲခြင်း အမျိုးအစားများ

မျက်ခမ်းလှုပ်ပြီး အကြောဆွဲတာကို တစ်ခါတရံမှာ စက္ကန့်ပိုင်းကနေ နာရီပိုင်းအထိ ကြာမြင့်တတ်ပါတယ်။ အဲဒါကို blepharospasm လို့ ခေါ်ကြပါတယ်။ myokymin နဲ့မတူတာကတော့ blepharospasm ဟာ မျက်ခွံနဲ့ နီးနီးကပ်ကပ် လှုပ်တတ်ပြီး အမြင်အာရုံကို လုံးဝကွယ်ပျောက်သွားတာမျိုး ဖြစ်စေပါတယ်။

အကြောဆွဲတာက မျက်နှာကြွက်သားတွေအပေါ် သက်ရောက်မှု ရှိစေပါတယ်။ နေ့စဉ်လှုပ်ရှားမှုမျိုးဖြစ်တဲ့ လှေကားတက်တာ၊ ကားမောင်းတာ၊ အလုပ်လုပ်တာ စတဲ့အရာတွေမှာ အခက်အခဲတွေ ဖြစ်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments