တစ်ခါတရံမှာ မှိုတက်နေတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဆန်းဝှစ်ချ်တွေကို သတိမထားမိလိုက်ဘဲ စားမိလိုက်တာမျိုးကို သင် ကြုံဖူးမှာပါ။ မှိုတက်နေတဲ့ အစားအစာကို တစ်ကိုက်နှစ်ကိုက်လောက် စားမိပြီးသွားရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်လာနိုင်မလဲ ဆိုတာကို သင် စိတ်ပူနေပါလိမ့်မယ်။
အဲဒါကြောင့် မှိုတက်နေတဲ့ အစားအစာကို သတိမထားမိဘဲ စားမိသွားရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အချို့သောမှိုတွေက အသည်းကို ထိခိုက်စေပါတယ်။
အစားအစာတွေပေါ်မှာ ရှိနေတတ်တဲ့ အချို့မှိုတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲဒီ အဆိပ်အတောက်တွေကြောင့် အသည်းကို ထိခိုက်တာ၊ အန်တာ၊ မူးတာ၊ ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်ပေါ်မှာလည်း မူတည်ပါသေးတယ်။
ဒါပေမယ့် အစားအစာသောက်တွေပေါ်မှာ ရှိတတ်တဲ့မှိုတိုင်းက အဆိပ်အတောက်ကို မထိခိုက်စေပါဘူး။ ဒါပေမယ့် ပြောင်းဖူးနဲ့ ထောပတ်တွေအပေါ်မှာ မှိုတွေ ရှိနေရင်တော့ အထူးသတိထားသင့်ပါတယ်။
မှိုတွေထဲမှာရှိနေတဲ့ ဘက်တီးရီဘားတွေက အစာအဆိပ် ဖြစ်စေပါတယ်။
မှိုတိုင်းက အန္တရာယ်မရှိပေမယ့် မှိုတွေမှာထဲမှာ ရှိနေတတ်တဲ့ ဘက်တီးရီးယားတွေကြောင့်တော့ အန္တရာယ် ဖြစ်စေပါတယ်။ အဲဒီဘက်တီးရီးယားတွေကြောင့် အန်တာ၊ ဝမ်းလျှောတာ၊ မူးနောက်တာ စတဲ့အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ မှိုတက်နေတဲ့ အစားအစာကို ဘယ်လောက်များများ စားမိလိုက်လဲ ဆိုတာပေါ်မှာလည်း မူတည်ပါသေးတယ်။
မှိုနဲ့ဓာတ်မတည့်မှုလည်း ဖြစ်စေပါတယ်။
အချို့တွေက အစားအစာတွေပေါ်က မှိုတွေနဲ့ ဓာတ်မတည့်တာကို ကြုံရလေ့ရှိပါတယ်။ သင်က ထိလွယ်ရှလွယ်သူဆိုရင် မှိုတက်နေတဲ့ အစားအစာတွေကို ဝေးဝေးရှောင်သင့်ပါတယ်။ သတိမထားမိဘဲ စားမိသွားရင် ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။ မှိုနဲ့ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့
- ယားယံတာ
- မျက်ရည်ကျလာတာ
- အင်ပြင်တွေ ထလာတာ
- ခက်ခက်ခဲခဲအသက်ရှူရတာ
- နှာရည်တွေ ယိုကျလာတာတို့ပဲ ဖြစ်ပါတယ်။
အချို့အစားအစာထဲမှာပါတဲ့ မှိုတွေကို အစာအိမ်က လွယ်လွယ်ကူကူ အစာချေပေးနိုင်ပါတယ်။
ချိစ်တွေမှာ အသုံးပြုတဲ့မှိုတွေက စားဖို့ သင့်တော်ပါတယ်။ Gorgonzola နဲ့ Roquefort တို့လိုချိစ်တွေမှာ မှိုမျိုးမှုန်လေးတွေ အနည်းငယ်ထည့်ပြီး ပြုလုပ်ပါတယ်။ ဒါပေမယ့် သင်က မှိုတွေနဲ့ ဓာတ်မတည့်သူဆိုရင် ဒီလိုချိစ်တွေကိုတောင် မစားသင့်ပါဘူး။
Bonus
မှိုတက်ပေမယ့် စားလို့ရတဲ့ အစားအစာများ
- အမဲသားအူချောင်း၊ ဝက်အူချောင်း
- မှိုမျိုးမှုန်ထည့်ပြီး ပြုလုပ်ထားတဲ့ ချိစ်များ
မှိုတက်နေပြီး မစားသင့်တဲ့ အစားအစာများ
- ဟော့ဒေါ့နဲ့ ဝက်ဆားနယ်ခြောက်
- မှိုတက်နေတဲ့ အသားများ
- ဒိန်ချဉ်နဲ့ ခရင်မ်များ
- ယိုများ
- အစေ့အဆံများ၊ မြေပဲထောပတ်ယို
- ပေါင်မှုန့်နဲ့ ဖုတ်ထားသော အစားအစာများ တို့ပဲ ဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments