အစားစားပြီးတိုင်း ကော်ဖီသောက်တဲ့အခါ ခန္ဓာကိုယ်ကျန်းမာရေး ဖြစ်လာမယ့်အချက် (၄) ချက်

သင်ဟာ မနက်စာစားပြီးတိုင်း ကော်ဖီသောက်တတ်တဲ့အကျင့်ရှိသူ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ မနက်ခင်းပိုင်းမှာ ကော်ဖီသောက်တာက တစ်နေ့တာလုံးကို လန်းဆန်းနေစေပါတယ်။ ဒါပေမယ့် အစားအစာစားပြီးတိုင်း ကော်ဖီသောက်တာက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁။ အသားအရေ ခြောက်လာခြင်း

မနက်ခင်းမှာ ကော်ဖီတစ်မျိုးတည်းသောက်တာက အရမ်းကို အဆင်ပြေပါတယ်။ ဒါပေမယ့် မနက်စာ စားပြီးတဲ့အချိန် ကော်ဖီသောက်ရင် စားလိုက်တဲ့ အာဟာရတွေက ခန္ဓာကိုယ်ဆီကို မရောက်တော့ပါဘူး။ ကော်ဖီက သံဓာတ်တွေကို စုပ်ယူထားလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ သံဓာတ်လုံလုံလောက်လောက်မရရင် အသားအရေကို လာထိခိုက်ပါတယ်။ အစားစားပြီးတိုင်း ကော်ဖီချက်ချင်းသောက်သူတွေမှာ အသားရေဖြူဖျော့တာ၊ ခြောက်သွေ့တာကို ခံစားရတတ်ပါတယ်။

၂။ သွားကို ထိခိုက်စေခြင်း

အစားစားပြီးချိန်မှာ ကော်ဖီသောက်လိုက်ရင် ခန္ဓာကိုယ်က အာဟာရစုပ်ယူနိုင်မှုနှုန်းက လျော့နည်းသွားပါတယ်။ အထူးသဖြင့် ကယ်လမ်ဆီယမ်တွေ စုပ်ယူနိုင်မှုလျော့နည်းသွားပါတယ်။ ကော်ဖီများများ သောက်သူတွေက ကယ်လမ်ဆီယမ်ဓာတ်တွေ နည်းလာပြီး အရိုးနဲ့ သွားမှာ ပြဿနာတွေ ဖြစ်လာစေပါတယ်။ နောက်ပိုင်းမှာတော့ သွားဖုံးတွေကိုပါ နာကျင်လာစေပါတယ်။

၃။ မကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တက်လာစေခြင်း

ပေါင်မုန့်မှာ ထောပတ်သုတ်ပြီး ကော်ဖီနဲ့ တွဲစားရတာ အရမ်းကို အရသာရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ လုံးဝကို မကောင်းပါဘူး။ ခန္ဓာကိုယ်မှာ မကောင်းတဲ့ ကိုလက်စထရောတွေ ပိုစုလာစေပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ ပိုများလာရင် နှလုံးကျန်းမာရေးကို ထိပါးလာစေပါတယ်။

၄။ ဆံပင်

နေ့စဉ်အစားသောက်က အာဟာရညီမျှပေမယ့် အစားစားပြီးတိုင်း ကော်ဖီသောက်နေရင်တော့ ခန္ဓာကိုယ်အတွက် အကျိုးမထူးလာနိုင်ပါဘူး။ အစားစားပြီးတိုင်း ကော်ဖီသောက်ရင် စားလိုက်တဲ့အာဟာရတွေက ခန္ဓာကိုယ်ဆီကို အကုန်မရောက်ပါဘူး။

ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့လာတဲ့အခါ သွေးထဲကို အောက်ဆီဂျင်ရောက်ဖို့ ခက်ခဲလာပါတယ်။ အဲဒါကြောင့် ဆံပင်အရှည် မြန်ချင်သူတွေအတွက် အဟန့်အတားတစ်ခု ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်လာစေပြီး ဆံပင်တွေလည်း အရမ်းကျွတ်လာတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments