စိန်အစစ်နဲ့အတုကို အလွယ်ကူဆုံးခွဲခြားနည်း (၄) ခု

စိန်တွေက အရမ်းကို တန်ဖိုးကြီးပြီးတော့ ဈေးလည်း ကောင်းလှပါတယ်။ ဝတ်တိုင်းလည်း တင့်တယ်သလို ရိုးသွားတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ဒီလို တန်ဖိုးကြီးနေတာကြောင့် ဝယ်တဲ့အချိန် အတုမမိအောင် ဘယ်လိုခွဲခြားမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ ရေနဲ့ စမ်းခြင်း

ဖန်ခွက်ထဲမှာ ရေကို လေးပုံပုံ သုံးပုံလောက် ဖြည့်လိုက်ပါ။ ပြီးရင် စိန်ကို ပစ်ချကြည့်ပါ။ နစ်မြုပ်သွားရင်တော့ စိန်အစစ် ဖြစ်ပါတယ်။ ရေပေါ် ပေါ်နေမယ် ဒါမှမဟုတ် တဝက်လောက်မှာ ရှိနေမယ် ဆိုရင်တော့ အတုဖြစ်ပါတယ်။

၂။ အာငွေ့နဲ့ စမ်းသပ်ခြင်း

စိန်ကို လက်ထဲမှာ သေချာကိုင်ထားပြီးတော့ အာငွေ့ပေးကြည့်လိုက်ပါ။ ရေငွေ့တွေ တန်းပျောက်သွားတယ် ဆိုရင်တော့ စိန်အစစ်ပါပဲ။ စက္ကန့်တော်တော်ကြာတဲ့ထိ မပျောက်ဘူး ဆိုရင်တော့ ကျောက်က အတုဖြစ်ပါတယ်။

၃။ ကော်ဖတ်နဲ့ စမ်းခြင်း

ကော်ဖတ်နဲ့ စိန်ရဲ့ မျက်နှာပြင်ကို ပွတ်ကြည့်ပါ။ ဘာမှ ပဲ့ပါမလာပဲ ကျန်နေရင်တော့ အစစ်ပါ။ ခြစ်ရာတွေထင်ပြီး အသားတွေပဲ့သွားတယ် ဆိုရင်တော့ စိန်က အတုပါ။

၄။ အပူနဲ့ စမ်းခြင်း

အရင်ဆုံး ဖန်ခွက်တစ်လုံးထဲကို ရေထည့်ပါ။ ပြီးရင် ကျောက်ကို မီးခြစ်နဲ့ အပူပေးပါ။ စက္ကန့် 40 လောက် အပူပေးပြီး ရေခွက်ထဲကို ထည့်လိုက်ပါ။ မကွဲပဲနဲ့ အကောင်းအတိုင်းကျန်မယ် ဆိုရင်တော့ အစစ်ပါ။ ရေထဲရောက်တာနဲ့ တန်းကွဲသွားတယ် ဆိုရင်တော့ အတုပါ။

lovemedia

Post a Comment

0 Comments