သင့်ကလေးက တခြားကလေးတွေထက် စကားတွေ အရမ်းပြောတာ၊ မရပ်မနားဆော့နေတာတွေကို သင်ကြုံတွေ့ဖူးမှာပါ။ အဲဒီလို အပြုအမူတွေကြောင့် တစ်ခါတရံမိဘတွေက စိတ်ရှုပ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အချို့သော အပြုအမူတွေအရ သင့်ကလေးက ဖွံ့ဖြိုးမှု ရှေ့ရောက်နေကြောင်း သိနိုင်ပါတယ်။
၁။ အားအင်တွေ အရမ်းပြည့်နေခြင်း
သင့်ကလေးက ဆော့ကစားဖို့ အရမ်းကို တက်ကြွတာ၊ မနက်ခင်းအစောကြီး ထပြီး ကစားတာမျိုး ရှိပါလိမ့်မယ်။ သင့်ကလေးက မမောတမ်းမပမ်းတမ်း ကစားပြီး အားအင်တွေက ပြည့်နေရင်၊ စူးစမ်းချင်စိတ်များနေရင် အခြားကလေးတွေထက် ဖွံ့ဖြိုးမှုက မြန်ဆန်ပါတယ်။
၂။ မျက်လုံးချင်း ဆက်သွယ်ခြင်း
ကလေးတွေက သူတို့ရဲ့ပတ်ဝန်းကျင်ကို မျက်လုံးနဲ့ဆက်သွယ်ပြီး အဆက်မပြတ် လိုက်ကြည့်တတ်ပါတယ်။ ငယ်ရွယ်သေးတဲ့ကလေးတွေအတွက် မျက်လုံးကနေတဆင့် ပတ်ဝန်းကျင်ကို စူးစမ်းပါတယ်။ သင့်ကလေးက ခပ်ငယ်ငယ်အရွယ်မှာတင် မျက်လုံးနဲ့ ဆက်သွယ်တတ်နေရင် သူ့ရဲ့ဖွံ့ဖြိုးမှုက မြင့်မားပါတယ်။
၃။ စကားအလွန်များခြင်း
သင့်ကလေးက မနားတမ်း စကားပြောနေလို့ နားငြီးနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့လက္ခဏာ တစ်ခုပါပဲ။ ရွယ်တူတွေကို မကြောက်ဘဲ စကားစပြောတာ၊ လူကြီးတွေနဲ့ စကားပြောရဲတာ၊ တစ်ယောက်တည်း မေးလိုက်ဖြေလိုက် လုပ်နေတာက ဉာဏ်ရည်မြင့်မားတဲ့ အချက်ပါပဲ။
၄။ လှုပ်ရှားပြီး ကစားရတဲ့အရာတွေကို ပိုစိတ်ဝင်စားခြင်း
ကလေးတွေရဲ့ ကိုယ်လက်ဖွံ့ဖြိုးမှုအတွက် လှုပ်လှုပ်ရှားရှား ကစားပေးဖို့က အရေးပါပါတယ်။ သင့်ကလေးက ငယ်ရွယ်တဲ့ အရွယ်မှာတင် ခြေတွေ၊ လက်တွေကို သုံးပြီး ကစားရတဲ့နည်းတွေကို သဘောကျရင်၊ ကစားစရာ ပစ္စည်းတွေကို ဆန်းသစ်တီထွင်ဖို့ အားသန်ရင် ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းကြောင်း သိနိုင်ပါတယ်။
၅။ စိတ်ခံစားလွယ်ခြင်း
ကလေးတွေရဲ့ စိတ်ခံစားချက် အခြေအနေနဲ့ ဉာဏ်ရည်က ဆက်စပ်နေတတ်ပါတယ်။ သင့်ကလေးက တစ်ခုခုအပေါ်မှာ ထိခိုက်ခံစားလွယ်ရင် EQ မြင့်မားပြီး ဉာဏ်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
၆။ တီထွင်တတ်ခြင်း
သင့်ကလေးက အခြားကလေးတွေ ကစားတဲ့နည်းအတိုင်း မကစားဘဲ ကစားနည်းအသစ်တွေ တီထွင်တတ်တယ်ဆိုရင် ဖန်တီးမှုစွမ်းရည်မြင့်တဲ့ လက္ခဏာပါပဲ။ သူတို့မှာ စိတ်ကူးအသစ်တွေ အမြဲရှိနေတတ်ပါတယ်။ တစ်ခါတရံမှာ ပုံပြင်တွေကို ကိုယ်တိုင်တီထွင် ပြောဆိုတတ်ကြပါတယ်။
၇။ ဝါသနာတစ်ခုအပေါ် စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်း
သင့်ကလေးက သူဝါသနာပါတဲ့ အရာတစ်ခုကို ဇွဲရှိရှိတဲ့ အာရုံစိုက် လုပ်ဆောင်နေတာကို သင်ကြုံဖူးမှာပါ။ သူတို့ရဲ့ ဝါသနာတွေက အခြားကလေးတွေနဲ့ တူချင်မှာလည်း တူပါလိမ့်မယ်။ သူ ဝါသနာပါတဲ့ အရာတစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်ရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ သင်ယူတတ်မြောက်နိုင်စွမ်း မြန်ဆန်ပါတယ်။
၈။ အစားစားတဲ့အခါ ပေပွနေအောင်စားခြင်း
အသက် ၁၆ လအရွယ်ကလေးတွေက စားစရာတွေကို ရှုပ်ပွအောင်လုပ်ပြီး သင်ယူလေ့လာ တတ်ကြပါတယ်။ အစားအစာတွေကို ရှုပ်ပွအောင် စားပြီး ကိုင်လို့ရတဲ့အရာ ဟုတ်လား၊ မဟုတ်လားဆိုတာကို ခွဲခြားတတ်သွားကြပါတယ်။ ဒါ့အပြင် အစားအစာတွေကို ရှုပ်ပွအောင် စားတာက လက်ချောင်းလေးတွေ လှုပ်ရှားမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။
၉။ ဆရာလုပ်ခြင်း
သင့်ကလေးက ရွယ်တူတွေအပေါ်၊ သူ့ထက်ငယ်တဲ့ ကလေးတွေအပေါ် ဆရာလုပ်တတ်တာက ဦးဆောင်မှု စွမ်းရည်ရှိကြောင်း ပြတဲ့လက္ခဏာပါပဲ။ ကလေးတွေက ရှုပ်ထွေးတဲ့ စည်းကမ်းတွေကို ချမှတ်ရတာနဲ့ အသစ်အသစ်တွေကို ရှာဖွေရတာကို သဘောကျပါတယ်။
၁၀။ စေ့စပ်သေချာခြင်း
သင့်ကလေးက အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ဘယ်အရာကိုပဲလုပ်လုပ် စေ့စပ်သေချာသူဆိုရင် အခြားကလေးတွေထက် ဖွံ့ဖြိုးမှု ပိုတိုးတက်နေတာပါပဲ။ အသေးစိတ်ကအစ ဂရုစိုက်ပြီး သူတို့လုပ်တဲ့အရာကို အကောင်းဆုံးဖြစ်အောင် လုပ်လေ့ရှိကြပါတယ်။ အာရုံစိုက်နိုင်စွမ်း မြင့်မားပြီး စိတ်ရှည်တတ်တဲ့ အကျင့်ရှိတာက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု အားကောင်းကြောင်း ဖော်ပြနေတာပါ။
Zombie (lovemedia)
1 Comments
09887427149
ReplyDelete