အလှကုန်ပစ္စည်းရဲ့ သက်တမ်းကို သိဖို့အတွက် ဘူးပေါ်မှာ ၆၊ ၁၂၊ ၂၄၊ ၃၆ လို့ရေးထားတတ်ကြပါတယ်။ တကယ်လို့ သင်က အဲဒီနံပါတ်လေးတွေကို ရှာမတွေ့ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အလှကုန်ပစ္စည်းတွေရဲ့ တကယ့်သက်တမ်းကုန်ဆုံးရက်တွေ အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
သက်တမ်းကုန်ဆုံးရက်က ဘာ့ကြောင့် အရေးကြီးတာလဲ။
သက်တမ်းလွန်နေတဲ့ mascara တွေကို သုံးမိတဲ့အခါ မျက်လုံးရောင်တာ၊ ယားတာ၊ နီရဲလာတာကို ကြုံစေပါတယ်။ အလှကုန်ပစ္စည်းတွေရဲ့ တကယ့်ကုန်ဆုံးရက်က စတင်သုံးစွဲတဲ့ ပထမရက်ကနေ စပါတယ်။ ဝယ်လာတဲ့နေ့မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုက ဒီအချက်ကို သတိမထားမိကြပါဘူး။ ဘူးပေါ်မှာ 12M လို့ရေးထားရင် ဘူးကို စသုံးချိန်ကနေ ၁၂ လအထိ သက်တမ်းရှိတယ်လို့ ဆိုလိုတာပါ။
အောက်ခံမိတ်ကပ်
အောက်ခံမိတ်ကပ်က water base ဆိုရင် သူ့ရဲ့သက်တမ်း ၁၂ လအထိ ကြာရှည်ခံပြီး oil base ဆိုရင်တော့ ၁၈လကြာ သုံးနိုင်ပါတယ်။ အောက်ခံမိတ်ကပ်တွေကို အေးတဲ့နေရာမှာ ထားပြီး ဘူးကို ပုံမှန်လှုပ်ရမ်းပေးပါ။ အောက်ခံမိတ်ကပ်က အလွှာလိုက် အထပ်လိုက်ဖြစ်နေရင် သုံးဖို့မသင့်တော်တော့ပါဘူး။
ပါးနီနဲ့ ပေါင်ဒါ
ပါးနီနဲ့ပေါင်ဒါရဲ့သက်တမ်းက ၁၈ လပါ။ သူတို့တွေမှာ ရေမပါတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ ခက်ပါတယ်။ ပါးနီနဲ့ပေါင်ဒါကို အသုံးပြုပြီးတဲ့အခါ အဖုံးကို သေချာပိတ်ပြီးမှ သိမ်းပါ။
Mascara
Mascara ထဲမှာ အစိုဓာတ်အနည်းငယ်ပါတာကြောင့် ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်တဲ့နေရာမှာ သိမ်းထာအကြောင်းဆုံးပါ။ ပုံမှန်သုံးတယ်ဆိုရင် ၃ လအထိ ကြာရှည်ခံပြီး တစ်ခါတရံမှ သုံးရင်တော့ ၆ လအထိ ကြာရှည်ခံပါတယ်။ Mascara ရဲ့အနံ့က ထူးထူးခြားခြား ပြောင်းလဲနေပြီဆိုရင် မသုံးသင့်တော့ပါဘူး။
Eyeliner
အရည်ပါတဲ့ eyeliner က ၃ လကနေ ၆ လအထိ ကြာရှည်ခံပြီး ခဲတံလို eyeliner က ၃၆ လအထိ ကြာရှည်ခံပါတယ်။ ခဲတံလို eyeliner v ကို အသုံးပြုပြီးတိုင်း ချွန်ပေးလို့ရပါတယ်။ အရည်ပါတဲ့ Eyeliner ကလည်း အနံ့ပြောင်းသွားတယ်ဆိုရင် မသုံးသင့်တော့ပါဘူး။ ခဲတံလို eyeliner က အဖြူရောင်အလွှာတွေ ပေါ်လာပြီဆိုရင် သုံးလို့အဆင်မပြေတော့ပါဘူး။
နှုတ်ခမ်းနီ
နှုတ်ခမ်းနီမှာပါတဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းမှုကြောင့် ဘက်တီးရီးယားတွေက မပျံ့နှံ့နိုင်ပါဘူး။ အဲဒါကြောင့် ၁၂ လကနေ ၁၈ လအထိ အသုံးပြုလို့ရပါတယ်။ နှုတ်ခမ်းနီကို ရေခဲသေတ္တာထဲမှာ သိမ်းထားတာ ပိုကောင်းပါတယ်။ အစားစားပြီးပြီးချင်းမှာ နှုတ်ခမ်းနီ မဆိုးသင့်ပါဘူး။ နှုတ်ခမ်းနီရဲ့အနံ့ မကောင်းတော့ရင်၊ ခြောက်သွေ့ပြီးကပ်နေရင် သူ့ရဲ့သက်တမ်း ကုန်နေပါပြီ။
Makeup brush
Makeup brush တွေမှာ ဘက်တီးရီးယားတွေ အတော်များများ ပေါက်ဖွားနိုင်ပါတယ်။ Makeup brush နဲ့ ဖော့တွေကို ပုံမှန်သန့်ရှင်းရေး မလုပ်ပေးရင် ဝက်ခြံနဲ့ ယားယံတာကို ဖြစ်စေပါတယ်။ အဲဒါကြောင့် Makeup brush နဲ့ ဖော့တွေကို အပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်ပေးရင် Makeup brush တွေကို နှစ်နဲ့ချီပြီး အသုံးပြုနိုင်ပါတယ်။ Brush က အမွေးတွေ ကျွတ်ထွက်လာရင်တော့ အနားပေးသင့်ပါပြီ။
- မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးချိန်မှာ လက်ကို သေသေချာချာဆေးပါ။
- အလှကုန်ပစ္စည်းတွေရဲ့ ကုန်ဆုံးတဲ့ရက်ကို မေ့မသွားအောင် ဘူးမှာ တိတ်အဖြူရောင်နဲ့ ကပ်ထားပါ။
- အလှကုန်ပစ္စည်းတွေထည့်တဲ့ အိတ်နဲ့ အံဆွဲကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
- အချို့အလှကုန်ပစ္စည်းတွေက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့လို့ မရတာကြောင့် အသုံးပြုပြီးတိုင်း သေသေချာချာ ပြန်သိမ်းပါ။
love media
0 Comments