ကျိုးပဲ့သွားတဲ့မိတ်ကပ်ဘူးကို အကောင်းအတိုင်းပြန်ဖြစ်စေမယ့် နည်းလမ်းများ

အကြိုက်ဆုံး မိတ်ကပ်ဘူးလေးက ကျကွဲသွားတာပြီး တစ်စစီ ဖြစ်သွားတာက အသည်းတစ်စစီ ကွဲသွားသလိုပါပဲ။ အဲဒါကြောင့် မိတ်ကပ်ဘူးတွေ ကျကွဲသွားတဲ့အခါ အကောင်းအတိုင်းပြန်ဖြစ်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

မိတ်ကပ်ပေါင်ဒါဘူးကွဲသွားတဲ့အခါ ပြုပြင်နည်း ၁

လိုအပ်သောပစ္စည်းများ

- ပန်းကန်လုံးတစ်လုံး

- တစ်ရှူးတစ်ရွက်

- ရေ

- ဇွန်းတစ်ချောင်း

ကျိုးပဲ့သွားတဲ့ မိတ်ကပ်ပေါင်ဒါတွေကို ပန်းကန်လုံးထဲမှာထည့်ပြီး ပြားသွားအောင် ဇွန်းနဲ့ဖိပါ။ အဲဒီနောက် ရေအနည်းငယ် ထပ်ထည့်ပါ။ ပြီးရင် နှံ့အောင်မွှေပါ။ မွှေပြီးသွားတဲ့အခါ မိတ်ကပ်ဘူးထဲမှာ မိတ်ကပ်ပေါင်ဒါတွေကို ထည့်လိုက်ပါ။ မိတ်ကပ်ဘူးအပေါ်မှာ တစ်ရှူးစလေးကို တင်ပြီး ပြားသွားအောင်လို့ ဇွန်းနဲ့ ထပ်ဖိပါ။ အဲဒီနောက် မိတ်ကပ်ပေါင်ဒါကို ခြောက်အောင်ထားပြီး ပြန်သုံးလို့ ရပါပြီ။

မိတ်ကပ်ပေါင်ဒါဘူးကွဲသွားတဲ့အခါ ပြုပြင်နည်း ၂

လိုအပ်သော ပစ္စည်းများ

- Rubbing alcohol ( alcohol ၇၀ ရာခိုင်နှုန်း)

- ပလက်စတစ်

- ဇွန်းတစ်ချောင်း

ဘူးတစ်ခုထဲမှာ ကျိုးပဲ့သွားတဲ့ မိတ်ကပ်တွေအားလုံးကို နှံ့သွားအောင် ချေလိုက်ပါ။ အဲဒီနောက် Rubbing alcohol နှစ်စက်လောက် ထည့်ပါ။ အပေါ်ကနေ ပလက်စတစ်စလေးနဲ့ ပတ်ပြီး ပြားသွားအောင် လက်ချောင်းလေးတွေနဲ့ ဖိပါ။ ဇွန်းနဲ့ လိုက်ဖိလို့လည်း ရပါတယ်။ တစ်ညလောက် ထားပြီးတဲ့နောက်မှာ ပြန်လည်အသုံးပြုလို့ ရပါပြီ။

နှုတ်ခမ်းနီကျိုးသွားတဲ့အခါ ပြုပြင်နည်း ၁

လိုအပ်သောပစ္စည်းများ

- မီးခြစ်

- ရေခဲသေတ္တာ

ကျိုးပဲ့သွားတဲ့နှုတ်ခမ်းနီကို အနည်းငယ်ပျော့သွားအောင် မီးခြစ်နဲ့ အပူပေးလိုက်ပါ။ လုံးဝအရည်ပျော်သွားလို့လည်း မရပါဘူး။ ပြီးရင် ကျိုးသွားတဲ့နေရာနဲ့ ပြန်ဆက်လိုက်ပါ။ စက္ကန့် ၆၀ လောက်ကြာအောင် ကပ်ထားပါ။ အဲဒီနောက်မှ နှုတ်ခမ်းနီကို ရေခဲသေတ္တာထဲမှာ ၂ နာရီကြာအောင် ထားပါ။ ၂ နာရီကြာ ပြီးရင်တော့ အသုံးပြုလို့ရပါပြီ။

နှုတ်ခမ်းနီကျိုးသွားတဲ့အခါ ပြုပြင်နည်း ၂

လိုအပ်သော ပစ္စည်းများ

- မီးခြစ်၊ ဖယောင်းတိုင်၊ မီးဖို

- နှုတ်ခမ်းနီကို အပူပေးဖို့ ကြွေပန်းကန်လုံး အသေးတစ်လုံး

- နှုတ်ခမ်းနီထည့်ဖို့ ဘူးတစ်ဘူး

နှုတ်ခမ်းနီဘူးထဲက နှုတ်ခမ်းနီတွေအားလုံးကို ထုတ်လိုက်ပြီး ကြွေပန်းကန်လုံးထဲကို ထည့်လိုက်ပါ။ အဲဒီနောက် နှုတ်ခမ်းနီတွေ အရည်ပျော်သွားအောင် ကြွေပန်ုးကန်ကို မီးခြစ်နဲ့ အပူပေးလို့ရသလို မီူးဖိုပေါ် တင်ပြီးတော့လည်း အပူပေးလို့ရပါတယ်။ အရည်ပျော်လာပြီဆိုရင် ဘူးအလွတ်ထဲကို လောင်းထည့်လိုက်ပါ။ ဘူးထဲမှာ နှုတ်ခမ်းနီတွေ ခြောက်ပြီး အေးသွားရင်တော့ ရပါပြီ။

ခြောက်သွေ့နေတဲ့ gel eyeliner ကို ပြုပြင်နည်း

လိုအပ်သောပစ္စည်းများ

- သွားကြားထိုးတံ

- မျက်စဉ်းဆေး

- အပူပေးရန်မီးဖို

ခြောက်သွေ့နေတဲ့ gel eyeliner ဘူးထဲကို သွားကြားထိုးတံလေးနဲ့ အပေါက်လေးတွေဖြစ်အောင် လုပ်ပါ။ ပြီးရင်မျက်စဉ်းဆေး အနည်းငယ်ကို လောင်းထည့်ပါ။ မျက်စဉ်းဆေးနဲ့ gel eyeliner ကို နှံ့သွားအောင် သွားကြားထိုးတံနဲ့မွှေပါ။ gel eyeliner က အရမ်းခြောက်သွေ့နေရင်တော့ မီးဖိုပေါ်မှာ ပန်းကန်လုံးတစ်ခုနဲ့ ခံပြီး ၁၅ စက္ကန့်လောက် အပူပေးလို့ရပါတယ်။ ခဏလောက်ကြာပြီးရင်တော့ gel eyeliner ကို အသုံးပြုလို့ရပါပြီ။

ခြောက်သွေ့နေတဲ့ mascara ကိုပြုပြင်နည်း

ဖန်ခွက်တစ်လုံးထဲကို ရေနွေးလောင်းထည့်ပါ။ ရေနွေးထည့်ထားတဲ့ ဖန်ခွက်ထဲကို mascara ထည့်ထားပြီး ၁၅ မိနစ်ခန့် ထားပါ။ ၁၅ မိနစ် ထည့်ထားပြီးရင်တော့ mascara ကို ဖန်ခွက်ထဲကနေ ထုတ်ပြီး အသုံးပြုလို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments