သင့်အိမ်မှာ ငှက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် ဒီနည်းလမ်း (၆) ခုကို အသုံးပြုပါ

ငှက်လေးတွေရဲ့ တေးဆိုသံက စိတ်ကိုကြည်လင်စေပါတယ်။ မနက်အိပ်ရာထချိန်မှာ ငှက်လေးတွေရဲ့ သီချင်းသံက အရမ်းချိုသာတဲ့ နှိုးစက်လိုပါပဲ။ ဒါပေမယ့် ငှက်လေးတွေက သင့်အိမ်အဆောက်အဦးကို တစ်ခါတရံအနှောင့်အယှက် ဖြစ်စေပါတယ်။

သူတို့တွေ အစာတွေ ချီလာတာကြောင့် အိမ်ခေါင်မိုးတွေပေါ်မှာ အပင်ပေါက်တာ၊ အိမ်ထဲမှာ အသိုက်ဖွဲ့တာတွေကြောင့် အခက်တွေ့ရပါတယ်။ အဲဒါကြောင့် ဒီလို အခက်အခဲတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ငှက်လေးတွေ ကြိုက်တတ်တဲ့အရာတွေကို ဖယ်ရှားလိုက်ပါ။

သင်ရဲ့အပင်လေးတွေကို ငှက်တွေက ခဏခဏ လာစားနေတယ်ဆိုရင် ဖယ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ဖုံးအုပ်ထားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ငှက်တွေကို ဆန်စေ့လေးတွေ ကျွေးတာက သူတို့အတွက်လည်း အစာမချေနိုင်သလို အိမ်ခေါင်မိုးပေါ်မှာလည်း အပင်တွေ ပေါက်စေပါတယ်။ ဆန်စေ့အစား ပေါက်ပေါက်လို ပျော့တဲ့အရာတွေကို ကျွေးနိုင်ပါတယ်။

၂။ ငှက်တွေ ကြောက်တတ်တဲ့အရုပ်တွေကို ထားပါ။

ငှက်လေးတွေက ဇီးကွက်၊ ကြောင်နဲ့ အကောင်ကြီးတဲ့ငှက်တွေကို ကြောက်ပါတယ်။ အဲဒါကြောင့် ဇီးကွက်ရုပ်၊ ကြောင်ရုပ်တွေကို ငှက်တွေ အလာများတဲ့နေရာမှာထားလိုက်ရင် အသိုက်ဖွဲ့တာ၊ ညစ်ပတ်တာတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါပေမယ့် အရုပ်က လှုပ်ရှားနေတဲ့ အရုပ်ဖြစ်ဖို့လည်း လိုပါသေးတယ်။ နောက်ပိုင်းက ငှက်တွေက အရုပ်ဆိုတာကို သိသွားပြီး ဂရုမစိုက်ကြတော့ပါဘူး။

၃။ တုတ်ချောင်းသေးသေးလေးတွေ ထားပါ။

ဒီနည်းကတော့ ငှက်လေးတွေအတွက် အန္တရာယ်ကင်းပြီး သင့်အတွက်လည်း အကျိုးရှိစေပါတယ်။ ငှက်တွေအလာများတဲ့ နေရာမှာ တုတ်ချောင်းလေးတွေကို ထောင်ထားလိုက်ရုံပါ။ အဲဒီအခါ ငှက်တွေက လန့်ပြီးမလာရဲတော့ပါဘူး။

၄။ မုန့်ဖုတ်ဆိုဒါနဲ့ နှစ်ဖက်တိပ်

ဒီနည်းကတော့ မြန်မြန်နဲ့ ရိုးရှင်းတဲ့နည်းလမ်းပါ။ ငှက်တွေက မုန့်ဖုတ်ဆိုဒါကို အရမ်းကို မုန်းတာကြောင့် မုန့်ဖုတ်ဆိုဒါရှိရင် မလာကြပါဘူး။ ဒါမှမဟုတ် ငှက်တွေ မလာစေချင်တဲ့နေရာမှာ နှစ်ဖက်တိပ်ကပ်ထားရင် သူတို့ခြေထောက်မှာ စေးကပ်ကပ် ဖြစ်သွားတာကြောင့် နောက်ပိုင်း မလာကြတော့ပါဘူး။

၅။ တောက်ပတဲ့အရာ

ရောင်ပြန်ပါတဲ့ တောက်တောက်ပပ အရာတွေက ငှက်တွေကို အဝေးထွက်ပြေးစေပါတယ်။ CD ပြားအဟောင်းတွေကို ချိတ်ဆွဲထားတဲ့နည်းက အလုပ်ဖြစ်ပါတယ်။ ဒါမှမဟုတ် အရောင်တောက်ပတဲ့ ဘောလုံးလေးတွေကို ဆွဲချိတ်ထားရင် ငှက်တွေက လန့်ပြီး မလာကြတော့ပါဘူး။

၆။ သဘာဝဖျန်းဆေး

- ရေဂါလံတစ်ဝက်ကို ခွက်တစ်ခုထဲ ထည့်ပါ။ ငရုတ်သီးမှုန့် အနည်းငယ်နဲ့ ရှာလကာ အနည်းငယ် တို့ကိုလည်း ရောထည့်ပါ။

- ပါဝင်ပစ္စည်းတွေကို အပူပေးပြီး အအေးခံပါ။

- ပြီးနောက် ဘူးတစ်ခုထဲထည့်ပြီး ငှက်တွေ လာတတ်တဲ့ နေရာတွေမှာ ဖျန်းထားလိုက်ပါ။

love media

Post a Comment

0 Comments