အိမ်တစ်အိမ်ရဲ့ သန့်စင်ခန်းဆိုတာက အမြဲတမ်းသန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ မသန့်ရှင်းတဲ့အခါ မိသားစုဝင်အားလုံးရဲ့ ကျန်းမာရေးကိုပါ တစတစ ထိခိုက်လာစေပါတယ်။ အဲဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ ဘယ်လိုတွေ လုပ်ရမလဲဆိုတဲ့နည်းကို love media ကနေ မျှဝေပေးချင်ပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ဒဏ်ရာတွေ ကုသတဲ့ နေရာမှာ အသုံးများပါတယ်။ သူက မှိုတွေနဲ့ ရောဂါပိုးမွှားတွေကိုလည်း ရှင်းပေးနိုင်ပါတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်စေပါတယ်။

မီးဖိုချောင်သုံးပစ္စည်း၊ ကော်ဇောနှင့် ကြွေပြားတွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ အိမ်သုံး အထည်အလိပ်တွေနှင့် အိပ်ရာခင်းတွေကို ဖြူစင်စေဖို့၊ ရေချိုးခန်းနှင့် အိမ်သာတို့က ထုံးဂျိုးတွေနှင့် အဝါရောင် ဂျိုးတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။

အမိုးနီးယား

အမိုးနီးယားက အမဲဆီနှင့် အစွန်းအထင်းတွေကို ပျော်ဝင်စေပါတယ်။ အိမ်သုံး အမိုးနီးယားက ဆဲလ်ပရိုတင်းတွေကို ဖြိုခွဲပြီး အဆီတွေကို ဖယ်ရှားပေးတာကြောင့် ထိရောက်တဲ့ သန့်စင်မှုလို့ လူသိများပါတယ်။ စည်ပိုင်း၊ ကြမ်းပြင်နှင့် ပြတင်းပေါက်တွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးများပါတယ်။

သူက အလွန်ထိရောက်တဲ့ သန့်စင်ဆေးတစ်မျိုး ဖြစ်ပေမယ့်လည်း မျက်လုံး ဒါမှမဟုတ် အရေပြားနှင့် ထိတွေ့မိတာပဲဖြစ်ဖြစ်၊ ရှူမိတာပဲဖြစ်ဖြစ် အဆိပ်ဖြစ်သွားပြီး အန္တရာယ်များလွန်းလှပါတယ်။ အန္တရာယ်များလွန်းတာကြောင့် အခြားဓာတုပစ္စည်းတွေနှင့်လည်း ပေါင်းစပ်ခြင်း မပြုသင့်ပါဘူး။

အိမ်သုံး ဓာတုဆေး

အိမ်သုံး ဓာတုဆေးတွေကတော့ ပေးရတဲ့ဈေးပေါ်မူတည်ပြီး အလုပ်ဖြစ်တာတွေ ရှိပါတယ်။ တကယ်လို့ သင့်အိမ်က တစ်ယောက်ယောက်က ဒီလို ဓာတုဆေးတွေနဲ့ မတည့်ဘူးဆိုရင်တော့ ကိုယ်တိုင်ဖော်စပ်ထားတဲ့ ဆေးကို သုံးတာ အကောင်းဆုံးပါပဲ။

ပါဝင်ပစ္စည်းများ

- အမိုးနီးယား 100 ml (10%)

- ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် 100 ml (3%)

- ကော်ပုလင်းတစ်ခုကိုပဲဖြစ်ဖြစ်၊ ဖန်ပုလင်းတစ်ခုကိုပဲဖြစ်ဖြစ် အထဲရော အပြင်ပါ ရေသေချာခြောက်အောင် သုတ်ပါ။

- ပုလင်းထဲကို အမိုးနီးယား မလောင်းထည့်ခင် ရာဘာလက်အိတ်၊ maskနှင့် ဘေးကင်းရေးမျက်မှန်တို့ကို ဝတ်ဆင်ပါ။

- ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ဖန်ချောင်းသေးသေးလေးနဲ့ ထည့်ပါ။

- အားလုံးကို ညင်သာစွာ မွှေပြီး ပုလင်းကို ဂရုတစိုက် လှုပ်ပေးပါ

- ပြီးရင် သံချေးတက်နေတဲ့ နေရာကိုပဲဖြစ်ဖြစ်၊ သင်သန့်ရှင်းချင်နေတဲ့ နေရာကိုဖြစ်ဖြစ် ဖြန်းလိုက်ပါ။ ဖြန်းပြီးရင် 10-15 မိနစ်လောက် ထားလိုက်ပါ။

- အကုန်ပြီးရင်တော့ ရေနဲ့ သေချာဆေးကြောပါ။

လေဝင်လေထွက်ကောင်းတဲ့ Mask တပ်ဖို့ လိုအပ်ပါတယ်။

အမိုးနီးယားက အဆိပ်ဖြစ်စေနိုင်တာကြောင့် အိမ်ထဲမှာ အသုံးပြုမယ်ဆိုရင် ပြတင်းပေါက်တွေ အားလုံးကိုဖွင့်ဖို့ လိုပါတယ်။ နှာခေါင်းစည်းနှင့် ရာဘာလက်အိတ်တွေ ဝတ်ထားဖို့လည်း လိုအပ်ပါတယ်။ ရေချိုးကန်၊ ဇလုံ ဒါမှမဟုတ် အိမ်သာတွေကို ဖြန်းပြီးရင်တော့ အခန်းအပြင်ကို မြန်မြန်ထွက်ဖို့ လိုအပ်ပါတယ်။ မိသားစုဝင်တွေနှင့် အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးခန်းထဲကို ချက်ချင်းမဝင်ခိုင်းသင့်ပါဘူး။

Zombie (lovemedia)