မျိုးစေ့ ၃ စေ့

ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီး တခုမှမှာ ဘုရင်ကြီးတပါး ရှိတယ်။ တနေ့မှာ ဘုရင်ကြီးက သူ့သားတော် သုံးယောက်ကို ရှေ့ခေါ်ပြီး

"သားတော်တို့ ဖခင် ခမည်းတော်လည်း အသက်ကြီးပြီ။ ဒါကြောင့် ထီးနန်းကို လွှဲပြောင်းပေးဖို့ အချိန်ကျပြီ။ ဟော့ဒီမှာ မျိူးစေ့ တစေ့စီ ယူပြီး အိုးထဲစိုက်ကြ။

သားတော်တို့ ကုသိုလ်ကံကြောင့် ၂ လ ပြည့်တဲ့ အချိန် အလှဆုံး ပွင့်သူကို ရွေးမယ်" ဆိုပြီး မျိူးစေ့ သုံးစေ့ကို ပေးလိုက်တယ်။ သားတော်သုံးယောက်လည်း မျိူးစေ့တွေကို အိုးထဲထည့် စိုက်ကြတော့တာပေါ့။

တလပြည့်တဲ့ အခါ သားတော် အငယ်ဆုံးရဲ့ အိုးထဲမှာ ဘာအညှောင့်မှ ထွက်မလာဘူးကွယ်။ သားတော်လေးလည်း ရေမှန်မှန် လောင်းပေး နေပူထဲ ပြပေးနဲ့ ကြိုးစားပေမယ့် အရာမထင်ခဲ့ဘူး။

သူ့ရဲ့ နောင်တော်ကြီးနှစ်ပါး အိုးထဲမှာတော့ အင်မတန် လှပတဲ့ ပန်းနှစ်မျိူး ပွင့်နေတာ မြင်တော့ အင်မတန် စိတ်ဓာတ် ကျသွား ပါတော့တယ်။

၂ လ ပြည့်တဲ့နေ့ ရောက်တော့ ဘုရင်ကြီးက သူ့ရဲ့သားတော်တွေကို သူတို့ရဲ့ ပန်းအိုးတွေ ဆက်သဖို့ ခေါ်ယူခဲ့ ပါတယ်။ ပန်းအိုးတွေ ယှဉ်လိုက်တဲ့အခါ သားငယ်လေးရဲ့ အိုးထဲမှာ ဘာမှမရှိတော့ အကိုကြီးနှစ်ဦးက

"စိတ်မပျက်ပါနဲ့ ညီတော်၊ တနေ့တော့ ပေါက်လာမှာပါ။ စောသေးလို့နေမှာပါ" လို့ လှောင်ကြသတဲ့။

ဘုရင်ကြီးက သားတော်တွေကို အနားခေါ်ယူပြီး "သားတော်တို့ သားတော်တို့ မျိူးစေ့တွေ ပေးလိုက်စဉ်က ခမည်းတော် ပြောခဲ့တယ်။ သားတော်တို့ ကုသိုလ် အတိုင်း ပန်းတွေ ပွင့်လိမ့်မယ်လို့ ပြောခဲ့တယ်။

ဒါပေမယ့် ဖခမည်းတော် သားတော်တို့ကို ပေးလိုက်တဲ့ မျိူးစေ့တွေက မျိူးမအောင်တဲ့ မျိူးစေ့တွေသာ ဖြစ်တယ်။ သားတော်ကြီး ၂ ပါးက ဖခမည်းတော်ကို လိမ်တယ်။

သားတော်တို့ဟာ ထီးနန်းမရမှာ ဆိုးလို့ တခြား မျိူးစေ့တခုနဲ့ အစားထိုး စိုက်ခဲ့ကြတယ်" လို့ ပြောတော့ သားတော်ကြီး ၂ ဦးဟာ ဇတ်ကြီးတွေ ကျိူးကျ နေပါပြီ။

"တိုင်းပြည် အုပ်ချူပ် မင်းလုပ်မယ့် သူဟာ ရိုးသားမှုရှိဖို့ အလိုအပ်ဆုံး ပါပဲ။ ဘုရင်က စ မရိုးသားရင် ဒီတိုင်းပြည် ပျက်စီးဖို့ပဲ ကျန်တော့တယ်" လို့ ဆိုပြီး သားတော်လေးကို ထီးနန်း လွှဲပေးခဲ့တယ်။

ရိုးသားမှု ရှိဖို့ လိုပါတယ်။ ကလိမ်ကကျစ်တွေ တိုင်းပြည်ကို အုပ်ချုပ်နေရင်တော့ အဲ့တိုင်းပြည် နာပြီပဲ။ Crd

Post a Comment

0 Comments