သူဌေးကြီးနှင့် သမီးသုံးယောက်

တခါက သူဌေးကြီး တဦးမှာ သမီး သုံးဦး ရှိပါတယ်။ တနေ့မှာ ဖခင် သူဌေးကြီးက သမီး သုံးဦးကို သူ့အား ဘယ်လောက် ချစ်သလဲလို့ မေးပါတယ်။ အဓိက ကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကို ခွဲပေးဖို့ ပါဘဲ။

ပထမ သမီးက သူ့ကို လမင်းကြီးလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။ ဒုတိယ သမီးက သူ့ကို နေမင်းကြီးလောက် ချစ်ပါတယ်တဲ့။ အငယ်ဆုံး သမီးလေး ကတော့ ဖခင်ကြီးကို ဆားတဇွန်း စာလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။

ဒီအခါ ဖခင်ကြီးက သူ့ကို တကယ် ချစ်တဲ့ သမီးကြီး နဲ့ သမီးလတ်ကို အမွေ အများဆုံး ခွဲဝေ ပေးခဲ့ပြီး ဆားတဇွန်းစာသာ ချစ်သော သမီးငယ် ကိုတော့ အနည်းဆုံး ဝေစု ကိုသာ အမွေပေး ခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ အမွေတွေ အားလုံးကို ခွဲဝေပြီးတဲ့ အခါ မှာတော့ သူဌေးကြီးဟာ သူ့သမီးတွေ ဆီကို အလှည့်ကျ သွားရောက် လည်ပတ် လို့ နေပါ တော့တယ်။ သမီးတွေလည်း အိမ်ထောင်ရက်သားများ ကျလို့ သားသမီး တွေလည်း ထွန်းကား ကြပါတယ်။

ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့ အခါမှာတော့ သမီးကြီးနဲ့ သမီးလတ်ဟာ ဖခင် လာရောက် တာကို မကြည်ဖြူ ကြတော့ပါဘူး။ အလုပ်ပိုကြီး တခု ပိုလာတယ်လို့ မြင်လာ ပါတယ်။

ဖခင်ကြီးကလည်း သူ့ကို ပိုချစ်တဲ့ သမီးနှစ်ယောက်ဆီ ကိုဘဲ အများဆုံးသွားရောက် နေတာကိုး။ နောက်ဆုံးမှာတော့ သူ့ရဲ့ သမီးနှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့ အထိ ဖြစ်လာတော့တာ ပါဘဲ။

သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာ ပါတယ်။ သမီးငယ်က သူ့ကို ခရီးဦး ကြိုဆိုပြီး စားဖွယ် သောက်ဖွယ်များ ကျွေးမွေးပါတယ်။

သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့ အခါမှာ ဟင်းတွေ အားလုံးဟာ ပေါ့ရွှတ်လို့ နေပါတယ်။ ဒီတော့မှ သမီးငယ်လေးက ဖခင်အား "ဆားမပါသော ဟင်းဟာ ဘယ်လိုပင် ကောင်းကောင်း အရသာ မရှိပါဘူး။

ပြီးတော့ ဆားလေး တဇွန်း ဆိုပေမယ့် အထဲမှာ ဆားပွင့် လေးပေါင်း မရေမတွက် နိုင်အောင် များပြား ပါတယ်။ သမီးက အဖေ့ကို အဲ့ဒီ ဆားပွင့်လေး တွေလောက် မရေမတွက် နိုင်အောင် ချစ်တာပါ" လို့ ပြောလိုက် ပါတယ်။

ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ် ထားတဲ့ ဟင်းလျာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစု စောင့်ရှောက် သွားပါတော့တယ်။

ဆားလေး တဇွန်းဟာ ဟင်းလျာများရဲ့ အရသာကို ပြည့်စုံစေသလို ဖြူစင်တဲ့ မေတ္တာတရား ဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံ စေပါတယ်။ မိဘကို ပါးစပ်နဲ့ပဲ ချစ်မနေပါနဲ့။

မိဘတွေ သက်ရှိထင်ရှား ရှိနေတုန်းမှာ ကိုယ်တတ်နိုင်သလောက် ကျွေးမွေးပြုစု စောင့်ရှောက်ကြပါ။ Crd

Post a Comment

0 Comments