သင့်ဖုန်းကို ထိခိုက်စေတဲ့ နေ့စဉ်အပြုအမူ (၁၁) ခု

ဖုန်းက လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာပါပြီ။ ဒါပေမယ့် တချို့အပြုအမူတွေကြောင့် ဖုန်းတွေရဲ့သက်တမ်းက ကြာရှည်ခံသင့်သလောက် မခံတော့ပါဘူး။ အဲဒါကြောင့် ဖုန်းတွေကို ထိခိုက်စေတဲ့ လူတွေရဲ့နေ့စဉ်အပြုအမူတွေ အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အဆန်းအပြားတွေ လိုက်လုပ်ခြင်း

YouTube မှာတင်ထားတဲ့ ဗီဒွီယိုတွေအတိုင်း သင့်ဖုန်းကို အဆန်းအပြားတွေ လိုက်လုပ်တာကို ဖုန်းကို ထိခိုက်စေမှာပါ။ တချို့ video တွေက ယုံကြည်ရတဲ့ အရင်းအမြစ်တွေ မရှိပါဘူး။ ဖုန်းတစ်ခုခု ဖြစ်သွားတဲ့အခါ ကျွမ်းကျင်သူတွေဆီသာ သွားပြသင့်ပါတယ်။

၂။ ဖုန်းကို နေရောင်ခြည်တိုက်ရိုက်ဝင်တဲ့ ပြူတင်းပေါက်နားမှာ ထားခြင်း

ဖုန်းနဲ့နေရောင်ခြည်က အချိန်ကြာကြာထိတွေ့ရင် အပူလွန်ကဲတာ ဖြစ်ပေါ်လာပါတယ်။ သင့်ဖုန်းကို အားသွင်းမယ်ဆိုရင်တောင် နေရောင်ခြည် တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမှာသာ အားသွင်းပါ။

၃။ အားသွင်းကြိုးကို စနစ်တကျ အားမသွင်းခြင်း

ဖုန်းအားသွင်းတဲ့အခါ ကြိုးနဲ့ ပလက်ပေါက် သေချာထိရဲ့လား၊ လွတ်နေလားဆိုတာ အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ ဖုန်းအားသွင်းကြိုးကို ဖြစ်သလို ထားတဲ့အခါ အားသွင်းကြိုးရဲ့သက်တမ်းလည်း ကြာရှည်မခံတော့ပါဘူး။

၄။ ဖုန်းကို မတိကျမသေချာတဲ့ link တွေကနေ update တင်ခြင်း

ဖုန်းအတွက်software တွေကို မယုံကြည်ရတဲ့ link တွေ၊ မသေချာတဲ့ link တွေကနေ update တင်မယ်ဆိုရင် ဖုန်းက ပိတ်သွားတာ၊ virus တွေ ဝင်သွားတာ၊ ကိုယ်ရေးအချက်အလက်တွေ ကူးယူခံရတာ စတာတွေ ကြုံတွေ့ရစေနိုင်ပါတယ်။

၅။ ဖုန်းရဲ့အတွင်းပိုင်းကို သန့်ရှင်းရေးမလုပ်ခြင်း

တချို့ဖုန်းတွေက နောက်ဖက်ကို ဖွင့်ပြီး သန့်ရှင်းရေး လုပ်လို့ရပါတယ်။ ဖုန်းထဲမှာ ဝင်နေတဲ့ဖုန်တွေက ဖုန်းရဲ့လုပ်ငန်းတွေကို နှောင့်နှေးစေပါတယ်။

၆။ အပြင်သွားတဲ့အခါ ဖုန်းကို လက်မှာကိုင်ထားခြင်း

ဖုန်းကို လက်ထဲမှာကိုင်ပြီး အပြင်သွားရင် ဖုန်းအလုခံနိုင်ရဖို့က များပါတယ်။ ပြီးတော့ လူများတဲ့နေရာတွေမှာ ဖုန်းပြောတဲ့အခါ နားကြပ်ကိုသာ အသုံးပြုပါ။

၇။ ဖုန်းကို cover မသုံးဘဲ အိတ်ထဲ ထည့်ခြင်း

ဖုန်း cover တွေက fashion တစ်ခုအနေနဲ့ လှပရုံသာမက ပွန်းတာတွေ၊ ဖုန်ဝင်တဲ့ ဒဏ်တွေကနေလည်း ကာကွယ်ပေးပါတယ်။

၈။ Original battery နေရာမှာ အရည်အသွေးမကောင်းတဲ့ battery ကို အသုံးပြုခြင်း

ဖုန်း battery ဆိုတာ ဖုန်းရဲ့နှလုံးလိုပါပဲ။ ဖုန်းအတွက် ဓါတ်ခဲကို သေသေချာချာ ရွေးချယ်သင့်ပါတယ်။ Original battery မဟုတ်ဘဲ အရည်အသွေးမကောင်းတဲ့ battery ကို အစားထိုးသုံးရင် ဖုန်းရဲ့သက်တမ်းလည်း တိုလာမှာပါ။

၉။ နားကြပ်အတု

အရည်အသွေးနိမ့်တဲ့ နားကြပ်အတုတွေက ဖုန်းရဲ့ slot တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အားသွင်းကြိုးတွေလည်း အတုအစစ်တွေ ရှိတာကြောင့် စနစ်တကျ ရွေးချယ်သင့်ပါတယ်။

၁၀။ ဖုန်းကို သန့်ရှင်းရေးလုပ်တဲ့အခါ မှားယွင်းခြင်း

ဖုန်တွေက ဖုန်းရဲ့လုပ်ငန်းတွေကို နှောင့်နှေးစေတာကြောင့် သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်ပုံက မှန်ကန်ဖို့လည်း အရေးကြီးပါသေးတယ်။

၁၁။ ဖုန်းကို နောက်အိတ်ကပ်ထဲထည့်ခြင်း

နောက်အိတ်ကပ်ထဲမှာ ဖုန်းကိုထည့်ထားရင် ခိုးခံရတာ၊ မေ့ပြီး ထိုင်မိတာကြောင့် ဖုန်းပျက်တာတွေ ကြုံတွေ့ရစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments