တခါတုန်းက ဝါးရုံ တခုထဲမှာ ရှိတဲ့ ဝါးနှစ်ချောင်းမှာ တချောင်းက ပုလွေ ဖြစ်သွား ပါတယ်။
နောက်တချောင်းက အဝတ် လှန်းတဲ့ တန်း ဖြစ်သွား ပါတယ်။
အဝတ်တန်း ဝါးက မကျေမနပ် ပုလွေကို လှမ်းမေး ပါတယ်။
"ငါတို့က ဝါးရုံ တခုထဲ ဖြစ်ရဲ့သားနဲ့ ငါက လေထဲ မိုးထဲ နေရပြီး ဘာမှတန်ဖိုး မရှိဘူး။ မင်းကျတော့ တန်ဖိုး မြင့်နေတာက ဘာ့ကြောင့်လဲ"
ပုလွေ ပြန်ဖြေ လိုက်တာက "မင်းက ဓါးတချက်ပဲ အခုတ် ခံရတယ် ငါက ဓါး အချက်ပေါင်း များစွာ အခုတ် ခံရပြီးမှ လက်ရာမြောက်စွာနဲ့ တန်ဖိုးထားခြင်း ခံရတာလေ"
အဲ့ဒီတော့မှ အဝတ်တန်းက နှုတ်ဆိတ် သွားပြီး တခု တွေးလိုက် မိတယ်။
"သြော် တန်ဖိုး မြင့်နေတဲ့ သူတိုင်းက ဒဏ်ရာပေါင်း များစွာ အလူးအလဲ ခံခဲ့ရတာ ပါလား" လို့ပေါ့။
လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ။ အခက်အခဲ အတားဆီး များစွာ ကျော်ဖြတ်ရတဲ့ ဒဏ်၊ နားလည် ပေးနိုင်သူ မရှိလို့ အထီးကျန် ဆန်တဲ့ ဒဏ်၊ ဝိုးတဝါး အခြေအနေ အောက်မှာ တာဝန်ယူရတဲ့ ဒဏ်၊
ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံ ကွေကွင်းရတဲ့ ဒဏ်၊ ဒဏ်ပေါင်းစုံကို အပြုံးနဲ့ ရင်ဆိုင် ဖြေရှင်း ကျော်လွှား နိုင်ပါမှ ဘဝက တန်ဖိုး ရှိမှာပါ။
ဒါ့ကြောင့်မို့ သူများတွေ အောင်မြင်နေတာ တွေ့ရရင် မနာလို ဝန်တို မဖြစ်မိ ပါစေနဲ့။ သူ့မှာ ဒါဏ်ရာတွေ နာကျင်မှု တွေနဲ့ ပေးဆပ်ထား ရတာတွေ ပိုများလို့ပါ။ Crd
Zawgyi
ဘာ့ေၾကာင့္ တန္ဖိုးမတူရတာလဲ
တခါတုန္းက ဝါး႐ုံ တခုထဲမွာ ရွိတဲ့ ဝါးႏွစ္ေခ်ာင္းမွာ တေခ်ာင္းက ပုေလြ ျဖစ္သြား ပါတယ္။
ေနာက္တေခ်ာင္းက အဝတ္ လွန္းတဲ့ တန္း ျဖစ္သြား ပါတယ္။
အဝတ္တန္း ဝါးက မေက်မနပ္ ပုေလြကို လွမ္းေမး ပါတယ္။
"ငါတို႔က ဝါး႐ုံ တခုထဲ ျဖစ္ရဲ႕သားနဲ႔ ငါက ေလထဲ မိုးထဲ ေနရၿပီး ဘာမွတန္ဖိုး မရွိဘူး။ မင္းက်ေတာ့ တန္ဖိုး ျမင့္ေနတာက ဘာ့ေၾကာင့္လဲ"
ပုေလြ ျပန္ေျဖ လိုက္တာက "မင္းက ဓါးတခ်က္ပဲ အခုတ္ ခံရတယ္ ငါက ဓါး အခ်က္ေပါင္း မ်ားစြာ အခုတ္ ခံရၿပီးမွ လက္ရာေျမာက္စြာနဲ႔ တန္ဖိုးထားျခင္း ခံရတာေလ"
အဲ့ဒီေတာ့မွ အဝတ္တန္းက ႏႈတ္ဆိတ္ သြားၿပီး တခု ေတြးလိုက္ မိတယ္။
"ေၾသာ္ တန္ဖိုး ျမင့္ေနတဲ့ သူတိုင္းက ဒဏ္ရာေပါင္း မ်ားစြာ အလူးအလဲ ခံခဲ့ရတာ ပါလား" လို႔ေပါ့။
လူ႔ဘဝ ဆိုတာလည္း ဒီလိုပါပဲ။ အခက္အခဲ အတားဆီး မ်ားစြာ ေက်ာ္ျဖတ္ရတဲ့ ဒဏ္၊ နားလည္ ေပးႏိုင္သူ မရွိလို႔ အထီးက်န္ ဆန္တဲ့ ဒဏ္၊ ဝိုးတဝါး အေျခအေန ေအာက္မွာ တာဝန္ယူရတဲ့ ဒဏ္၊
ဘဝေပး ကံၾကမၼာေၾကာင့္ ေတြ႕ဆုံ ေကြကြင္းရတဲ့ ဒဏ္၊ ဒဏ္ေပါင္းစုံကို အၿပဳံးနဲ႔ ရင္ဆိုင္ ေျဖရွင္း ေက်ာ္လႊား ႏိုင္ပါမွ ဘဝက တန္ဖိုး ရွိမွာပါ။
ဒါ့ေၾကာင့္မို႔ သူမ်ားေတြ ေအာင္ျမင္ေနတာ ေတြ႕ရရင္ မနာလို ဝန္တို မျဖစ္မိ ပါေစနဲ႔။ သူ႔မွာ ဒါဏ္ရာေတြ နာက်င္မႈ ေတြနဲ႔ ေပးဆပ္ထား ရတာေတြ ပိုမ်ားလို႔ပါ။ Crd
0 Comments