နွေရာသီနေပူတဲ့အခါ ဖရဲသီးက အကောင်းဆုံးအသီးပါပဲ။ အရသာလည်း ရှိသလို ရေဓာတ်လည်း ဖြည့်ပြီးသားပါပဲ။ အဲဒါကြောင့် ဖရဲသီးဝယ်တဲ့အခါ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ဝယ်ယူသင့်လဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အဝါရောင် အစက်အပြောက်လေးတွေကို ကြည့်ပါ။

ဖရဲသီးကို မှည့်နေပြီလား မမှည့်သေးဘူးလား ဆိုတာကို ခွဲကြည့်ဖို့အတွက် လွယ်ကူပါတယ်။ ဖရဲသီးမှာပါတဲ့ အဝါရောင်အပြောက်ကို ကြည့်ပါ။ ဖရဲသီးမှည့်နေတဲ့အခါ အဝါရောင် ဖြစ်နေတတ်ပြီး မမှည့်သေးရင် အဖြူရောင် ဖြစ်နေပါတယ်။

အညိုရောင်မျဉ်းများ

ဖရဲသီးတွေမှာ အညိုရောင်မျဉ်းလေးတွေ ပါနေတတ်ပါတယ်။ ဖရဲပင်ရဲ့ အပွင့်တွေပေါ်မှာ ပျားတွေက ကြိမ်ဖန်များစွာ ဝတ်မှုန်ကူးတာကြောင့် အညိုရောင်မျဉ်းလေးတွေက ဖရဲသီးပေါ်မှာ ပေါ်နေတာပါ။ များများ ဝတ်မှုန်ကူးလေ ဖရဲသီးက ပိုချိုလေပါပဲ။

ဖရဲသီး အဖိုနဲ့ အမ

ဖရဲသမီးမှာ အဖိုနဲ့ အမရှိတာကို လူအများစုက မသိကြပါဘူး။ ဖရဲသီးအဖိုဆိုရင် အသီးက ပိုကြီးပြီး ရှည်မျောမျောပုံစံ ရှိပါတယ်။ ရေဓာတ် ပိုပါဝင်ပါတယ်။ ဖရဲသီးအမကတော့ လုံးဝန်းတဲ့ပုံစံ ရှိပြီး အရသာ ပိုချိုပါတယ်။

အရွယ်အစား

ဖရဲသီးရွေးတဲ့အခါ အကြီးဆုံး ဒါမှမဟုတ် အသေးဆုံးကို မရွေးသင့်ပါဘူး။ အလယ်အလတ် အရွယ်အစားကိုသာ ရွေးချယ်သင့်ပါတယ်။

ဖရဲသီးရဲ့အညှာ

ဖရဲသီးရဲ့အညှာက ခြောက်နေရင် ဖရဲသီးမှည့်နေပါပြီ။ ဒါပေမယ့် ဖရဲသီးရဲ့အညှာက စိမ်းနေသေးရင် မမှည့်ခင် စောစောခူးထားတာပါ။

Zombie (lovemedia)