တန်ဖိုးရှိသောသူ

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ ခပ်ပေပေ၊ ခပ်တေတေ နေတတ်တဲ့ မိန်းကလေး တယောက် ရှိတယ်။ ဆံပင်တွေလည်း မသပ်မရပ်၊ အဝတ် အစားလည်း ပိုသီဖတ်သီနဲ့ စည်းမရှိ ကမ်းမရှိ နေသူလေးပေါ့။

အဲ့ဒီရွာလေးမှာ ဓလေ့ ထုံးစံလေး တခု ရှိတယ်။ အဲ့ဒီရွာက မိန်းကလေး တွေကို အမျိုးသားများက လက်ထပ်ချင်တယ် ဆိုရင် နွားအကောင်ရေ အရေအတွက်နဲ့ တင်တောင်းရ ပါတယ်တဲ့။

မိန်းကလေးတွေရဲ့ တန်ဖိုးကို နွားတကောင်မှ ဆယ်ကောင် အထိ သတ်မှတ် ကြတယ်။ စောစောက ခပ်ပေပေ နေတတ်တဲ့ မိန်းကလေးရဲ့ တန်ဖိုး ကိုတော့ နွား တကောင်သာ သတ်မှတ်ထား ပါတယ်တဲ့။

သူမ ကလည်း သူ့ကိုယ်သူ တန်ဖိုး သိပ်မရှိတဲ့သူ လို့ သတ်မှတ်ထား ပါတယ်။

တနေ့မှာတော့ အဲ့ဒီရွာလေးကို ကုန်သည်လေး တယောက် ရောက်လာ ပါတယ်။ ကုန်သည်လေဟာ အဲ့ဒီ မိန်းကလေးကို မြင်တော့ မြင်မြင်ချင်း နှစ်သက်မိ ခဲ့တယ်။

ကုန်သည်လေးက မိန်းကလေးကို နွား ၁၂ ကောင်နဲ့ တင်တောင်း လိုက်ပါတယ်။ ရွာက လူတွေ လှုပ်လှုပ် ရှားရှား ဖြစ်သွား ကြတယ်။ ဒီမိန်းကလေးက နွား ၁၂ ကောင်တောင် တန်သလားပေါ့။

မိန်းကလေး ကလည်း မိမိကို တန်ဖိုးထားတဲ့သူ ရှိတဲ့ အတွက် အဲဒီ တန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင် ဆင်ဆင် နေလိုက်ပါတယ်။

သပ်သပ် ရပ်ရပ် လှလှ ပပ ဝတ်ဆင်လိုက်တဲ့ အတွက် မိန်းကလေးဟာ အဲ့ဒီရွာမှာ တကယ်ကို အလှပဆုံးနဲ့ တန်ဖိုးအရှိဆုံး မိန်းကလေး တယောက် ဖြစ်သွား ပါတော့တယ်။

တကယ်တော့ လူတွေ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ တန်ဖိုး ထားတတ်ဖို့ပဲ လိုပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ သူဟာ သူတပါး ကိုလည်း တန်ဖိုး ထားတတ် လာပါလိမ့်မယ်။

လူတဦးနဲ့ တဦး တန်ဖိုးထား ဆက်ဆံ ခြင်းဟာ လောကကြီးကို အလှဆင်ခြင်း တမျိုးပါပဲ။ အဓိက ကတော့ တန်ဖိုး ထားတတ်ခြင်း ပါပဲ။ Crd

Post a Comment

0 Comments