အခုတော့ နားလည်ခဲ့ပြီ အမေ

ကျနော့်ရဲ့ အမေမှာ အကျင့် တခု ရှိပါတယ်။ TV ကို ၂၄ နာရီ ဖွင့်ထားတတ် တာပါ။ ထိုင်ကြည့် နေတာမျိုး မဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာ ရှိတာကို လုပ်နေတာ မျိုးပါ။

ကျနော် အိမ်ရောက်တဲ့ အခါ ကြည့်မယ့်သူ မရှိဘဲ ဖွင့်ထားတာမို့ ကျနော်က ပိတ်၊ အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ ရှိပါတယ်။

အဲဒါနဲ့ ပတ်သတ်ပြီး နောက်ဆုံး အမေ ပြောနေကျက "နင်တို့ နားမလည်ပါဘူး" တဲ့။ ကျနော် အဲဒီတုန်းက တကယ် နားမလည်ခဲ့တာပါ။

တရက် ကိစ္စတခုနဲ့ တယောက်ထဲ ခရီးထွက် ဖြစ်တယ်။ မိုင် (၄၀၀) လောက် ဝေးတဲ့ ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှ မဖြစ်ပေမယ့် အပြန် ခရီးမှာတော့ တယောက်ထဲ ကားမောင်း ရတာဟာ သိပ်ငြီးငွေ့ လာပါတယ်။

အပျင်းပြေလို ပြေငြား ဆေးလိပ်သောက်၊ ပီကေ ဝါးပေမယ့်လည်း ကားမောင်းနေ ရတာဟာ သိပ်အထီးကျန် လွန်းပါတယ်။ နောက်ဆုံး FM တွေ ဖွင့်တယ်။

ဟုတ်တယ်။ FM က ဘာနေနေ ဘာသီချင်းသံပဲ လာလာ အနည်းဆုံး လူတယောက်ရဲ့ အသံ ကြားနေရတယ်။ ကိုယ်တယောက်ထဲ အထီးကျန်သလို ဖြစ်နေတယ် လို့ မခံစားရ တော့ဘူး။

FM က ဘာပဲ လာလာ ကျနော့် အတွက် အရေးမကြီးဘူး။ ဘယ်လို အသံပဲ ထွက်နေနေ အနည်းဆုံး ကျနော့်မှာ အဖော် ရှိတယ်လို့ ခံစားရစေတယ်။

တွေးမိ စဉ်းစားနေရင်း ကျနော့် စိတ်ထဲမှာ ဖျတ်ခနဲ တယောက်ယောက်ကို အပြေးအလွှား သတိရသွား မိတယ်။ "အမေ"

မိုင်ပေါင်း ၄၀၀ လောက်လေးကို တယောက်ထဲ ဖြတ်နေရတဲ့ ကျနော်လို လူငယ်တောင် ငြီးငွေ့ အထီးကျန် လွန်းနေရင် နှစ်ပေါင်းများစွာ အိမ်ထဲမှာ တယောက်ထဲ နေရှာတဲ့ အသက် ၆၀ ကျော် အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ။

TV က စကားသံတွေ နားထောင်ပြီး အဝတ်တွေ လျှော်နေတဲ့ အမေ။ TV က ကြော်ညာသံတွေ ကြားပြီး တံမြတ်စည်းတွေ လှည်းနေတဲ့ အမေ။ TV က ဟာသ တွေ ကြည့်ပြီး မရယ်နေတဲ့ အမေ။ TV က၊ TV ထဲက ...

အမေရယ် ဘယ်အချိန် ကတည်းက ဘယ်လောက်တောင် အထီးကျန် ဖြစ်နေခဲ့တာလဲ အမေရယ်။ Crd

Zawgyi

အခုေတာ့ နားလည္ခဲ့ၿပီ အေမ

က်ေနာ့္ရဲ႕ အေမမွာ အက်င့္ တခု ရွိပါတယ္။ TV ကို ၂၄ နာရီ ဖြင့္ထားတတ္ တာပါ။ ထိုင္ၾကည့္ ေနတာမ်ိဳး မဟုတ္ဘဲနဲ႔ ဖြင့္ထားၿပီး လုပ္စရာ ရွိတာကို လုပ္ေနတာ မ်ိဳးပါ။

က်ေနာ္ အိမ္ေရာက္တဲ့ အခါ ၾကည့္မယ့္သူ မရွိဘဲ ဖြင့္ထားတာမို႔ က်ေနာ္က ပိတ္၊ အေမက ျပန္ဖြင့္နဲ႔ မၾကာခဏ စကားမ်ားေလ့ ရွိပါတယ္။ အဲဒါနဲ႔ ပတ္သတ္ၿပီး ေနာက္ဆုံး အေမ ေျပာေနက်က "နင္တို႔ နားမလည္ပါဘူး" တဲ့။ က်ေနာ္ အဲဒီတုန္းက တကယ္ နားမလည္ခဲ့တာပါ။

တရက္ ကိစၥတခုနဲ႔ တေယာက္ထဲ ခရီးထြက္ ျဖစ္တယ္။ မိုင္ (၄၀၀) ေလာက္ ေဝးတဲ့ ခရီးကို အသြားမွာ ေမာင္းေနတုန္းက ဘာမွ မျဖစ္ေပမယ့္ အျပန္ ခရီးမွာေတာ့ တေယာက္ထဲ ကားေမာင္း ရတာဟာ သိပ္ၿငီးေငြ႕ လာပါတယ္။ အပ်င္းေျပလို ေျပျငား ေဆးလိပ္ေသာက္၊ ပီေက ဝါးေပမယ့္လည္း ကားေမာင္းေန ရတာဟာ သိပ္အထီးက်န္ လြန္းပါတယ္။ ေနာက္ဆုံး FM ေတြ ဖြင့္တယ္။

ဟုတ္တယ္။ FM က ဘာေနေန ဘာသီခ်င္းသံပဲ လာလာ အနည္းဆုံး လူတေယာက္ရဲ႕ အသံ ၾကားေနရတယ္။ ကိုယ္တေယာက္ထဲ အထီးက်န္သလို ျဖစ္ေနတယ္ လို႔ မခံစားရ ေတာ့ဘူး။ FM က ဘာပဲ လာလာ က်ေနာ့္ အတြက္ အေရးမႀကီးဘူး။ ဘယ္လို အသံပဲ ထြက္ေနေန အနည္းဆုံး က်ေနာ့္မွာ အေဖာ္ ရွိတယ္လို႔ ခံစားရေစတယ္။

ေတြးမိ စဥ္းစားေနရင္း က်ေနာ့္ စိတ္ထဲမွာ ဖ်တ္ခနဲ တေယာက္ေယာက္ကို အေျပးအလႊား သတိရသြား မိတယ္။ "အေမ" မိုင္ေပါင္း ၄၀၀ ေလာက္ေလးကို တေယာက္ထဲ ျဖတ္ေနရတဲ့ က်ေနာ္လို လူငယ္ေတာင္ ၿငီးေငြ႕ အထီးက်န္ လြန္းေနရင္ ႏွစ္ေပါင္းမ်ားစြာ အိမ္ထဲမွာ တေယာက္ထဲ ေနရွာတဲ့ အသက္ ၆၀ ေက်ာ္ အေမဟာ ဘယ္ေလာက္မ်ား အထီးက်န္ရွာ လိမ့္မလဲ။

TV က စကားသံေတြ နားေထာင္ၿပီး အဝတ္ေတြ ေလွ်ာ္ေနတဲ့ အေမ။ TV က ေၾကာ္ညာသံေတြ ၾကားၿပီး တံျမတ္စည္းေတြ လွည္းေနတဲ့ အေမ။ TV က ဟာသ ေတြ ၾကည့္ၿပီး မရယ္ေနတဲ့ အေမ။ TV က၊ TV ထဲက ... အေမရယ္ ဘယ္အခ်ိန္ ကတည္းက ဘယ္ေလာက္ေတာင္ အထီးက်န္ ျဖစ္ေနခဲ့တာလဲ အေမရယ္။ Crd

Post a Comment

0 Comments