မြည်းပုနှင့် ကျား

တခါတုန်းက Guizhou ပြည်နယ်မှာ မြည်းပု ဆိုလို့ တကောင်မှ မရှိခဲ့ ပါဘူး။ ဒါကြောင့် တနေ့မှာ လူတယောက်ဟာ မြည်းပု တကောင်ကို ဝယ်ပြီး သင်္ဘောနဲ့ တင်ဆောင် လာခဲ့တယ်။

Guizhou ကို ရောက်တဲ့ အခါ မြည်းပုကို ဘယ်နေရာမှာ သုံးရမယ်မှန်း မသိသလို ဘယ်မှာ အသုံးဝင်မှန်းလည်း မသိခဲ့ဘူး။ ဒါကြောင့် ဝယ်လာတဲ့ သူဟာ မြည်းပုကို တောင်ခြေရင်းမှာ ချည်ပြီး ထားခဲ့တယ်။

တနေ့မှာ တောင်ကြားထဲ ကနေ ကျားတကောင် ထွက်လာ ခဲ့တယ်။ ကျားဟာ မြည်းပုရဲ့ ဝဝ တုတ်တုတ် ခန္ဓာကိုယ်ကို ကြည့်ပြီး ဒါဟာ နတ်တွေ ဖန်ဆင်းထားတဲ့ အကောင်ကြီး ဖြစ်ရမယ် လို့ တွေးမိတယ်။ ဒါကြောင့် တောထဲကို အလျင်အမြန် ပြေးဝင်ပြီး သစ်ပင်တွေ အကွယ် ကနေ မြည်းကို စောင့်ကြည့် နေခဲ့တယ်။

ကျားဟာ မကြာခဏ ဆိုသလို မြည်းပု အနီးကို သွားခဲ့ပေမယ့် အန္တရယ် မရှိနိုင် လောက်တဲ့၊ သူထွက်ပြေးလို့ လွတ်နိုင် လောက်တဲ့ အကွာအဝေး ကနေပဲ စောင့်ကြည့် နေခဲ့တယ်။

တနေ့မှာ ကျားဟာ မြည်းပုနားကို ထွက်လာ ခဲ့တယ်။ အဲဒီအခါ မြည်းပုဟာ ကြောက်လန့်ပြီး အသံကျယ်ကျယ်နဲ့ အော်ဟစ် လိုက်တယ်။ ထိုအခါ ကျားဟာ သူ့ကို စားတော့မယ် လို့ ထင်ပြီး တောထဲကို အလျင်အမြန်ပဲ ပြေးဝင်သွား ပြန်တယ်။

ခဏ ကြာတဲ့အခါ ကျားဟာ ဖြည်းဖြည်းချင်း ပြန်လှည့်လာပြီး မြည်းပုကို သေချာ ကြည့်တယ်။ အဲဒီအခါမှာ မြည်းပုဟာ ခန္ဓာကိုယ် ဝဖီးပေမယ့် ဘာမှ လုပ်နိုင် ကိုင်နိုင်စွမ်း မရှိ၊ တိုက်ခိုင် နိုင်စွမ်း မရှိတဲ့ အကောင် ဆိုတာ သဘောပေါက် သွားတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် ကြာတဲ့အခါ ကျားဟာ တဖြည်းဖြည်း မြည်းပုကို ကြောက်တဲ့ စိတ်တွေ လျော့နည်းလာ ခဲ့တယ်။ ပြီးတော့ မြည်းပုကို ခုန်အုပ် လိုက်တယ်။

မြည်းပုဟာ အလွန် စိတ်ဆိုးပြီး သူ့ခြေထောက်တွေနဲ့ ကျားကို ကန်လိုက်တယ်။ ထိုအခါ ကျားဟာ ဝမ်းသာအားရနဲ့ မြည်းပုကို ပြောလိုက်တယ်။

"ဒီလို အကောင်ကြီးကြီး ဝဝဖီးဖီးတွေက ဘာမှလည်း လုပ်နိုင်စွမ်း မရှိပါလား" အဲဒီလို ပြောပြီး ကျားဟိန်းသံပေးလို့ မြည်းပုကို တစ်ခါတည်း ခုန်အုပ်ပြီးစားလိုက်ပါတော့တယ်။

ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာ ကတော့ Appearance ဆိုတဲ့ ပုံပန်းသဏ္ဍန်က ဘယ်လောက်ပဲ ဟိတ်ဟန် ကောင်းနေပါစေ Ability ဆိုတဲ့ လုပ်နိုင်စွမ်း ကသာ အဆုံးအဖြတ် ပေးသွားတာပါ။

Crd သက်တန့်ချို

Post a Comment

0 Comments