သူခိုးနှင့် အိမ်စောင့်ခွေး

တခါတုန်းက ညတညမှာ သူခိုးတယောက်ဟာ အိမ်တအိမ်မှ ပစ္စည်း ဥစ္စာ ခိုးယူရန် ဝင်ရောက် လာသည်။ ထိုအခါ အိမ်စောင့်ခွေး ကလည်း ကျူးကျော် လာသော သူခိုးကို မြင်သည်နှင့် တပြိုက်နက် ကျယ်လောင်စွာ ဟိန်းဟောင် နေသည်။

သူခိုး ကလည်း ခွေးဟောင်သံကို ကြားလျှင် အိမ်သူ အိမ်သား နိုး၍ သူ၏ အကြံအစည်တွေ ပျက်စီးသွားမှာ စိုးရိမ် သောကြောင့် အလိုက်သင့် ယူဆောင် လာသော အမဲသားတုံးကို ခွေးအား ပစ်ပေးလိုက်၏။

ထိုအခါ အိမ်စောင့်ခွေးဟာ သူခိုး ယူဆောင်လာသော အမဲသားတုံးကို မစားဘဲ ဆက်လက်၍ ဟောင်နေလေသည်။ ထို့နောက် အိမ်စောင့်ခွေးဟာ အလွန်တရာ ဒေါသ ထွက်လွန်း၍ သူခိုးအား

"သင့်ကို ငါက လူဆိုး တယောက် ဟုသာ ထင်ခဲ့မိသည်။ သို့သော် အခုကျတော့ ငါ့ကို အမဲသားတုံးနဲ့ နှုတ်ပိတ်အောင် လာဘ်ထိုး နေပါလား။ ဒီလို လုပ်ရပ်ကြောင့် လူဆိုး သူခိုး အစစ်အမှန် ထင်ရှား လှတယ်။

ဒါကြောင့် ရှေ့သို့ မတိုးလာပါနှင့်။ အကယ်၍ လာခဲ့လျှင် ငါ့ရဲ့ အိမ်စောင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ငါ့ရဲ့ သခင် နိုးအောင်အထိ ဟိန်းဟောင် နေမည်" ဟု ပြောကြား လိုက်လေ၏။ Ref : The Thief and the Housedog

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာလည်း သူခိုးလို မိမိ လိုချင်တောင့်တတဲ့ အရာတွေကို လာဘ်ထိုးပြီး လုပ်နေကြသူများ ရှိနေကြပါတယ်။ လာဘ်ထိုးမှုဟာ နေရာတိုင်း လိုလိုမှာ ရှိနေပါတယ်။

ငွေကြေး ဥစ္စာ ရှိတဲ့သူက သူတို့၏ ဖြစ်ချင်မှု လိုချင်မှု တွေကို လာဘ်ထိုးမှုများ ပြုလုပ်နေကြပါတယ်။ ဌာနတိုင်း နေရာတိုင်းတွေမှာ လာဘ်ထိုးမှုဟာ မသိမသာ အနည်းငယ်စီ ရှိနေကြပါတယ်။

နောက်ပြီး တချို့ နေရာတွေ၊ အလုပ်အကိုင်တွေ၊ ဌာနတွေမှာ လာဘ်ထိုးတဲ့ သူတွေဟာ ရှေ့ရောက်ပြီး လာဘ်မထိုး နိုင်တဲ့ သူတွေက နောက်မှာသာ အမြဲ ကျန်ရစ် နေတတ်ကြပါတယ်။

လာဘ်ထိုးမှုရဲ့ အဓိက အကြောင်းအရင်းက တကိုယ်ကောင်းဆန်မှု နဲ့ လောဘတရား ကြောင့်သာ ဖြစ်ပါတယ်။ တကိုယ်ကောင်း မဆန်ပါနဲ့။

လူတိုင်းမှာ ဖြစ်ချင်တာ ပိုင်ဆိုင်ချင်တာ ရှိနေတတ် ပါတယ်။ မျှဝေပြီး ခံစားခွင့် ပေးလိုက်ပါ။ လူတိုင်းမှာ လောဘတော့ အနည်း အများ ရှိနေတတ် ပါတယ်။ သို့သော် လောဘတရား မလွန်ကဲပါနဲ့။ ရိုးသားမှုဖြင့် ရှာဖွေ စားသောက်ပါ။ Crd

Post a Comment

0 Comments