သူတို့အထင် သူတို့စရိုက်

တခါတုန်းက သူခိုး တယောက်က တညလုံး ခိုးပြီး မနက် မိုးလင်းခါနီး ကြတော့ ရွာအပြင်နားက ဇရပ်မှာ အိပ်နေ ပါ တယ်။

ဒီလိုပဲ သူတော်စင် တဦးကလည်း တညလုံး ကုသိုလ် ဘာဝနာ အလုပ် လုပ်ပြီး မနက် မိုးလင်းချိန် ရောက်တော့မှ ရွာရဲ့ အပြင် ဇရပ်ကို လမ်းလျှေက်ရင်း ရောက်လာခဲ့ ပါတယ်။

အဲဒီမှာ အိပ်ပျော် နေတဲ့ သူခိုးကို တွေ့ပြီး သူတော်စင်က မှတ်ချက် တခု ချတယ်။

"အော် သူလည်း ငါ့လို တညလုံး အလုပ် လုပ်ပြီး အိပ်ပျော် နေတာ ဖြစ်မယ်" လို့ မှတ်ယူကာ ပါလာတဲ့ သူ့ရဲ့ ခြုံစောင်ကို သူခိုးကို ခြုံပေးပြီး အနားမှာ ခေတ္တ လှဲလျှောင်း အိပ်စက် နေလိုက် ပါတယ်။

ခဏကြာတော့ သူခိုးက နိုးလာတော့ အနားမှာ အိပ်နေတဲ့ သူတော်စင်ကို မြင်တော့ သူလည်း မှတ်ချက် တခု ချပြန်တယ်။

"အော် သူလည်း ညက ငါ့လို တညလုံး ခိုးပြီး အိပ်နေတာ ဖြစ်မယ်" တဲ့။

မိတ်ဆွေတို့ကို ပြောချင်တဲ့ စကား၊ ပေးချင်တဲ့ Messages က အဲဒါ ပါဘဲ။ လူဟာ မိမိ စိတ်ထဲ ရှိတဲ့ အတိုင်း သူတပါးကို စဉ်းစား တွေးတောပြီး ကိုယ့်ရဲ့ အတွေး အတိမ် အနက်နဲ့ ခန့်မှန်းခြေ တွေနဲ့ ပြုမူ ပြောဆို တတ်ကြပါတယ်။

ကိုယ်တိုင်က သူခိုး ဆိုရင် တပါးသူ ကိုလည်း သူခိုး လို့ပဲ ထင်တတ်တာ ဖြစ်တတ်တဲ့ သဘောတရားပါ။ ကိုယ်တိုင် လူကောင်းဆို သူတပါး ကိုလည်း လူကောင်းလို့ ထင်မှာပါ။

မိဘတွေ ဆုံးမ စကားကို သတိရ လာတယ်။ မျက်စေ့ ၂ လုံးက တလုံးသည် ကိုယ့်အပြစ်ကို ကြည့်ဖို့ ဖြစ်တယ်။

ကျန် တလုံးက အပြင်လောကကို အကောင်း တရားဘက်က မြင်တတ်ဖို့ အရေးကြီး ပါတယ်တဲ့။ Crd DarLi

Zawgyi

သူတို႔အထင္ သူတို႔စ႐ိုက္

တခါတုန္းက သူခိုး တေယာက္က တညလုံး ခိုးၿပီး မနက္ မိုးလင္းခါနီး ၾကေတာ့ ႐ြာအျပင္နားက ဇရပ္မွာ အိပ္ေန ပါ တယ္။ ဒီလိုပဲ သူေတာ္စင္ တဦးကလည္း တညလုံး ကုသိုလ္ ဘာဝနာ အလုပ္ လုပ္ၿပီး မနက္ မိုးလင္းခ်ိန္ ေရာက္ေတာ့မွ ႐ြာရဲ႕ အျပင္ ဇရပ္ကို လမ္းေလွ်က္ရင္း ေရာက္လာခဲ့ ပါတယ္။

အဲဒီမွာ အိပ္ေပ်ာ္ ေနတဲ့ သူခိုးကို ေတြ႕ၿပီး သူေတာ္စင္က မွတ္ခ်က္ တခု ခ်တယ္။ "ေအာ္ သူလည္း ငါ့လို တညလုံး အလုပ္ လုပ္ၿပီး အိပ္ေပ်ာ္ ေနတာ ျဖစ္မယ္" လို႔ မွတ္ယူကာ ပါလာတဲ့ သူ႔ရဲ႕ ၿခဳံေစာင္ကို သူခိုးကို ၿခဳံေပးၿပီး အနားမွာ ေခတၱ လွဲေလွ်ာင္း အိပ္စက္ ေနလိုက္ ပါတယ္။

ခဏၾကာေတာ့ သူခိုးက ႏိုးလာေတာ့ အနားမွာ အိပ္ေနတဲ့ သူေတာ္စင္ကို ျမင္ေတာ့ သူလည္း မွတ္ခ်က္ တခု ခ်ျပန္တယ္။ "ေအာ္ သူလည္း ညက ငါ့လို တညလုံး ခိုးၿပီး အိပ္ေနတာ ျဖစ္မယ္" တဲ့။

မိတ္ေဆြတို႔ကို ေျပာခ်င္တဲ့ စကား၊ ေပးခ်င္တဲ့ Messages က အဲဒါ ပါဘဲ။ လူဟာ မိမိ စိတ္ထဲ ရွိတဲ့ အတိုင္း သူတပါးကို စဥ္းစား ေတြးေတာၿပီး ကိုယ့္ရဲ႕ အေတြး အတိမ္ အနက္နဲ႔ ခန႔္မွန္းေျခ ေတြနဲ႔ ျပဳမူ ေျပာဆို တတ္ၾကပါတယ္။

ကိုယ္တိုင္က သူခိုး ဆိုရင္ တပါးသူ ကိုလည္း သူခိုး လို႔ပဲ ထင္တတ္တာ ျဖစ္တတ္တဲ့ သေဘာတရားပါ။ ကိုယ္တိုင္ လူေကာင္းဆို သူတပါး ကိုလည္း လူေကာင္းလို႔ ထင္မွာပါ။

မိဘေတြ ဆုံးမ စကားကို သတိရ လာတယ္။ မ်က္ေစ့ ၂ လုံးက တလုံးသည္ ကိုယ့္အျပစ္ကို ၾကည့္ဖို႔ ျဖစ္တယ္။ က်န္ တလုံးက အျပင္ေလာကကို အေကာင္း တရားဘက္က ျမင္တတ္ဖို႔ အေရးႀကီး ပါတယ္တဲ့။ Crd DarLi

Post a Comment

0 Comments