ကျေးဇူးရှိရင် ကျေးစွပ်တယ်

တခါတုန်းက လှေနဲ့ ခရီးထွက်လာကြတဲ့ ကုန်သည် အချို့ဟာ ရေကြောင်းခရီးရဲ့ မောပန်းမှု တွေကြောင့် အနားယူဖို့ ကျွန်းကို လိုက်ရှာ ကြပါတယ်။ ကံကောင်းချင်တော့ သိပ်ပြီးတောင် မရှာလိုက် ရပါဘူး။

သိပ်လှပတဲ့ ကျွန်းကြီး တကျွန်းကို ရှာတွေ့လိုက်ပါတယ်။ ပါလာတဲ့ ကုန်ပစ္စည်းတွေ ကျွန်းပေါ်ကိုသယ်၊ လှေကြီးကို ကမ်းစပ်မှာ ချည်ပြီး ကျွန်းပေါ်မှာ အမောဖြေ ကြပါတယ်။

ဒီလိုနဲ့ သူတို့ဟာ ကျွန်းပေါ်မှာ စားစရာ လိုက်ရှာတာ အချိန်သာ ကုန်သွားတယ် တခုမှ မတွေ့ပါဘူး။ အဲ့လိုနဲ့ လိုက်ရှာရင်း အပင်မြင့်ကြီးတပင်ကို တွေ့လိုက်တာပေါ့။ အပင်ကြီးရဲ့ အကိုင်းအခက် တွေမှာ သိပ်လှပပြီး အနံ့မွှေး တဲ့ အသီးတွေ ဝေဆာနေ ပါတယ်။ သူတို့လည်း အပင်ကြီးက မြင့်တော့ မမှီပါဘူး။ မောလာလို့ အရည်ရွှမ်းတဲ့ အသီးတွေ စားချင်ခါမှ အပင်မြင့်တာကြောင့် ထိုင်ပြီး ညည်းတွားနေ ကြပါတယ်။

သူတို့ရဲ့ ညည်းတွားသံကို အပင်ရဲ့ ဂလိုင်ပေါက် ထဲက မြွေကြီး ကြားပြီး အပြင်ကို ထွက်လာပါတယ်။ သူတို့တွေကို ရန်မပြုဘဲ "မိတ်ဆွေတို့သာ ကျွန်ုပ်ဖို့ ဖားတခြင်းစာ ပေးမယ်ဆို သင်တို့ စားချင်တဲ့ အသီးကို ခူးပေးပါမယ်" လို့ ကုန်သည်တွေနဲ့ အပေးအယူ တခု လုပ်လိုက် ပါတယ်။

ကုန်သည်တွေ ကလည်း သူတို့မှာ ဖား ပါမလာကြောင်း သူတို့ပြန်ပြီး ဒီကို ပြန်လာကာ ဖားတွေ ပေးပါမယ်လို့ ကတိပေး လိုက်ပါတယ်။ မြွေကြီးလည်း သဘောတူပြီး အပင်ပေါ် တက်သွားပါတယ်။ အသီးတွေကို အမြှီးနဲ့ ရိုက်ပြီး ခြွေချပေးပါတယ်။ကုန်သည်တွေလည်း အသီးတွေစားပြီး အနားယူ ပါတော့တယ်။ ပိုတဲ့ အသီးတွေ ကိုလည်း အိမ်ပြန် လက်ဆောင် အဖြစ် သူတို့ရဲ့ဆွေမျိုးတွေကို ပေးဖို့ ယူသွားတာပေါ့။

နှစ်တွေ လတွေသာ ကြာသွားပါတယ်။ ဘယ်သူမှ မြွေကြီးအတွက် ဖားတွေ လာမပို့ ပေးပါဘူး။ မြွေကြီးကလည်း လာမပို့တာကို အာရုံမထားပဲ သူတို့ မေ့နေတာ ဖြစ်ပါလိမ့်မယ် လို့ ဖြေသိပ်ပြီး ခွင့်လွှတ်ပေး လိုက်ပါတယ်။

နောက်လ အနည်းငယ် ကြာတော့ ကုန်သည် အုပ်စုလည်း နိုင်ငံတခုကို ကုန်သွယ်ဖို့ ခရီးတခေါက် ထွက်လာကြ ပြန်ပါတယ်။ အဲ့ဒီနိုင်ငံကို မရောက်မီ လမ်းတဝက်မှာ မြွေကြီးရှိတဲ့ ကျွန်းပေါ်တက် အနားယူကြ ပြန်ပါတယ်။

မြွေကြီး ထွက်လာပြီး သူတို့ကိုနှုတ်ဆက်ပါတယ်။ သူတို့လည်း အပင်ကြီးကိုခုတ် လှေတခုဆောက် အပင်ကြီးရဲ့ အသီးတွေကို အဲ့ဒီလှေနဲ့သယ် ကုန်သွယ်မယ့်နိုင်ငံကို ယူသွားကြ ပါတော့တယ်။ မြွေကြီးဟာ စိတ်သဘောထား ပြည့်ဝစွာ ခွင့်လွှတ်ခဲ့ ပါတယ်။ ရက်အနည်းငယ် ကြာတော့ ပင်လယ်ထဲက မုန်တိုင်းတခုကြောင့် လှေမှောက်ပြီး ကုန်သည် အနည်းငယ်သာ အသက်ရှင် ကျန်ရစ်ပါတယ်။

အသက်ရှင် ကျန်တဲ့ ကုန်သည်တွေဟာ ကျွန်းပေါ်ကို ပြန်ရောက်လာ ကြပါတယ်။ မြွေကြီးလည်း သူဆုထားတဲ့ ကျန်တဲ့ အသီးတွေကို ကြွေးပြီး ကယ်တင်ခဲ့ ပါတယ်။ ကုန်သည်တွေလည်း မြွေကြီးကြောင့်သာ ပြန်ကျန်းမာ လာခဲ့ပေမယ့် အားအင် နည်းပါးနေ ပါသေးတယ်။

ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်တွေခုတ် လှေဆောက် နိုင်လောက်တဲ့ အားမျိုး မရှိသေးတော့ မြွေကြီးရဲ့ ဥတွေကို စားလိုက်ကြပါတယ်။ ထိုအခါမှာတော့ မြွေကြီးလည်း ခွင့်မလွှတ်နိုင်ဘဲ ဒေါသ တအား ထွက်ပြီး ကုန်သည်တွေကို ကိုက်သတ်ပစ် လိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ ကိုယ့်ပေါ် ကို အကြိမ်ကြိမ် မဟုတ်တာတောင် တကြိမ်တခါ ကောင်းပြီး နားလည်မှု ပေးနိုင်သူ၊ ကူညီဖူးသူ အပေါ် ကျေးဇူး မသိတတ်ရင်နေပါ၊ ဘယ်လို အကျပ်အတည်း ကြောင့်နဲ့မှ ဘယ်လို့ အကြောင်းကြောင့်နဲ့မှ သစ္စာမရှိတဲ့ လုပ်ရပ် ကျေးဇူးကန်းတဲ့ လုပ်ရပ်ကို မပြုလုပ်သင့်ပါဘူး။

ဘဝ ခဏတာမှာ တွေ့ရတဲ့ မိတ်ဆွေကောင်းတွေ ကိုလည်း တိုက်ဆိုင်ရင် တိုက်ဆိုင်သလို အကူအညီ ပေးသင့်ပါတယ်။ ဘဝမုန်တိုင်း တွေကြောင့် ပြိုလဲချိန်မှာလည်း ဒီအတိုင်း ကြည့်မနေဘဲ ကိုယ်တတ်နိုင်သလောက် ဖေးမ ကူညီပေးလိုက်ပါ။ သူမဲ့ပြရင် ပြန်မဲ့ပြတယ် ဆိုတာ မှန်ပဲ ရှိတာပါ။

မေတ္တာတရားဆိုတာ ကြက်တောင် ရိုက်သလို ပါဘဲ။ ဆယ်ကြိမ်မှာ ကိုယ်ဘက်ကို ကိုးကြိမ်လောက် ပြန်လာပါတယ်။ လက်စားချေခြင်းဟာ ဘာနဲ့မှ လဲလို့မရအောင် အရသာ ရှိပေမယ့် အချို့ နေရာမှာလည်း ခွင့်လွှတ် နားလည် ပေးနိုင်ခြင်းဟာ ဘာနဲ့မှ မတူတဲ့ အေးချမ်းမှုတွေကို ပေးစွမ်းပါတယ်။ Crd

Post a Comment

0 Comments