လူအများစု အသုံးပြုပုံလွဲမှားနေတဲ့ နေ့စဉ်သုံးပစ္စည်း (၁၀) ခု

နေ့စဉ်ဘဝမှာ လိုအပ်တဲ့ ပစ္စည်းတွေကို အမြဲတမ်း သုံးနေပေမယ့် အသုံးပြုနည်းက တစ်ခါတရံမှာ လွဲမှားနေတတ်ပါတယ်။ အဲဒီအခါ ဘယ်လိုအရာတွေကို အသုံးပြုနည်းမှားနေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကားစတီယာရင်ကိုင်ပုံ

ယာဉ်မတော်တဆမှုကနေ ထိခိုက်ဒဏ်ရာတွေ မရဖို့ ကားစတီယာရင်ကိုင်ပုံက အရေးကြီးပါတယ်။ စိတ်အချရဆုံး ကိုင်နည်းကတော့ လက်ကို စတီယာရင်ရဲ့အလယ်မှာ ကိုင်တာပါ။ လေအိတ်က လက်နဲ့ လက်မောင်းဆီကို ပွင့်မလာစေဖို့ ဒီနည်းက ကာကွယ်ပေးပါတယ်။

၂။ အိမ်သာရေဆွဲချတဲ့ပုံစံ

အိမ်သာကို ရေဆွဲချတဲ့အခါ အဖုံးကို ပိတ်ပြီးမှ ရေဆွဲချသင့်ပါတယ်။ အဲဒီအခါ ဘက်တီးယားတွေ၊ အမှုန်တွေတွေက လေထဲကို မပျံ့လွင်စေတော့ပါဘူး။

၃။ ချွေးနံ့ပျောက်ဆေး

ချွေးနံ့ပျောက်ဆေးကို လူအများစုက မနက်ရေချိုးပြီးချိန်မှာ လိမ်းတတ်ကြပါတယ်။ မနက်ပိုင်းမှာ ချွေးထွက်တာ ပိုများတာကြောင့် ချွေးနံ့ပျောက်ဆေးလိမ်းပေမယ့် သိပ်မထိရောက်ပါဘူး။ အကောင်းဆုံးအချိန်ကတော့ ညဘက်ရေချိုးပြီးတဲ့အခါ အရေပြားခြောက်သွေ့နေချိန်ပါ။ အဲဒီအခါ ချွေးနံ့ပျောက်ဆေးရဲ့ရနံ့က ပိုပြီး ကြာရှည်ခံပါတယ်။

၄။ အဝတ်အစား

အဝတ်အစားတွေကို မတွန့်ကြေအောင်၊ ရှာရလွယ်စေအောင် လိပ်ပြီး သိမ်းတာက ပိုပြီးအဆင်ပြေပါတယ်။

၅။ ချောင်းဆိုးတဲ့အခါ

ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ချောင်းဆိုးတတ်၊ နှာချေတတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက လုံးဝကို လွဲနေတာပါ။ လက်ကို ပြန်ဖြန့်လိုက်တဲ့အခါ ဗိုင်းရပ်စ်တွေက အလွယ်တကူ ပြန့်နှံ့သွားနိုင်ပါတယ်။ အဲဒါကြောင့် ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ တံတောင်ဆစ်ကို အသုံးပြုတာက ပိုးမွှားတွေက ပျံ့နှံ့တာ နည်းပါးစေပါတယ်။

၆။ မွှေစက်

မွှေစက်ကို အသုံးပြုပြီးတဲ့အခါ ပန်းကန်ဆေးတဲ့ဖော့နဲ့ မဆေးကြောသင့်ပါဘူး။ မွှေစက်ထဲကို ရေအနည်းငယ်၊ ပန်းကန်ဆေးဆပ်ပြာရည် ထည့်ပြီး စက်ကို ဖွင့်လိုက်ပါ။ အဲဒီအခါ အလိုအလျောက် သန့်ရှင်းပြီးသားပါပဲ။

၇။ အိပ်စက်တဲ့ပုံစံ

သင်က မှောက်အိပ်ရတာကို သဘောကျသူ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ မှောက်အိပ်တာက ကျောနဲ့ ကျောရိုးပေါ်မှာ ဖိအားတွေ သက်ရောက်စေတာကြောင့် အိပ်ရတာ အဆင်မပြေပါဘူး။ တစ်ရက်လုံး အိပ်ရေးမဝသလို ခံစားရစေပါတယ်။ ပက်လက်အိပ်တာက ကျောရိုးနဲ့ လည်ပင်းကျန်းမာရေးအတွက် အသင့်တော်ဆုံးပါပဲ။

၈။ ကီးဘုတ်ဒေါက်

လူအများစုက စာရိုက်တဲ့အခါ ကီးဘုတ်မှာ ပါတဲ့ ဒေါက်လေးနှစ်ချောင်းကို ထောက်ထားတတ်ကြပါတယ်။ ကီးဘုတ်ဒေါက်ကို ထောက်ပြီး စာရိုက်တဲ့အခါ အချိန်ကြာလာရင် လက်ကောက်ဝတ်တွေ နာကျင်လာပါတယ်။

၉။ အဝတ်လှန်းချိတ်

မနက်ခင်းသွားစရာရှိလို့ မီးပူမတိုက်ရသေးတဲ့အခါ ဒီနည်းက အရမ်းအသုံးဝင်ပါတယ်။ တစ်ရှူးစက္ကူထဲမှာပါတဲ့ အလိပ်လေးကို အဝတ်လှန်းချိတ်ထဲမှာ ညှပ်ထားလိုက်ပြီး အဝတ်ကို ချိတ်လိုက်ပါ။ အဲဒီအခါ အဝတ်အစားက အတွန့်အကြေတွေ နည်းသွားပါတယ်။

၁၀။ ဖိနပ်ကြိုး

ဖိနပ်ကြိုးချည်တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း ယုန်နားရွက်ပုံစံလေးအတိုင်း ထားပြီးမှ ကန့်လန့်ဖြတ် ပြန်ချည်ပါ။ အဲဒီအခါ ဖိနပ်က အရင်ကလောက် ကြိုးမလျော့လွယ်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments