ဝက်တကောင်မွေးတဲ့ နည်းနဲ့ ဝက်ဆယ်ကောင် မမွေးပါနဲ့

တခါတုန်းက လယ်သမားကြီး တယောက်ဟာ ဈေးထဲက ဝက်ကလေး တကောင် ဝယ်လာတယ်။

အိမ်ရောက်တော့ အိမ်ခြံဝင်း ထဲမှာ လွှတ်ထား လိုက်တယ်။ စာကြွင်း စားကျန်တွေ ကျွေးတယ်။

ဝက်က ထွက်တဲ့ မစင်ကို ခြံထဲက သစ်ပင်တွေ ခြေရင်းမှာ ပုံလိုက်တယ်။ မြေဩဇာ ဖြစ်သွားတယ်။

ကုန်ကျစရိတ် မဆိုသလောက်နဲ့ ဝက်က ကြီးလာတယ်။ ရောင်းလိုက်တော့ အမြတ်တွေ အများကြီး ရတယ်။

"ဟုတ်ပြီကွ" ဆိုပြီး လယ်သမားကြီးက ဝက်ကလေး ၁၀ ကောင် ဝယ်လိုက်တယ်။

အဲဒီမှာ ဂျွမ်းပစ်တာပဲ။ ဝက် ၁၀ ကောင်ကို စားကြွင်း စားကျန် ကျွေးလို့ မရဘူးလေ။

ဝက် ၁၀ ကောင်က ထွက်တဲ့ မစင်က အများကြီး။ ဝက်တွေက ဆူလို့ အိမ်နားနီးချင်းတွေက သူကြီးကို တိုင်တယ်။

နောက်ဆုံး ဝက်တကောင် ရောဂါ ဖြစ်ရာ ကနေ ဝက် ၁၀ ကောင်လုံး ရောဂါ ဖြစ်ပြီး သေကုန်ရော။

သင်ခန်းစာလေးက ဝက် တကောင် မွေးရတာနဲ့ ဝက် ၁၀ ကောင် မွေးရတာ မတူပါ။ လုပ်ငန်း တခုကို တနိုင်တပိုင် အောင်မြင်အောင် လုပ်ရတာ လွယ်ပါတယ်။

တနိုင်တပိုင် ကနေ လုပ်ငန်းကြီး ချဲ့တော့မယ် ဆိုရင် နည်းစနစ် ကောင်းကောင်း လိုပါတယ်။ ပုံစံတွေ ပြောင်းရ ပါမယ်။ လုပ်နည်း လုပ်ဟန်တွေ ပြောင်းရပါမယ်။

စဉ်းစားပါ၊ တွေးပါ။ ဝက်တကောင် မွေးတုန်းက နည်းတွေနဲ့ ဝက် ၁၀ ကောင် မွေးဖို့ မကြိုးစား ပါနဲ့။

Crd

Zawgyi

ဝက္တေကာင္ေမြးတဲ့ နည္းနဲ႔ ဝက္ဆယ္ေကာင္ မေမြးပါနဲ႔

တခါတုန္းက လယ္သမားႀကီး တေယာက္ဟာ ေဈးထဲက ဝက္ကေလး တေကာင္ ဝယ္လာတယ္။

အိမ္ေရာက္ေတာ့ အိမ္ၿခံဝင္း ထဲမွာ လႊတ္ထား လိုက္တယ္။ စာႂကြင္း စားက်န္ေတြ ေကြၽးတယ္။

ဝက္က ထြက္တဲ့ မစင္ကို ၿခံထဲက သစ္ပင္ေတြ ေျခရင္းမွာ ပုံလိုက္တယ္။ ေျမဩဇာ ျဖစ္သြားတယ္။

ကုန္က်စရိတ္ မဆိုသေလာက္နဲ႔ ဝက္က ႀကီးလာတယ္။ ေရာင္းလိုက္ေတာ့ အျမတ္ေတြ အမ်ားႀကီး ရတယ္။

"ဟုတ္ၿပီကြ" ဆိုၿပီး လယ္သမားႀကီးက ဝက္ကေလး ၁၀ ေကာင္ ဝယ္လိုက္တယ္။

အဲဒီမွာ ဂြၽမ္းပစ္တာပဲ။ ဝက္ ၁၀ ေကာင္ကို စားႂကြင္း စားက်န္ ေကြၽးလို႔ မရဘူးေလ။

ဝက္ ၁၀ ေကာင္က ထြက္တဲ့ မစင္က အမ်ားႀကီး။ ဝက္ေတြက ဆူလို႔ အိမ္နားနီးခ်င္းေတြက သူႀကီးကို တိုင္တယ္။

ေနာက္ဆုံး ဝက္တေကာင္ ေရာဂါ ျဖစ္ရာ ကေန ဝက္ ၁၀ ေကာင္လုံး ေရာဂါ ျဖစ္ၿပီး ေသကုန္ေရာ။

သင္ခန္းစာေလးက ဝက္ တေကာင္ ေမြးရတာနဲ႔ ဝက္ ၁၀ ေကာင္ ေမြးရတာ မတူပါ။ လုပ္ငန္း တခုကို တႏိုင္တပိုင္ ေအာင္ျမင္ေအာင္ လုပ္ရတာ လြယ္ပါတယ္။

တႏိုင္တပိုင္ ကေန လုပ္ငန္းႀကီး ခ်ဲ႕ေတာ့မယ္ ဆိုရင္ နည္းစနစ္ ေကာင္းေကာင္း လိုပါတယ္။ ပုံစံေတြ ေျပာင္းရ ပါမယ္။ လုပ္နည္း လုပ္ဟန္ေတြ ေျပာင္းရပါမယ္။

စဥ္းစားပါ၊ ေတြးပါ။ ဝက္တေကာင္ ေမြးတုန္းက နည္းေတြနဲ႔ ဝက္ ၁၀ ေကာင္ ေမြးဖို႔ မႀကိဳးစား ပါနဲ႔။

Crd

Post a Comment

0 Comments