အသိပညာ

တခါတုန်းက အလွန်ကြီးမားတဲ့ သင်္ဘောကြီး တစီးရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သင်္ဘောပိုင်ရှင်ဟာ စက်ပြင်သမားတွေ တယောက်ပြီး တယောက် ပြောင်းပြီး ပြပေမယ့် ဘယ်သူကမှ အင်ဂျင် ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေ ရှာမတွေ့ခဲ့ ကြပါဘူး။

တနေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင်ဂျင်နဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက တတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတဦးကို ခေါ်လာတယ်။ အဖိုးအိုက အိတ်ကြီး တလုံးကို လွယ်ထားတယ်။

ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကို သွားပြီး အလုပ် လုပ်ဖို့ စတင်ပါတယ်။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာ ကြည့်တယ်။ အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာ စစ်ဆေးတယ်။

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင် ကလည်း ကြည့်နေတယ်။ အဖိုးအို ဘာလုပ်မလဲ ပေါ့။

အကုန်လုံး ကြည့်ပြီးတဲ့ အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက် လိုက်ပြီး တူ သေးသေးလေး တချောင်းကို ထုတ်လိုက်တယ်။ ပြီးတော့ တနေရာကို ညှင်သာစွာ ခေါက်လိုက်တယ်။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုး သွားပါတယ်။

အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက် အိတ်ထဲ ထည့်ပြီး ထွက်ခွာသွားတယ်။ ခဏလေး ပါပဲ။ အင်ဂျင်ပြင်တာ ပြီးသွားပါပြီ။

တပတ် ကြာပြီးနောက်မှာ သင်္ဘောပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံ ရရှိခဲ့တယ်။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့။ သင်္ဘောပိုင်ရှင်ဟာ ထိတ်လန့်သွားတယ်။ "သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ"

ဒီလိုနဲ့ သင်္ဘောပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့ တကွ ကုန်ကျစရိတ်ကို တောင်းခံလွှာ ပို့လိုက်တယ်။ အဖိုးအိုက စာပြန်ပို့ လိုက်တယ်။

တူနှင့် ထုခ - ၂ ဒေါ်လာ။ မည်သည့်နေရာကို ထုရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ။

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင် သလို ဘဝရဲ့ အောင်မြင်ခြင်း သော့ချက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အားလုံးလည်း အသိပညာ တခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့ လိုအပ်ပါတယ်။ AungKoLat

Post a Comment

0 Comments