လိုက်နာစောင့်ထိန်းပါ

အလက်စကာ ပြည်နယ်ကို ရုရှားနိုင်ငံက ပိုင်ခဲ့ပါတယ်။ အဲ့ဒီပြည်နယ်က ကျွန်မတို့ မြန်မာနိုင်ငံထက် ကြီးပါတယ်။ ဘေးမှာပင်လယ်ကြီး ရံထားတဲ့ လူမရှိတဲ့ လူမနေတဲ့ ကျွန်းကြီးမို့ ရုရှားက အမေရိကန်ကို ရောင်းလိုက် ပါတယ်။

သူရောင်းလိုက်တဲ့ အချိန်တုန်းက အလက်စကာဟာ ပြည်နယ်တခုလုံး ရေခဲပြင်တွေ ဖုံးလွှမ်း နေသလို ဘာအပင်မှ မရှိ ဘာမှသုံးမရ ခဲ့ပါဘူး။

ဒါပေမဲ့ အမေရိကန် လက်ထဲလည်း ရောက်ရော ရေခဲတွေ အကုန် အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာသလို ထင်းရှူးပင်တွေ အပြည့် ပေါက်လာ ပါတယ်။

အဲ့ဒီ ထင်းရှူးပင်တွေကို ဂျပန်ကို ရောင်းပြီး အမေရိကန် တအား ချမ်းသာ သွားတယ်။ ဂျပန်က ထင်းရှူးသားကို ဆေးတမျိုးနဲ့စပ်တဲ့ အခါ သစ်မာ ဖြစ်သွားပြီး ပရိဘောဂ အဖြစ်နဲ့ ကုန်ချော လုပ်လို့ ကမ္ဘာကို ဖြန့်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာ အဏ္ဏဝါစိုးမိုး လိုက်ပါ တာဝန် ထမ်းဆောင်တဲ့ သင်္ဘောက အဲ့ဒီ ထင်းရှူးတွေကို အပင်လိုက် ဂျပန်ကို တင်ပို့ရတာပါ။

သင်္ဘောပေါ် အပင်တွေ တင်နေတုန်းမှာ ဆရာစိုးမိုးက ပင်လယ်ကမ်းစပ်နား လမ်းလျှောက်တဲ့ အခါ အမေရိကန် လူမဲတယောက် ပင်လယ်ထဲ ကနေ ဂဏန်းကောင်တွေ ဖမ်းနေတာ တွေ့ရပါတယ်။

အကောင် အကြီးကြီးတွေ ရှိသလို ဂဏန်းတွေလည်း တအား ပေါပါတယ်။ အဲ့ဒီ လူမဲက သူမိတဲ့ ဂဏန်းကောင် တွေကို မိတာနဲ့ တန်းဖြုတ်ပြီး ပလိုင်းနဲ့ မထည့်ပါဘူး။

သူ့အိတ်ထဲက ပေတံလေးနဲ့ တိုင်းပြီး ၆ လက်မ ပြည့်မှ ပလိုင်းထဲ ထည့်ပါတယ်။ သူမိတဲ့ အကောင် ၃၀ မှာ ၁ ကောင်ပဲ ယူတာပါ။ ဒါကို နားမလည်တဲ့ ဆရာစိုးမိုးက ဘာလို့ တကောင်ပဲ ယူရသလဲ ဆိုတဲ့ မေးခွန်းကို လူမဲက

"ငါတို့ ပြည်နယ်မှာ ဂဏန်းကို ၆ လက်မ ပြည့်မှ ဖမ်းခွင့် ရှိတဲ့ ဥပဒေ ထုတ်ပြန်ထားတယ်" တဲ့။ တကယ့်ကို လေးစား အတုယူထိုက်ပါတယ်။

လူသူဝေးတဲ့ ကျွန်းမှာ ၆ လက်မ မပြည့်တဲ့ ဂဏန်းကို သူဖမ်းရင် ရပါရဲ့နဲ့ အစောင့်လည်း မရှိပါဘဲနဲ့ သူ့နိုင်ငံ သူ့ပြည်နယ်က ထုတ်ပြန်တဲ့ စည်းကမ်းကို အတိအကျ လိုက်နာတာဟာ နိုင်ငံကြီးသား ပီသတာပါ။ စိတ်ဓာတ်ကောင်း ရှိတာပါ။

လူတိုင်းမှာ လိုက်နာ စောင့်စည်းရမဲ့ လူမှု ကျင့်ဝတ်နဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ကျွန်မတို့ တဦးချင်း စီက ကိုယ်စီစောင့်စည်းရမဲ့ ကျင့်ဝတ်တွေနဲ့ သက်ဆိုင်ရာ နေရာဌာန အသီးသီးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဒီလူမဲရဲ့ စိတ်ဓာတ်နှင့်တကွ အတုယူပြီး လိုက်နာ စောင့်ထိန်းကြမယ် ဆိုရင် မိသားစု တစုမှသည် တရွာ တမြို့ တနိုင်ငံလုံး အေးချမ်း သာယာနေမယ်ဆိုတာ ကျွန်မ အခိုင်အမာ ပြောရဲပါတယ်ရှင်။ မေမေ့ဇေညီ Aung Khit Htoo ထံမှ ပြန်လည်ဝေမျှပါသည်။

Post a Comment

0 Comments