ဆရာငြိမ်း၏ ၁၀.၃.၂၀၂၂ မှ ၁၆.၃.၂၀၂၂ အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေ

တစ်ခုခုကို လုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီး ဆောင်ရွက်လုပ်ကိုင်ပါ။ ဒီကာလက လုပ်သမျှလွဲချော် နေတတ်လို့ပါပဲ။ မိမိဆရာသမားတွေ အဆင်မပြေလို့ ထောက်ပံ့ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အမိအဘကျန်းမာ ရေးကိုလဲ ဂရုစိုက်ဖို့လိုပါတယ်။ ငွေကြေးအင်အား တောင့်တင်းဖို့အတွက် မသမာနည်းနဲ့ ငွေရှာမယ်ဆိုရင်တော့ အဖမ်းအဆီးရှိနိုင်တဲ့ ကာလပါပဲ။ အလုပ်ကတော့ အပြောင်းအလဲများစွာ ဖြစ်နိုင်ပါတယ်။

နေရာပြောင်း၊ ဌာနပြောင်း ၊ရုံးခန်းပြောင်းတွေ ဖြစ်တတ်ပါတယ်။ ရပ်ဝေးက ပစ္စည်းမှာမယ်ဆို လမ်းခရီးကြန့်ကြာတာ၊ လမ်းမှာပစ္စည်းတွေဖွင့် ဖောက်စစ်ဆေးမှုကြောင့် ပျက်စီးတာတွေ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဘုန်းတန်ခိုးနိမ့်စေနိုင်တဲ့ ကာလမို့ ယုတ်ညံ့ တာမျိုးတွေကိုအထူးရှောင်ပါ။ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွင်လုပ် ကိုင်ကျသူများ ပိုမိုသတိကပ်လိုက်ပါ။

သားသမီး တွေ စကားနားမထောင်တာကြောင့် ဆူပူနေရတတ်ပါတယ်။ကျန်း မာရေးမှာတော့ အစားကို လွန်ကဲစွာစားခြင်း ကြောင့် အစာမကြေဗိုက်အောက် ဖြစ်ရတတ်ပါတယ်။ အေးစက်နေတဲ့ အချစ်ရေးအနေအထားကြောင့် မိမိကိုယ်တိုင် သွေးပူအောင်လုပ်နိုင်ဖို့ လိုပါတယ်။ အိမ်ထောင်ရေးကတော့ အိမ် ထောင်ဘက်ရဲ့အကူအညီတွေကို အထူးရလိမ့် မယ်။ ပညာရေးအားသာချက် ရှိနေတာကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 1/ 3/ 6

အထူးဟော စိတ်လေနေတတ်ပါတယ်။

ယတြာ ဘုရားရှင်ကို ရေသပ္ပယ်ပြီးတော့ သစ်သီးဆွမ်းကပ်လိုက်ပါ။

တနင်္လာ

မိဘတွေရဲ့ အကူအညီအစောင့်အရှောက်တွေ ရပါလိမ့်မယ်။ စပ်တူအလုပ်တွေကတော့အလွန်ပဲအ ဆင်မပြေ ဖြစ်တတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ လုပ်နေရတဲ့အလုပ်တွေ ပင်ပန်းပေမဲ့ အကျိုးအမြတ်ကြီးနိုင်ပါတယ်။ လူမှုရေး မှာတော့ ကတိသစ္စာတည်ပါ။ စကားကိုလွယ်လွယ်မပြောဖို့ သတိပေးချင်ပါတယ်။ တစ်ခုမဟုတ်တစ်ခု ခန္ဓာကိုယ်က အနာတရထိခိုက်ရှနာ ရနေသောအချိန်ကာလလဲ ဖြစ်ပါတယ်။

ဝန်ထမ်းများတာဝန်တွေ ပိနေတတ်ပါ တယ်။ အလုပ် တစ်ခုထက်ပိုသောအလုပ်တွေ ရနေတတ်ပါတယ်။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ အလွန်ကောင်း ပါတယ်။ လူမှုရေး၊ သာရေး၊ နာရေးကိစ္စတွေ ကြောင့် ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။ အိပ်ရေးပျက်လို့ ဖြစ်စေ၊ ခရီးပန်းလို့ဖြစ်စေ စတဲ့အချက်တွေကြောင့် ကျန်းမာရေးအားနည်းသွားတတ်ပါ တယ်။

အချစ်ရေးကိစ္စတွေ မှာတော့ နီးစပ်တဲ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပါတယ်။ ချစ်သူရှိသူများကတော့ စိတ်ပူ နေရ တတ်ပါတယ်။ LDRS များအပြီးအပိုင်ပြတ်ဆဲသည်အထိအချစ်ရေး အားနည်းပါတယ်။ အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အလုပ်အကိုင်တွေ ပြန်အဆင်ပြေနေ တတ်ပါတယ်။ ပညာရေးမှာတော့ လူမှုဆက်ဆံရေးနဲ့ပတ်သက်သော ပညာတွေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/ 4 /6

အထူးဟော အလုပ်များပြီး ကျန်းမာရေး အားနည်းနေတတ်ပါတယ်။

ယတြာ အကြော်စုံဘုရားကပ်လှူဆုတောင်းပါ။

အင်္ဂါ

အကျိုးဆောင်၊ ပွဲစားအလုပ်များ၊ လက်ကားစီးပွားရေးများ အဆင်ပြေတတ်ပါတယ်။ အိမ်ခြံမြေယာဉ် ကား ရောင်းခြင်း၊ ဝယ်ခြင်းများဆောင်ရွက်လို့ ကောင်းပါတယ်။ ကတိမတည်သူတွေ ရှိနေတဲ့အတွက် ဘယ်သူစကား ကိုမှ အကြွင်းမဲ့မယုံဖို့ လိုပါတယ်။ စီးပွားရေးလည်ပတ်မှု အားကောင်းနေတတ်ပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့ လုပ်ငန်းအချိတ်အဆက် တွေပြန်ရလာတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေတွေ ပြန်ရလာတတ်ပါတယ်။

လှောင်ထားတဲ့ ပစ္စည်းတွေ ဈေးကောင်း ရလာတတ်ပါတယ်။ စိတ်ထဲလိုချင်နေတဲ့ အရာတွေ လက်တွေ့ရလာတတ်ပါတယ်။ ဘာသာ ရေး နဲ့ပတ်သက်ပြီးတော့ လဲ စိတ်နှစ်ပြီး လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ ၁ ဂဏန်း ၊၈ ဂဏန်းများများပါတဲ့ ထီလက်မှတ်ကိုရွေးချယ် ကံစမ်းလိုက်ပါ။ ကျန်းမာရေးကတော့ တော်တော်အားကောင်းလာတာကို တွေ့ ရပါတယ်။ အိပ်ရာထဲလဲနေသူများလဲ ပြန်နလန်ထူလာပါ့လိမ့်မယ်။ ဥပဒေနှင့်မလွတ်ကင်းတဲ့ကိစ္စမှန်သမျှဆိုးကျိုးကြုံရ ပါ လိမ့်မယ်။

စီးပွားရေး စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ပါ။ ဖိအားတွေနဲ့လုပ်ရင် အဆင်မပြေနိုင်ပါ။ အချစ်ရေးနယ်ပယ် မှာတော့ ချစ်သူကျန်းမာရေး ညံ့တတ်ပါတယ်။ ချစ်သူနဲ့လဲ ခရီးထွက်ဖြစ်မယ်။ အိမ်ထောင်ရေးကတော့ မိမိက ဥပေက္ခာ ပြုမိသလိုဖြစ် နေတတ်ပါတယ်။ အိမ်ထောင်ဘက်အပေါ် ဂရုစိုက်ပါ။ ပညာရေးကံ အကောင်းဆုံးနေ့ရက် တွေပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း 2 /6 /5

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ အချိုရည်၊ အအေး နွမ်းပါးသူတွေကို ဝယ်တိုက်ပါ။

ဗုဒ္ဓဟူး/ ရာဟု

ယာဉ်ကားနဲ့ ပက်သက်သောလုပ်ငန်းများ၊ ရွှေငွေလက်ဝတ်ရတနာ ရောင်းချတဲ့လုပ်ငန်း များအကျိုးပေးသန်နေ ပါလိမ့် မယ်။ နိုင်ငံခြားခရီးများ၊ ရပ်ဝေးခရီးများ အဆင်ပြေတတ်ပါတယ်။ အားမနာလိုက်ပါနဲ့။ အားနာသူများကတော့ ဒုက္ခရောက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂတွေ ၊ဇိမ်ခံပစ္စည်းတွေဝယ်ယူခြင်းတွေကို တော့ ဒီကာလမှာဆောင် ရွက်ရတတ်ပါတယ်။ အလွန်ဝင်ငွေကောင်းနေတတ်ပါတယ်။

နှုတ်အပြောကောင်းမှုကြောင့် လူအများရဲ့ချစ်ခင်လေးစား ခြင်းကို ခံ ရတတ်ပါတယ်။ နာမည်ဖြင့်ရပ်တည်သူများ ထင်ပေါ်ကျော်ကြားလာတတ်ပါတယ်။ ကြွေးဟောင်းများ လဲ ရရှိလာ တတ်ပါတယ်။ တစ်ခုသတိပေးချင်တာ တစ်ဦးတစ်ယောက်က သူတို့လုပ်ငန်းထဲ ရှယ်ယာဝင်ဖို့လာ ကမ်း လှမ်းရင်တော့ အထူးရှောင်လိုက်ပါ။ ကျန်းမာရေးကတော့ ရောဂါဟောင်းတွေက ပြန်လည်ဒုက္ခပေးလာ တတ်ပါ တယ်။

အချစ်ရေးမှာတော့ ခရီးသွားရင်းဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ ချစ်သူသစ်ရလာတတ်ပါတယ်။ အိမ် ထောင်ရေးနဲ့ ပတ်သက် ရင်တော့လဲ စိတ်ရှုပ်ထွေးစရာများနေတတ်ပါတယ်။ လိင်ကိစ္စရှုပ်ထွေးတဲ့ အိမ်ထောင်ဘက်ကို ရထား သူများ အငယ်အနှောင်းပြဿနာတွေ ပေါ်လာတတ်ပါတယ်။ ပညာရေးမှာတော့ ကံကကောင်းပေမဲ့ မိမိကိုယ်တိုင်က စာအပေါ်၊ ပညာအပေါ်စိတ်နှစ်ရခက်ခဲ နေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/ 0 /7

အထူးဟော စိတ်ပျော်စရာတွေ များနေမည်။

ယတြာ အိမ်စောင့်နတ် ၊ခြံစောင့်နတ်တွေကို အထူးမေတ္တာပို့ အမျှဝေလိုက်ပါ။

ကြာသပတေး

အနည်းငယ် ဆင်ခြင်တုံတရား မဲ့နေတတ်ပါတယ်။ အရင်ကတည်းက ဘောလုံးလောင်း၊ တရားမဝင်ထီထိုး နေသူများ ပုံအောထိုးမိရာက အကြွေးဝိုင်းသွားတတ်ပါတယ်။ ငွေအထွက်များနေတတ်ပါတယ်။ ကုန်သည်များ ဈေး ကောင်းမ ရတတ်၊ အရင်းပြန်ရဖို့တောင်မှရုန်းကန်နေ ရတတ်ပါတယ်။ နိုင်ငံခြားနဲ့ဆက်စပ် အလုပ်မှန်သမျှ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ရပ်ဝေးက ဧည့်ဆိုးတွေ မိမိ အိမ်ရောက် လာတတ်ပါတယ်။

နိုင်ငံခြားရောက်နေသူများ အလုပ် ပင်ပန်းတဲ့ဒဏ် ကိုခံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ အကြောတတ်လိမ့်မယ်။ ဦးနှောက်အသုံးများ သူများ အလွန်ပဲ အားနည်း နုံးခွေနေတတ်ပါတယ်။ လုပ်နေဆဲ လုပ်လက်စအလုပ်တွေ ယိုင်လုလုဖြစ်နေတတ်ပါတယ်။ သည်းခံစိတ်နှင့် ဝီရိယရှေ့ထားပြီး အားတင်းမှပဲကြာရှည် ခံပါလိမ့်မယ်။ အခြားစီးပွားရေးပြောင်းလုပ်ခြင်းများ၊ နယ်မြေသစ်မှာ စီးပွားရှာခြင်းများကို ချင့်ချိန် ဆောင်ရွက်လိုက် ပါ။

အသစ်မှာ ရင်းနှီးမြုပ်နှံခြင်းမပြုဘဲ ဆရာသမား တွေ၊ မိတ်ဆွေကောင်းတွေကို မိမိအခက်အခဲ ပြောပြပြီး အကူ အညီ အကြံဉာဏ်တောင်းလိုက်ပါ။ အချစ်ရေးမှာ အသည်းကွဲရတာမျိုးဖြစ်ဖြစ်၊ ဝေးကွာနေလို့လွမ်းဆွတ်ရတာမျိုးပဲ ဖြစ်ဖြစ်ကြုံ ရတတ်ပါတယ်။ အိမ်ထောင်ဖက် ရဲ့ ဆွေမျိုးများ လာရောက်ဒုက္ခပေးတတ်ပါတယ်။ မိမိဆီက ငွေကြေး လာရောက် ချေးငှားတတ်ပါတယ်။ ပညာရေး ကတော့ ပညာအသစ်တစ်ခု သင်ရမည်။ အသက်ကြီးသူများ အဘိဓမ္မာများ သင်ဖြစ် ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 8/ 9/ 0

အထူးဟော ကံညံ့နေတတ်ပါတယ်။

ယတြာ အိမ်ကဘုရားဆောင်အား သန့်ရှင်းရေးလုပ် အမွှေးနံ့သာဖြင့် ပူဇော်လိုက်ပါ။

သောကြာ

ဒီကာလအတွင်း အလုပ်တွေကို ခက်ခဲကျဉ်းကျပ်စွာ လုပ်ကိုင်ဆောင်ရွက်ရတတ်ပါတယ်။ ဝန်ထမ်းတွေက တော့ခွင့်ယူမှုတွေ များနေတတ်ပါတယ်။ လက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေ အပျက်များနေတတ်ပါတယ်။ သို့သော် မိသားစုဝင်များနဲ့ အတူတူလုပ်တဲ့ အိမ်တွင်းစီးပွားရေးတွေကတော့ တိုးတတ်လာတတ်ပါတယ်။ အရွယ်ရောက်ပြီး တဲ့သားသမီးတွေ ခရီးဝေးထွက် စီးပွားရှာတာမျိုး ကြုံရတတ်ပါတယ်။

ညီ ၊ညီမငယ်များရဲ့ အခက်အခဲတွေကိုကူညီပေး ဖြစ်ပါလိမ့်မယ်။ ဒီကာလဟာ ပင်ပန်းဆင်းရဲပြီးမှ အဆင်ပြေမှုတွေကို ကြုံရတတ်ပါတယ်။ မာနကြီးပြီးခေါင်းမာတဲ့သူ များကတော့ ပိုမိုအခက်အခဲများ တတ်ပါတယ်။ ကျန်းမာရေးကတော့ ခေါင်းမူးကိုက်ခဲ၍ နေထိုင်ရခက်ခဲတတ်ပါတယ် ။အပူဒဏ်ကြောင့် လူနုန်းပြီး အစားအသောက် ပျက်တတ်ပါတယ်။ နှလုံးရောဂါသည်များ နှလုံးဖောက်လွယ်ပါတယ်။

အချစ်ရေးမှာတော့ မိမိ နှလုံးသားကိုယ်က အေးစက်နေတတ်ပါတယ်။ ချစ်သူအပေါ် လေးလေးနက်နက်မရှိ ဖြစ်နေ တတ်ပါ တယ်။ အရင်ကတည်းက ရှုပ်ချင်သူများ ငါးရံနှစ်ကောင် ဖမ်းမိပါလိမ့်မယ်။ အိမ်ထောင်ရေးနယ်ပယ်မှာတော့ အိမ်ထောင်ဘက် ကျန်းမာရေး အညံ့များနေတတ်ပါတယ်။ မိမိကိုယ်တိုင် ပြုစုပေးနေရ တတ်ပါတယ်။ ပညာရေးများ တော့ ဆုထူးဂုဏ်ထူးများ ရတတ်ပါတယ်။ ပညာတတ်များနဲ့ ဆွေးနွေးခွင့်ရလိမ့်မယ်။

အကျိုးပေးဂဏန်း 1/ 5 /9

အထူးဟော ကံအကောင်းအဆိုး မျှနေတတ်ပါတယ်။

ယတြာ မုန့်ဟင်းခါးဆွမ်း ဘုရားကပ်လှူ လိုက်ပါ။

စနေ

အခက်အခဲတွေ ကွာကျပြီး စီးပွားရေးသိသာစွာ ပွင့်လန်းအဆင်ပြေ သွားတတ်ပါတယ်။ စပ်တူအလုပ်များ တိုးတတ်ဖို့အကြောင်းဖန်လာတတ်ပါတယ်။ ပြတ်ပြတ်သားသားလုပ်ရဲမှုတွေကြောင့်ထင်ထားသည်ထက် လုပ်ငန်း ခွင်တွင်နေရာရလာတတ်ပါတယ်။ စကားကျွံရာစလို့ ငွေကုန်တာ၊ ပြဿနာတတ်တာမျိုးတွေ လွန်မှဖြစ်တတ်ပါ တယ်။ အဘိုးအဘွားများ၊အကြီးအကဲများ၊ အထက်လူကြီးများ မစခြင်းကိုကြုံရတတ်ပါတယ်။

လုပ်ငန်းရှင်များမိမိ အောက် လက် ငယ်သားတွေတွေးတော စဉ်းစားသလို လုပ်ကိုင်တာကတော့ ဒီအပတ်မှာ ပိုမိုအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကားလုပ်ငန်းများ အနည်းငယ်အဆင်မပြေ ဖြစ်ရတတ်ပါ တယ်။ လက်လွန်နေတဲ့ငွေကြေးနဲ့ပတ်သက်ပြီး စကားများ ရတတ်ပါတယ်။ခရီးကိစ္စတွေမထင်မှတ်ဘဲ ရက်ရွှေ့ရ တတ်ပါတယ်။ လုပ်ငန်းထပ်တိုးချဲ့တာမျိုးကိုတော့ ချင့်ချိန် ဆောင်ရွက်ပါ။

ကျန်းမာရေးအညံ့မရှိပေမဲ့ အရေပြား ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တွင်းအောင်းသားများ လုံးဝရှောင်လိုက်ပါ။ အပူရှပ်တာမျိုးတွေလဲဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ မိမိစိတ်တိုင်း ကျဖြစ်ပါလိမ့်မယ်။ စေ့စပ်ဖို့ မိဘတွေကို အသိပေးဖို့ကိစ္စတွေအလေးပေး ဆောင်ရွက်နိုင်တယ်။ အိမ်ထောင်ရေးမှာတော့ အဆင် ပြေ လိမ့်မယ်။ ခြေများတဲ့အိမ်ထောင်ဘက်တောင်မှ အိမ်ကပ်နေတတ်ပါတယ်။ ပညာရေးကတော့ အညံ့နည်းပါ တယ်။ တစ်ခုသတိပေးချင်တာက မိမိကိုယ်တိုင်က စိတ်ပျံ့လွင်နေပြီး အာရုံမစိုက်နိုင် ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 4 /8 /9

အထူးဟော ကံသင့်ပါတယ်။

ယတြာ နွားနို့တစ်ခွက် နီးစပ်စေတီရဲ့ မွေးနံထောင့်မှာ လှူပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Post a Comment

0 Comments