သေးသွယ်တဲ့ခါးရဖို့က အမျိုးသမီးအများစုရဲ့အိပ်မက်ထဲက တစ်ခုပါပဲ။ ဒါပေမယ့် သေးသွယ်တဲ့ခါးရဖို့က အရမ်းလည်း မလွယ်ကူပါဘူး။ အဲဒါကြောင့် သေးသွယ်လှပတဲ့ ခါးရဖို့ တကယ်ထိရောက်တဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ အစားအသောက်ကို Plan နဲ့စားပါ။
သေးသွယ်တဲ့ခါးရဖို့ တချို့က အစားအစာကို အလွန်အကျွံ လျှော့စားသလို တချို့ကလည်း ကြုံသလိုစားလိုက်ကြပါတယ်။ အဲဒီအခါ လိုချင်တဲ့ခါးဆိုဒ်နဲ့ ဝေးဝေးသွားပါတော့တယ်။ အဲဒါကြောင့် ကယ်လိုရီနည်းပြီး အာဟာရဖြစ်စေမယ့် အစားအစာတွေကို တစ်ပတ်စာ ကြိုတင်ရေးထားပါ။ ဒီနည်းက တကယ်ကို ထိရောက်မှု ရှိပါတယ်။
၂။ လေ့ကျင့်ခန်းတွေကို နေ့စဉ်ပြောင်းလုပ်ပါ။
လေ့ကျင့်ခန်းတစ်ခုတည်းကို နေ့စဉ်ပုံမှန်လုပ်တာက ခန္ဓာကိုယ်ကို ထိန်းညှိပေးရုံပါပဲ။ ခါးသေးချင်တယ်ဆိုရင် ခါးသေးစေမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်လုပ်ဖို့လိုပါသေးတယ်။ ဒါ့အပြင် Yoga, HIIT, HILITနဲ့ အပြေး စသဖြင့် ပြောင်းလဲပြီးလုပ်ပေးတာ ခါးလည်းသေးစေသလို ကိုယ်အလေးချိန်ကျတာလည်း မြန်စေပါတယ်။
၃။ နည်းနည်းပဲစားပါ။
ခါးကို မြန်မြန်သေးချင်လို့ အစားအစာတွေကို လုံးဝမစားတော့ဘဲ နေလိုက်ရင် ဇီဝကမ္မဖြစ်စဉ်တွေက နှေးသွားပါတယ်။ ဒါ့အပြင် မူးတာ၊ အားနည်းတာ၊ ဗိုက်အောင့်တာတွေကိုလည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် အစားအစာကို လုံးမဝမစားဘဲမနေဘဲ နည်းနည်းပဲ စားပေးပါ။
၄။ Cardio လေ့ကျင့်ခန်းများ
Cardio လေ့ကျင့်ခန်းတွေက အဆီကျတာ မြန်စေပါတယ်။ ကိုယ်အလေးချိန် ကျချင်သူတွေအတွက် အရမ်းကို အကျိုးရှိစေတဲ့ လေ့ကျင့်ခန်းတွေပါပဲ။ အခုမှ စပြီး လေ့ကျင့်ခန်းလုပ်မယ့်သူတွေအတွက် ပေါ့ပါးတဲ့ Cardio လေ့ကျင့်ခန်းတွေက တကယ်ထိရောက်ပါတယ်။
၅။ Waist trainer တွေကို ရှောင်ပါ။
Waist trainer တွေက ခဏတာအတွက်ပဲ သင့်တော်ပါတယ်။ ကြာရှည်အသုံးပြုရင် ကျန်းမာရေးနည်းနဲ့လည်း မညီညွတ်ပါဘူး။ Waist trainer မသုံးတော့တဲ့အခါ ခါးက ပြန်တုတ်လာဦးမှာပါ။ အဲဒါကြောင့် အစားအသောက်နဲ့ လေ့ကျင့်ခန်းကသာ နည်းလမ်းမှန်ပါ။
၆။ ခါးသေးဖို့အပြင် တင်ပါးနဲ့ ပုခုံးအတွက်ပါ လေ့ကျင့်ခန်းလုပ်ပါ။
ခါးသေးဖို့တစ်ခုတည်း ကွက်ပြီးလေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။ ပုခုံးနဲ့ တင်ပါးလေ့ကျင့်ခန်းကိုပါ တွဲလုပ်မှ ခါးကလည်း သေးပြီး အချိုးကျကျ လှပနေမှာပါ။
၇။ ကိုယ်အလေးချိန်ကျဖို့အပြင် ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ပါ။
ခန္ဓာကိုယ်မှာ ကြွက်သားတွေ ထွက်လာမှာကို မိန်းကလေးအများစုက မကြိုက်ကြပါဘူး။ တကယ်တော့ ကြွက်သားတွေ အားရှိနေမှသာ အသားအရေ တွဲကျတာတွေကို ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် ကြွက်သားလေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက်စေပါတယ်။
၈။ အသက်အောင့် လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက ခါးသေးစေဖို့ တကယ်ကူညီပေးနိုင်ပါတယ်။ အသက်ကို နှာခေါင်းကနေ ရှူသွင်းပြီး ၅ စက္ကန့်ကနေ စက္ကန့်၂၀ အထိ အသက်အောင့်ထားပါ။ ပြီးတော့မှ ပါးစပ်ကနေ အသက်ရှူထုတ်ပါ။
၉။ ကြွက်သားတွေကို အနားပေးပါ။
တချို့တွေက လေ့ကျင့်ခန်းတွေကို နားရက်မယူဘဲ နေ့စဉ်လုပ်ကြပါတယ်။ ကျွမ်းကျင်သူတွေက လေ့ကျင့်ခန်းတွေကို နေ့စဉ်မလုပ်ဘဲ နားရက်ယူဖို့ အကြံပေးထားပါတယ်။ နားရက်ယူမှသာ ကြွက်သားတွေ အနားရပြီး လိုချင်တဲ့ ခါးသေးသေးလေးကို မြန်မြန်ရလာမှာပါ။
Zombie (lovemedia)
0 Comments