ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိသောအရာ

တနေ့မှာ ရွာသား တယောက်ဟာ ဈေးမှာ ဈေးဝင် ဝယ်ဖို့ လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့။ အဲဒါနဲ့ ဖိနပ်ကို အိတ်ထဲက စက္ကူလေးနဲ့ ထုတ်ပြီး ယူလာ ခဲ့တယ်။

ဈေးအဝင်ဝက ဆိုင်တဆိုင် ရောက်တော့ ဆိုင်ရှင်ကို "အမကြီး ကျွန်တော့ ဖိနပ်လေး ခဏ ထားခဲ့လို့ ရမလား။ ဈေးလာရင်း ဖြတ်သွားလို့ပါ။ ကျွန်တော် ဈေးက အပြန် ဝင်ယူ ပါ့မယ်" လို့ ပြောလိုက်တယ်။ ဆိုင်ရှင် အမကြီးက "အေး ငါ့မောင် ဒီနားမှာထားခဲ့လိုက်" "ဟုတ် အမ"

ရွာသားဟာ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေးကို ဝင်ယူ ခဲ့တယ်။ "အမ၊ ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ် ခင်ဗျ" "အေးအေး ယူသွားလေ" "ကျေးဇူးတင်ပါတယ် အမ။ အမက အရမ်း သဘော ကောင်းတာပဲ"

"အေး ရပါတယ် ကွယ်။ တို့တွေက လူသားတွေပဲ။ ဒီလို ကူညီပေးရတာ အပန်းမကြီး ပါဘူး" "ဟုတ်ကဲ့ပါ အမ ကျွန်တော့ကို သွားခွင့်ပြုပါအုံး" "အေးပါ အေးပါ နောက်လည်း အကူအညီ လိုရင် ပြောပေါ့" "ဟုတ်ကဲ့ပါ အမ"

ဒီလိုနဲ့ ရွာသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့။ နောက်တနေ့ မှာတော့ သူငယ်ချင်း ဖြစ်သူနဲ့ ဈေးဝယ် လာခဲ့ ကြတယ်။ လမ်းခရီးက ကြမ်း၊ နေက ပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ်မထင် မူးလိုက်တာ ဆိုပြီး ပြောပြော ဆိုဆို လဲကျ ရာက အသက်ပါ ပါသွားရှာတယ်။

သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးရလို့ ဘာလုပ်ရမှန်း မသိတာနဲ့ အတွေးတခု ဝင်လာခဲ့တယ်။ သူငယ်ချင်း အလောင်းကို အဝတ်နဲ့ ပတ်ပြီး ထမ်းလာခဲ့ တာပေါ့။ အရင်တခါက သူ ဖိနပ် အပ်ခဲ့တဲ့ ဆိုင်ရှေ့ ရောက်လာတော့ "အင်း ဒီဆိုင် ဝင်ထားခဲ့ အုံးမှပဲ" ဆိုပြီး

"အမကြီး ကျွန်တော့ကို မှတ်မိလား" "အော် အေး၊ ဟိုနေ့က မင်းမို့လား ဖိနပ် ပြတ်လို့ လာအပ်သွားခဲ့ တာလေ" "ဟုတ် ဟုတ်ပါတယ် အမ၊ ကျွန်တော်ပါ" "အေးအေး ပြောလေ မောင်လေး အမ ဘာကူညီ ပေးရအုံး မလဲ"

"ဟုတ် အမ။ ကျွန်တော့ သူငယ်ချင်း လမ်းမှာ မူးတယ် ဆိုပြီး လဲကျ သွားတာပါ။ အသက်ပါ ပါသွားခဲ့တယ် အမ။ ကျွန်တော် ရွာ သင်္ချိုင်းကို မသွားခင် သူငယ်ချင်းကို ဒီမှာ ခဏ ထားခဲ့ ပါရစေ"

ချက်ချင်းဆိုသလိုပဲ "ဟာ မရဘူးလေ ဘယ်ရ မလဲ။ မင်းနယ် ကွယ် နိမိတ်မရှိ လိုက်တာ လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ် လို့ ရာရာ စစ သွားသွား။ ငါ့ဆိုင် ရှေ့က အခု ထွက်သွားစမ်း"

ဒါနဲ့ ရွာသားလည်း ပြန်ထွက်အလာ ဆိုင်ရှင် အမကြီးကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ကျန်ခဲ့ပါ တော့တယ်။ သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း ရွာသား အတွေးက "ဪ လောက လောက၊ လူသားတွေဟာ မသေခင် မှာတော့ မာနတွေ တက်နေကြတာ ဂုဏ်တွေ ပြိုင်နေကြတာ သေသွားပြီ ဆိုရင် ဖိနပ်စုတ် လောက်တောင် တန်ဖိုး မရှိပါလား"

ဟုတ်ပါတယ်။ မသေခင် မာနတွေ တက်၊ ဘဝင်တွေ မြင့်၊ ဂုဏ်တွေမောက်၊ သေသွားပြီ ဆိုရင်တော့ ချစ်လှပါပြီ ဆိုတဲ့ လင်မယား သမီးသားတွေက အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင် ကြပါဘူး။ အိုးစားတောင် ခွဲလိုက် ကြသေးတယ်။ သေရင် တန်ဖိုး မရှိတဲ့ ဒီခန္ဓာကိုယ် ကြီးကို အကုသိုလ်တွေ ယူပြီး မရှာမိ ပါစေနဲ့။ နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင် အားထုတ် နိုင်ကြပါစေ။ Crd

Post a Comment

0 Comments