ပင်လယ်ကြီးလို နေထိုင်ပါ

တခါတုန်းက ကလေးငယ် တယောက်ဟာ ပင်လယ် အရောက်မှာ လှိုင်းခတ် သွားတာကြောင့် ဖိနပ် ပျောက်သွားသော အခါ "ပင်လယ်ဟာ သူခိုး" လို့ သဲပြင်မှာ ရေးပြီး သူ စွပ်စွဲတယ်။

တံငါသည် လင်မယား ငါးများစွာ ရတဲ့ တနေ့ မှာပေါ့။ "ပင်လယ်ဟာ ကျေးဇူးရှင်ပါ" လို့ သဲပြင်မှာ ရေးပြီး ကျေးဇူးတင် စကား ပြောခဲ့တယ်။

လူငယ် တယောက် ပင်လယ် ရောက်ပြီး လိူင်းရေတွေ ကြား နစ်မြုတ် သေသွားသော အခါ သူ့အမေက "ပင်လယ်ဟာ လူသတ်သမားပါ" လို့ သဲပြင်ထက်မှာ သူမ ရေးခဲ့တယ်။

မရှိ ဆင်းရဲသား တယောက် ပင်လယ် အောက်မှ အဖိုးတန်တဲ့ ပုလဲကို ကောက်ရတဲ့ အခိုက်မှာ "ပင်လယ်ဟာ တန်ခိုးရှင်ပါ" လို့သဲပြင်ထက်မှာ တင်စား ရေးခဲ့တယ်။

သူတို့ ရေးထားသမျှ စာအားလုံးက သိပ်မကြာခင်မှာပဲ လှိုင်းရေတွေရဲ့ ပုတ်ခတ်မှုကြောင့် သူ့အလိုလို ပျောက်ပျက် ခဲ့ရတယ်။

ပင်လယ်က သူ့ကို ဘယ်သူတွေ ဘယ်လိုထင်ထင်၊ ဘယ်လို မြင်မြင်၊ ဘယ်လိုပဲ တွေးတွေး၊ ဘယ်လိုပဲ ရေးရေး ပင်လယ်က ပင်လယ်ပါပဲ။

သူ့တာဝန် သူ့သဘာဝ အရ ပြောင်းလဲ လည်ပတ်နေတာက လွဲလို့ သူ့အတွက် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။

လူ့လောက မှာလည်း ဒီလိုပါပဲ။ အကောင်း နေမလား၊ အဆိုး နေမလား။ ဝမ်းနည်း နေမလား၊ ဝမ်းသာနေမလား။ အဆိုး လုပ်မလား၊ အကောင်း လုပ်မလား။

ဘယ်လိုပဲ နေနေ ဘာတွေပဲ လုပ်လုပ် လူတွေရဲ့ နှုတ်ဖျားက စကားတခွန်းနဲ့ လွတ်ကင်း သွားတယ်လို့ မရှိပါဘူး။ အမြဲတမ်းဝေဖန် ပုပ်ချ ခံနေရမှာ ပဲလေ။

ကြိုက်သူက အကောင်း ပြောမယ်၊ မကြိုက်သူက မကောင်း ပြောမယ်။ လူအားလုံးရဲ့ စကားကို လိုက်ပြီး ခံစားမနေပါနဲ့။

ဘယ်လောက်ထိ နားကျည်းစရာ တွေနဲ့ ကြုံနေပါစေ အချိန်တန် တော့လည်း အရာရာတိုင်းဟာ သူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားကြတာမို့ ပင်လယ်လိုပဲ နေထိုင်၊ ကျင့်ကြံ လိုက်ပါ။

Crd

Zawgyi

ပင္လယ္ႀကီးလို ေနထိုင္ပါ

တခါတုန္းက ကေလးငယ္ တေယာက္ဟာ ပင္လယ္ အေရာက္မွာ လႈိင္းခတ္ သြားတာေၾကာင့္ ဖိနပ္ ေပ်ာက္သြားေသာ အခါ "ပင္လယ္ဟာ သူခိုး" လို႔ သဲျပင္မွာ ေရးၿပီး သူ စြပ္စြဲတယ္။

တံငါသည္ လင္မယား ငါးမ်ားစြာ ရတဲ့ တေန႔ မွာေပါ့။ "ပင္လယ္ဟာ ေက်းဇူးရွင္ပါ" လို႔ သဲျပင္မွာ ေရးၿပီး ေက်းဇူးတင္ စကား ေျပာခဲ့တယ္။

လူငယ္ တေယာက္ ပင္လယ္ ေရာက္ၿပီး လိူင္းေရေတြ ၾကား နစ္ျမဳတ္ ေသသြားေသာ အခါ သူ႔အေမက "ပင္လယ္ဟာ လူသတ္သမားပါ" လို႔ သဲျပင္ထက္မွာ သူမ ေရးခဲ့တယ္။

မရွိ ဆင္းရဲသား တေယာက္ ပင္လယ္ ေအာက္မွ အဖိုးတန္တဲ့ ပုလဲကို ေကာက္ရတဲ့ အခိုက္မွာ "ပင္လယ္ဟာ တန္ခိုးရွင္ပါ" လို႔သဲျပင္ထက္မွာ တင္စား ေရးခဲ့တယ္။

သူတို႔ ေရးထားသမွ် စာအားလုံးက သိပ္မၾကာခင္မွာပဲ လႈိင္းေရေတြရဲ႕ ပုတ္ခတ္မႈေၾကာင့္ သူ႔အလိုလို ေပ်ာက္ပ်က္ ခဲ့ရတယ္။

ပင္လယ္က သူ႔ကို ဘယ္သူေတြ ဘယ္လိုထင္ထင္၊ ဘယ္လို ျမင္ျမင္၊ ဘယ္လိုပဲ ေတြးေတြး၊ ဘယ္လိုပဲ ေရးေရး ပင္လယ္က ပင္လယ္ပါပဲ။

သူ႔တာဝန္ သူ႔သဘာဝ အရ ေျပာင္းလဲ လည္ပတ္ေနတာက လြဲလို႔ သူ႔အတြက္ ဘာမွ ျဖစ္လာႏိုင္စရာ အေၾကာင္း မရွိပါဘူး။

လူ႔ေလာက မွာလည္း ဒီလိုပါပဲ။ အေကာင္း ေနမလား၊ အဆိုး ေနမလား။ ဝမ္းနည္း ေနမလား၊ ဝမ္းသာေနမလား။ အဆိုး လုပ္မလား၊ အေကာင္း လုပ္မလား။

ဘယ္လိုပဲ ေနေန ဘာေတြပဲ လုပ္လုပ္ လူေတြရဲ႕ ႏႈတ္ဖ်ားက စကားတခြန္းနဲ႔ လြတ္ကင္း သြားတယ္လို႔ မရွိပါဘူး။ အၿမဲတမ္းေဝဖန္ ပုပ္ခ် ခံေနရမွာ ပဲေလ။

ႀကိဳက္သူက အေကာင္း ေျပာမယ္၊ မႀကိဳက္သူက မေကာင္း ေျပာမယ္။ လူအားလုံးရဲ႕ စကားကို လိုက္ၿပီး ခံစားမေနပါနဲ႔။

ဘယ္ေလာက္ထိ နားက်ည္းစရာ ေတြနဲ႔ ႀကဳံေနပါေစ အခ်ိန္တန္ ေတာ့လည္း အရာရာတိုင္းဟာ သူ႔အလိုလို တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္ သြားၾကတာမို႔ ပင္လယ္လိုပဲ ေနထိုင္၊ က်င့္ႀကံ လိုက္ပါ။

Crd

Post a Comment

0 Comments