ယုန်ကလေးလို ငါးမမျှားနဲ့

တခါတုန်းက ယုန်ကလေး တကောင်ဟာ ငါးစားရဖို့ အတွက် ငါးသွားမျှား ချင်နေတယ်။

အဲဒါနဲ့ ပထမ တရက်မှာ ယုန်ကလေးက ငါးမျှား ထွက်တယ်။ ငါး ရမလာဘူး။

ဒုတိယ တရက် ထပ်သွား မျှားတယ်။ လက်ဗလာနဲ့ပဲ ပြန်လာ ခဲ့ရ ပြန်တယ်။

တတိယ တရက် ယုန်ကလေး ငါးမျှားဖို့ ထပ်သွား ပြန်တယ်။

ယုန်ကလေး ရေကန်နား ရောက်တော့ ရေထဲက ငါးတကောင်က ခုန်တက် လာပြီး ယုန်ကလေးကို လှမ်းအော် ပြောတယ်။

"မင်း အဲဒီ မုန်လာဥနီနဲ့ လာမျှား နေသေးသမျှ လက်ဗလာ နဲ့ချည်း အိမ်ပြန် နေရမှာပဲ ဆိုတာ မှတ်ထားလိုက်ပါ" တဲ့။

ကိုယ်ကြိုက်နှစ်သက် ရတဲ့ အရာကို သူတပါးကို ပေးနေပေမဲ့ သူတပါး မလိုအပ်တဲ့ အရာ ဖြစ်နေခဲ့ရင် တန်ဖိုး မရှိပါဘူး။

ကိုယ်က ကြိုက်တာ မှန်ပေမဲ့ သူကြိုက်တာ မဟုတ်တော့ ကိုယ်ပေးမှုက အရာမထင်ပဲ အလကား သက်သက်လို ဖြစ်နေမှာပါပဲ။

ဒီအကြောင်းအရာ လေးကနေ စီးပွားရေး လောက၊ အချစ်ရေး လူမှုရေး လောက တွေမှာ သင်္ခန်းစာယူ အသုံးချလို့ ရပါတယ်။

ကုန်သွယ်ရေး လုပ်တဲ့အခါ ဆိုရင်တော့ ကိုယ့်ရဲ့ အမြတ်အစွန်း တွေထက် သူတပါးရဲ့ လိုအပ်ချက်တွေကို အရင် ကြည့်ပေး တတ်မှ သာလျှင် တိုးတက် အောင်မြင် နိုင်မှာပဲ ဖြစ်ပါတယ်။

Crd

Zawgyi

ယုန္ကေလးလို ငါးမမွ်ားနဲ႔

တခါတုန္းက ယုန္ကေလး တေကာင္ဟာ ငါးစားရဖို႔ အတြက္ ငါးသြားမွ်ား ခ်င္ေနတယ္။

အဲဒါနဲ႔ ပထမ တရက္မွာ ယုန္ကေလးက ငါးမွ်ား ထြက္တယ္။ ငါး ရမလာဘူး။

ဒုတိယ တရက္ ထပ္သြား မွ်ားတယ္။ လက္ဗလာနဲ႔ပဲ ျပန္လာ ခဲ့ရ ျပန္တယ္။

တတိယ တရက္ ယုန္ကေလး ငါးမွ်ားဖို႔ ထပ္သြား ျပန္တယ္။

ယုန္ကေလး ေရကန္နား ေရာက္ေတာ့ ေရထဲက ငါးတေကာင္က ခုန္တက္ လာၿပီး ယုန္ကေလးကို လွမ္းေအာ္ ေျပာတယ္။

"မင္း အဲဒီ မုန္လာဥနီနဲ႔ လာမွ်ား ေနေသးသမွ် လက္ဗလာ နဲ႔ခ်ည္း အိမ္ျပန္ ေနရမွာပဲ ဆိုတာ မွတ္ထားလိုက္ပါ" တဲ့။

ကိုယ္ႀကိဳက္ႏွစ္သက္ ရတဲ့ အရာကို သူတပါးကို ေပးေနေပမဲ့ သူတပါး မလိုအပ္တဲ့ အရာ ျဖစ္ေနခဲ့ရင္ တန္ဖိုး မရွိပါဘူး။

ကိုယ္က ႀကိဳက္တာ မွန္ေပမဲ့ သူႀကိဳက္တာ မဟုတ္ေတာ့ ကိုယ္ေပးမႈက အရာမထင္ပဲ အလကား သက္သက္လို ျဖစ္ေနမွာပါပဲ။

ဒီအေၾကာင္းအရာ ေလးကေန စီးပြားေရး ေလာက၊ အခ်စ္ေရး လူမႈေရး ေလာက ေတြမွာ သခၤန္းစာယူ အသုံးခ်လို႔ ရပါတယ္။

ကုန္သြယ္ေရး လုပ္တဲ့အခါ ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အျမတ္အစြန္း ေတြထက္ သူတပါးရဲ႕ လိုအပ္ခ်က္ေတြကို အရင္ ၾကည့္ေပး တတ္မွ သာလွ်င္ တိုးတက္ ေအာင္ျမင္ ႏိုင္မွာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments