အဆိပ်ရှိသောသူ

မြွေဟောက် တကောင်က ကျွန်တော့်ကို ပြောတယ်။ "ငါက လျှင်မြန်တယ်၊ အဆိပ်ရှိတယ်။ ငါ့ကို လူတွေ ကြောက်ကြတယ်" တဲ့။ ကျွန်တော် သူ့ကို အရမ်း အားကျ မိတယ်။ သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်။

နောက်နေ့မှာ ကျွန်တော် မြွေပွေး တကောင်နဲ့ တွေ့တယ်။ မြွေပွေးက ကျွန်တော့်ကို ပြောတယ်။ "ငါက တည်ငြိမ်တယ်။ ငါ့ဟာငါ အေးဆေး နေတယ်။ ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး၊ ဒါပေမယ့် ငါ့ကိုတော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး" တဲ့။

ကျွန်တော် သူ့ကို အရမ်း လေးစားမိတယ်။ ကျွန်တော် သူ့လို တည်တည် ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်။ နောက်တရက်မှာ ကျွန်တော် ရေမြွေ တကောင်နဲ့ တွေ့တယ်။ ရေမြွေက ကျွန်တော့ကို ပြောတယ်။

"ငါက အဆိပ်မရှိဘူး၊ ပျော်ပျော်ပဲ နေတတ်တယ်။ ငါ့ကို လာရန်စ ရင်လည်း ငါ ဘာမှ မတုန့်ပြန်ဘူး။ ငါ့မှာ အဆိပ်မရှိမှန်း သိတော့ ဘယ်သူမှ ငါ့ကို မလေးစား ကြဘူး။ ငါ့ကို ဟာသ တကောင် အဖြစ်ပဲ လူတွေ သဘောထား ကြတယ်" တဲ့။

ကျွန်တော် သူ့ကို အရမ်း စိတ်ပျက်မိတယ်။ အဆိပ်မရှိတဲ့ မြွေတကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျ ပါ့မလဲ။ ကျွန်တော်သူ့ကို အထင်သေးတယ်။ အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ် လိုက်တယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး ဆယ်ရက်လောက် ကြာတော့ ကျွန်တော် လယ်သမားကြီး တဦးနဲ့ တွေ့တယ်။ သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော် လေးစားရတဲ့ မြွေပွေးနဲ့ မြွေဟောက် ဖြစ်နေတယ်။

န်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်။ "ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ။ ငါသူတို့ကို မသတ်ချင် ပါဘူး။

ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေ ဆိုတော့ လူတွေ အတွက် အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ။ ကျန်တဲ့ တကောင်ကတော့ ဘာအဆိပ်မှ မရှိတဲ့ အကောင်ဆိုတော့ သတ်စရာ မလိုဘူး ပေါ့ကွာ" တဲ့။

ကျွန်တော် နောင်တ တခု ရလိုက်သလို အသိတရား တခုလည်း ရလိုက်တယ်။ "လောကမှာ အဆိပ် မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး" ဆိုတာကို အဲ့ဒီနေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကိုယ့်ခန္ဓာမှာ ရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး ငြိမ်းချမ်းတဲ့ ဘဝ၊ လွတ်လပ်တဲ့ ဘဝတခုကို ရှာဖွေဖို့နဲ့ ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲ တုန့်ပြန်ဖို့ပါ။ Crd

Zawgyi

အဆိပ္ရွိေသာသူ

ေႁမြေဟာက္ တေကာင္က ကြၽန္ေတာ့္ကို ေျပာတယ္။ "ငါက လွ်င္ျမန္တယ္၊ အဆိပ္ရွိတယ္။ ငါ့ကို လူေတြ ေၾကာက္ၾကတယ္" တဲ့။ ကြၽန္ေတာ္ သူ႔ကို အရမ္း အားက် မိတယ္။ သူ႔လို လွ်င္ျမန္ၿပီး အဆိပ္ရွိတဲ့ ေႁမြ ျဖစ္ခ်င္ခဲ့တယ္။

ေနာက္ေန႔မွာ ကြၽန္ေတာ္ ေႁမြေပြး တေကာင္နဲ႔ ေတြ႕တယ္။ ေႁမြေပြးက ကြၽန္ေတာ့္ကို ေျပာတယ္။ "ငါက တည္ၿငိမ္တယ္။ ငါ့ဟာငါ ေအးေဆး ေနတယ္။ ငါ ဘယ္သူ႔ကို မွ ရန္မရွာဘူး၊ ဒါေပမယ့္ ငါ့ကိုေတာ့ လာမထိနဲ႔ ယင္ေကာင္ေတာင္ အလြတ္မေပးဘူး" တဲ့။

ကြၽန္ေတာ္ သူ႔ကို အရမ္း ေလးစားမိတယ္။ ကြၽန္ေတာ္ သူ႔လို တည္တည္ ၿငိမ္ၿငိမ္ နဲ႔ အဆိပ္ရွိတဲ့သူ ျဖစ္ခ်င္ခဲ့တယ္။ ေနာက္တရက္မွာ ကြၽန္ေတာ္ ေရေႁမြ တေကာင္နဲ႔ ေတြ႕တယ္။ ေရေႁမြက ကြၽန္ေတာ့ကို ေျပာတယ္။

"ငါက အဆိပ္မရွိဘူး၊ ေပ်ာ္ေပ်ာ္ပဲ ေနတတ္တယ္။ ငါ့ကို လာရန္စ ရင္လည္း ငါ ဘာမွ မတုန႔္ျပန္ဘူး။ ငါ့မွာ အဆိပ္မရွိမွန္း သိေတာ့ ဘယ္သူမွ ငါ့ကို မေလးစား ၾကဘူး။ ငါ့ကို ဟာသ တေကာင္ အျဖစ္ပဲ လူေတြ သေဘာထား ၾကတယ္" တဲ့။

ကြၽန္ေတာ္ သူ႔ကို အရမ္း စိတ္ပ်က္မိတယ္။ အဆိပ္မရွိတဲ့ ေႁမြတေကာင္က ဘယ္ေနရာမွာ သြားၿပီး အသုံးက် ပါ့မလဲ။ ကြၽန္ေတာ္သူ႔ကို အထင္ေသးတယ္။ အတုမယူ ထိုက္တဲ့သူမို႔ ေဝးေဝးက ေရွာင္ဖို႔ ဆုံးျဖတ္ လိုက္တယ္။

ဒီအျဖစ္အပ်က္ေတြ ျဖစ္ၿပီး ဆယ္ရက္ေလာက္ ၾကာေတာ့ ကြၽန္ေတာ္ လယ္သမားႀကီး တဦးနဲ႔ ေတြ႕တယ္။ သူ႔ရဲ႕ ပလိုင္းထဲမွာ ေႁမြအေသ ႏွစ္ေကာင္ကို ေတြ႕လို႔ ေသခ်ာ ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ ေလးစားရတဲ့ ေႁမြေပြးနဲ႔ ေႁမြေဟာက္ ျဖစ္ေနတယ္။

န္ေတာ္ ဘာမွ မေမးခင္မွာပဲ လယ္သမားႀကီးက ကြၽန္ေတာ့္ကို ေျပာတယ္။ "ငါ့လယ္ထဲမွာ ေတြ႕တာေတာ့ ေႁမြက သုံးေကာင္ကြ။ ငါသူတို႔ကို မသတ္ခ်င္ ပါဘူး။

ဒါေပမယ့္ကြာ ဒီႏွစ္ေကာင္က အဆိပ္ရွိတဲ့ သတၱဝါေတြ ဆိုေတာ့ လူေတြ အတြက္ အႏၲရာယ္ ရွိလာႏိုင္တယ္။ ဒါေၾကာင့္ပဲ သူတို႔ကို သတ္လိုက္ရတာ။ က်န္တဲ့ တေကာင္ကေတာ့ ဘာအဆိပ္မွ မရွိတဲ့ အေကာင္ဆိုေတာ့ သတ္စရာ မလိုဘူး ေပါ့ကြာ" တဲ့။

ကြၽန္ေတာ္ ေနာင္တ တခု ရလိုက္သလို အသိတရား တခုလည္း ရလိုက္တယ္။ "ေလာကမွာ အဆိပ္ မရွိတဲ့ သူက အႏၲရာယ္ အကင္းဆုံး" ဆိုတာကို အဲ့ဒီေန႔က စၿပီး ကြၽန္ေတာ့္ရဲ႕ လြဲမွားေနတဲ့ အေတြးအေခၚေတြကို ျပဳျပင္ဖို႔ ဆုံးျဖတ္လိုက္တယ္။

ကိုယ့္ခႏၶာမွာ ရွိတဲ့ အဆိပ္ဆိုတဲ့ အရာကို ဖယ္ထုတ္ၿပီး ၿငိမ္းခ်မ္းတဲ့ ဘဝ၊ လြတ္လပ္တဲ့ ဘဝတခုကို ရွာေဖြဖို႔နဲ႔ ႀကဳံလာသမွ် အတိုက္အခိုက္ကို အၿပဳံးနဲ႔ပဲ တုန႔္ျပန္ဖို႔ပါ။ Crd

Post a Comment

0 Comments