ကြောင်လေး၊ ခွေးလေးတွေရဲ့ ကျွတ်ကျနေခဲ့တဲ့ အမွေးတွေကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်မယ့်နည်းလမ်း (၁၀) ခု

အိမ်မွေးတိရိစ္ဆာန်လေးတွေက အရမ်းကို ချစ်ဖို့ကောင်းပြီးတော့ ပျော်စရာတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ လူကိုလည်း စိတ်ချမ်းသာအောင် ထားတတ်ပြီးတော့ သူတို့ကို ဆူရင်လည်း စိတ်ကောက်တတ်ပါသေးတယ်။

သူတို့လေးတွေက ချစ်စရာကောင်းသလောက် အမွေးလည်း အရမ်းကျွတ် တတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ရဲ့အမွေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အမြဲတမ်း ဖြီးပေးပါ။

သင့်ရဲ့ ကလေးလေးတွေကို အမွေးမကျွတ်စေဖို့ အမြဲတမ်း ခေါင်းဖြီးလေးနဲ့ ဖြီးပေးနေပါ။ သပ်သပ်ရပ်ရပ်လဲ ရှိစေတဲ့အပြင် ကျွတ်နေတဲ့ အမွေးတွေကို လိုက်ကောက်နေစရာလည်း မလိုတော့ပါဘူး။ ပြီးတော့လည်း သူတို့လေးတွေက ဒီလိုအဖြီးခံရတာကို သဘောကျကြပါတယ်။

၂။ အမွေးစုတဲ့ လက်အိတ်ကို သုံးပါ။

တချို့တွေက အမွေးတွေကပ်စေတဲ့ တိပ်ကို သုံးတတ်ကြပါတယ်။ ဒါဟာ ရေရှည်မှာ အကုန်အကျ များစေနိုင်ပါတယ်။ ဒါကြောင့် ရော်ဘာလက်အိတ်တွေကို သုံးပါ။

၃။ ပရိဘောဂပစ္စည်းတွေကို အရောင်တင်ထားပါ။

ပစ္စည်းတွေကို အရောင်တင်လိုက်တာက အမြင်မှာလည်း လှစေတဲ့အပြင် ကြောင်တွေ၊ ခွေးတွေရဲ့ အမွေးတွေကို မကပ်ငြိစေနိုင်ပါဘူး။

၄။ ဖုန်စုပ်စက် သုံးပါ။

အထိရောက်ဆုံး နည်းလမ်းကတော့ ဖုန်စုပ်စက်နဲ့ ဖြေရှင်းလိုက်တာပါပဲ။ အကုန်လုံးကို သန့်ရှင်းစေနိုင်တဲ့အပြင် ဘာအမွေးမှလည်း ကပ်ပြီး ကျန်မနေခဲ့စေပါဘူး။

၅။ ကလေးတွေကို ဆော့ပြီးရှင်းခိုင်းပါ။

နောက်ပိုင်းမှာ အိမ်သန့်ရှင်းရေးလုပ်ရတာ လွယ်ကူစေဖို့ အမျှင်လေးတွေပါတဲ့ ဖိနပ်လေးတွေကို ထုတ်လာကြပါတယ်။ သင့်မှာ ဒီလိုဖိနပ်လေး ရှိတယ်ဆိုရင်တော့ ကလေးတွေကို စီးခိုင်းပြီးတော့ တစ်အိမ်လုံး အနှံ့ကို လျှောက်ဆော့ခိုင်းလိုက်ပါ။

၆။ ဖျန်းဆေးသုံးပါ။

မျက်နှာပြင်တွေကို လျင်မြန်လွယ်ကူစွာ သန့်စင်စေနိုင်ဖို့ ဒီနည်းကို သုံးကြည့်ပါ။ သံပယိုရည် ၃/၄ ခွက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် လက်ဖက်ပင်ဆီတို့ကို ရေနဲ့ရောပြီး မွှေလိုက်ပါ။ ရလာတဲ့ အရည်တွေကို သန့်စေချင်တဲ့ နေရာတွေကို လိုက်ဖြန်းလိုက်ပါ။

၇။ ကော်ဇောမခင်းပါနဲ့။

ကြမ်းပြင်ကို ဘာမှမခင်းပဲနဲ့ ဒီတိုင်းပဲထားတာက သန့်ရှင်းရတာ ပိုလွယ်စေပါတယ်။ ပါကေးနဲ့ သားရေစတွေကလည်းအဆင်ပြေပါတယ်။ ဖယောင်းပုဆိုးခင်းရင်တော့ အဆင်မပြေနိုင်ပါဘူး။

၈။ ကျောက်တုံးကို သုံးပါ။

တကယ်လို့ သင်က ကော်ဇောခင်းထားတယ် ဆိုရင်တော့ သန့်ရှင်းဖို့အတွက် ဂျေးတွန်းကျောက်ခဲကို သုံးပါ။ အမွေးတွေ အကုန်ကပ်ပါလာတာကို တွေ့ရပါလိမ့်မယ်။

၉။ သူတို့ရဲ့ အိပ်ယာကို မကြာခဏ သန့်ရှင်းရေး လုပ်ပေးပါ။

အိပ်ယာထဲမှာလည်း ကျွတ်နေတဲ့ အမွေးတွေ ရှိပါတယ်။ သူတို့ကဝင်အိပ်လိုက်၊ သူတို့နားပြန်ကပ်လိုက်နဲ့ဆိုတော့ အမွေးသံသရာက မပြီးတော့ပါဘူး။ ပြီးတော့ တစ်အိမ်လုံးကို လျှောက်သွားနေကြတာ ဆိုတော့ အမွေးတွေက နေရာတိုင်းမှာ ကျကျန်ခဲ့ပါတယ်။ နေရာတိုင်း လိုက်မရှင်းချင်ဘူး ဆိုရင်တော့ သူတို့ရဲ့ အိပ်ယာခင်းကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

၁၀။ လှိမ့်တုံး

တကယ်လို့ သင်က အပြင်သွားခါနီး အမွေးတွေက သင့်အဝတ်အစားတွေမှာ ကပ်နေတယ် ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် လှိမ့်တုံးလေးတစ်ခု ရှိထားတာတော့ မမှားပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments