သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ နေမကောင်းဖြစ်နေလားဆိုတာ သိနိုင်တဲ့အချက် (၈) ချက်

လူတွေရဲ့ နေ့စဉ်ဘဝမှာ ကြောင်လေးတွေ၊ ခွေးလေးတွေက မပါမဖြစ်ပါပဲ။ တချို့ကျန်းမာရေး ပြဿနာတွေဆိုရင် ဂရုမစိုက်မိရင် အသက်ဆုံးရှံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကလေးလေးတွေ နေမကောင်းဖြစ်နေလား ဆိုတာ ဘယ်လိုသိနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အပူချိန်ကို အမြဲတိုင်းပေးပါ။

သင့်ခွေးလေးရဲ့ ခန္ဒာကိုယ်အပူချိန်ကို အမြဲတမ်း တိုင်းပေးသင့်ပါတယ်။ ဒါမှသာ သူတို့တွေ ကိုယ်အရမ်းပူနေလား၊ ပုံမှန်အခြေအနေလား ဆိုတာကို သိနိုင်မှာပါ။ သူတို့ရဲ့ နားထဲကိုထည့်ပြီး တိုင်းတဲ့သာမိုမီတာဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ခန္ဓာကိုယ်အပူချိန်တိုင်းတဲ့ ကိရိယာတွေ အများကြီးပေါ်လာပါပြီ။ သင်အဆင်ပြေတာနဲ့ပဲ တိုင်းတာပါ။

ကြောင်တွေမှာတွေ့ရတဲ့ ပုံမှန်အပူချိန်ကတော့ 100°F – 102.5°F (37.7°C – 39.1°C) ဖြစ်ပါတယ်။ ခွေးတွေရဲ့ ပျမ်းမျှအပူချိန်ကတော့ 101°F (38°C) ဝန်းကျင်မှာ ရှိနေတတ်ပေမယ့်လည်း ပုံမှန်ထက် 1 ဒါမှမဟုတ် 2 ဒီဂရီအထက် ရှိနေတာပဲဖြစ်ဖြစ်၊ နိမ့်နေတာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။

၂။ နှလုံးခုန်နှုန်းကို တိုင်းပါ။

ဒီလိုတိုင်းဖို့အတွက်တော့ နာရီတစ်လုံးပဲဖြစ်ဖြစ်၊ သင့်ဖုန်းက stopwatch ကိုပဲဖြစ်ဖြစ် ကြည့်ပြီးတော့ တိုင်းနိုင်ပါတယ်။ ကြောင်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းဖို့အတွက်တော့ သူတို့ရဲ့ လက်တွေကို ကားပြီးတော့ ရင်ဘတ်ပေါ်မှာ လက်တွေကို တင်လိုက်ပါ။ နှလုံးခုန်နေတာကို 15 စက္ကန့်ကြာ ရေတွက်ပြီး ရလဒ်ကို 4 နဲ့ မြှောက်လိုက်ပါ။ လက်ချောင်း 2 ချောင်းကို ပေါင်ခြံအတွင်းပိုင်းကို တင်ထားခြင်းကလည်း သွေးခုန်နှုန်းကို ခံစားရနိုင်ပါတယ်။

ကြောင်တွေအတွက် ပုံမှန်နှလုံးခုန်နှုန်းကတော့ တစ်မိနစ်ကို ၁၄၀-၂၂၀ ရှိပါတယ်။ ခွေးရဲ့ နှလုံးခုန်နှုန်းကို တိုင်းမယ်ဆိုရင်တော့ လက်ဖဝါးကို ခွေးရဲ့ရင်ဘတ်ပေါ် ချိုင်းကြားအောက်မှာ ထားပေးပါ။ ခွေးတွေရဲ့ ပုံမှန်နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၇၀ ကနေ ၁၂၀ ထိရှိပါတယ်။ တိရစ္ဆာန်အရွယ်အစားပေါ် မူတည်ပြီးတော့လည်း ပြောင်းလဲနိုင်ပါတယ်။

၃။ မျက်စိပြဿနာရှိမရှိ စစ်ဆေးပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်တွေဆီ လာပြတဲ့ ရောဂါအများစုဟာ မျက်လုံးပြဿနာတွေပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာ နေထိုင်တဲ့ ကြောင်တွေ၊ ခွေးတွေမှာတော့ သိပ်အဖြစ်မများပေမယ့် အပြင်မှာနေတဲ့ ခွေးလေးကြောင်လေးတွေမှာတော့ မျက်လုံးရောဂါ အဖြစ်များပါတယ်။ ကူးစက်တတ်တာကြောင့်လဲ သတိထားသင့်ပါတယ်။

မျက်လုံးပိုးဝင်ခြင်းက အလွန်ပြင်းထန်ပြီးတော့ မျက်စိကွယ်ခြင်းလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အိမ်မွေးတိရစ္ဆာန်လေးရဲ့ မျက်လုံးကို ပုံမှန်စစ်ဆေးပေးဖို့က အလွန်အရေးကြီးပါတယ်။

အညစ်အကြေးတွေတွေ့ရင် သန့်ရှင်းပေးပါ။ ပြင်းထန်နေတဲ့ ရောင်ရမ်းမှုတွေကို သတိထားမိရင်လည်း တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပေးပါ။

၄။ နားရွက်တွေမှာ ပိုးမွှားနှင့် ခြစ်ရာတွေ ရှိမရှိ စစ်ဆေးပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ နားကို အမြဲတမ်း စစ်ဆေးပေးဖို့ကလည်း အရေးကြီးပါတယ်။ အတွင်းပိုင်းကိုလည်း သေချာစစ်ဆေးပါ။ တကယ်လို့ အနာတစ်ခုခုရှိနေတယ်ဆိုရင်တော့

- ထိလိုက်တိုင်း နာနေပါလိမ့်မယ်။

- အနံ့ဆိုးတွေလည်း ထွက်နေပါလိမ့်မယ်။

- အရေပြားက ရောင်ရမ်းနေပါလိမ့်မယ်။

- အကျိတ်တွေ ဒါမှမဟုတ် အဖုတွေ ပေါက်နေပါလိမ့်မယ်။

- အထဲမှာ တစ်ခုခုက လှုပ်ရှားနေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။

- ဂျီးတွေအများကြီးလည်း တွေ့နေပါလိမ့်မယ်။

၅။ ခြေသည်းနဲ့ လက်သည်းတွေကို သန့်ရှင်းအောင်ထားပါ။

ခွေးလေး၊ ကြောင်လေးတွေဟာ အရမ်းကို အဆော့သန်တာကြောင့် သူတို့ရဲ့ လက်သည်းတွေနဲ့ လူကိုပဲဖြစ်ဖြစ်၊ တခြားတိရိစ္ဆာန်တစ်ကောင်ကိုဖြစ်ဖြစ် ခြစ်မိသွားနိုင်ပါတယ်။ ဒါကြောင့် ကုတ်မိရင် သူတို့လည်း နာနိုင်ပါတယ်။

သွေးထွက်နေတာကို မြင်တာပဲဖြစ်ဖြစ်၊ အကုတ်ခံထားရတာကို မြင်တာပဲဖြစ်ဖြစ် အရင်ဆုံးသန့်ရှင်းပေးလိုက်ပါ။ လိုအပ်ရင် ဆေးထည့်ပေးပြီးတော့ မသက်သာရင် ဆေးခန်းကို ပြသင့်ပါတယ်။

၆။ သွားတွေကို အမြဲစစ်ဆေးပါ။

သူတို့တွေရဲ့ သွားကို တိရစ္ဆာန်ဆရာဝန်ဆီမှာ တစ်နှစ်ကို တစ်ခါလောက်တော့ အနည်းဆုံး ပြသင့်ပါတယ်။ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေ ရှိမရှိကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဘာတွေကို စစ်ဆေးရမလဲဆိုတော့

- အနုံ့ဆိုးထွက်တာတွေ

- သွားတွေကျိုးနေလား ဆိုတာတွေ

- အစာကို ပုံမှန်မဝါးတာတွေ

- အစာစားချင်စိတ် နည်းလာတာတွေ

- သွေးယိုနေတာတွေ

- ပါးစပ်နားမှာ နာကျင်မှုတွေ ဖြစ်နေလားဆိုတာကို စစ်ဆေးပေးသင့်ပါတယ်။

ဒီလိုတွေမဖြစ်အောင် ကာကွယ်ချင်တယ် ဆိုရင်တော့ သွားကိုပုံမှန်တိုက်ပေးသင့်ပါတယ်။

၇။ သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ အပြုအမူတွေကို စောင့်ကြည့်ပါ။

သင့်အိမ်မွေးတိရစ္ဆာန်ရဲ့ အစားစားပုံနှင့် အပြုအမူတွေကို အမြဲစောင့်ကြည့်နေပါ။ လူတွေလိုပဲ အဝလွန်နေတဲ့ အိမ်မွေးတိရစ္ဆာန်တွေကလည်း အသက်ကို တိုစေနိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေရှိပါတယ်။ သူတို့တွေ ပျင်းနေတာပဲဖြစ်ဖြစ်၊ ဝမ်းနည်းနေတာပဲဖြစ်ဖြစ် ကိုယ်အလေးချိန်က တက်လာတတ်ပါတယ်။

၈။ သူတို့ရဲ့ အမွေးနဲ့အရေပြားကို စစ်ဆေးပါ။

သင့်ခွေးလေး၊ ကြောင်လေးတွေရဲ့ အမွေးတွေကို အမြဲစစ်သင့်ပါတယ်။ အထူးသဖြင့် ခွေးတွေမှာ သန်းတွေရှိနေတတ်ပါတယ်။ သူတို့တွေ အပြင်က ပြန်လာတိုင်း ခန္ဒာကိုယ်ကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments