မလိုအပ်သော ချည်နှောင်မှု

တခါတုန်းက ကြွက်တကောင်နဲ့ ဖားတကောင် တို့ဟာ အချင်းချင်း အဆွေခင်ပွန်းဖွဲ့ နေထိုင် ကြတယ်။

ကြွက်ဟာ ကုန်းပေါ် သက်သက် မှာသာ နေထိုင်ပြီး ဖားကတော့ ကုန်းပေါ် မှာရော ရေထဲမှာရော နေထိုင်နိုင်တဲ့ သတ္တဝါ ဖြစ်တယ်။

ကြွက်နဲ့ ဖားဟာ အဆွေခင်ပွန်း ဖွဲ့ပြီးတဲ့ နောက်မှာ သူတို့ နှစ်ကောင်ဟာ အတူတကွ ကုန်းပေါ်မှာ သွားလာ ကျက်စား နေထိုင်ကြတယ်။

တနေ့မှာတော့ သူတို့နှစ်ကောင်ဟာ တကောင်နှင့် တကောင် အမြဲတမ်း နီးနီးကပ်ကပ် ရှိအောင်၊ မခွဲမခွာ နေနိုင်အောင် ဆိုပြီး ခြေချင်း ပူးပြီး ကြိုးနဲ့ ချည်နှောင်ထား လိုက်ကြတယ်။

အဲဒီလို ခြေချင်းပူး ချည်နှောင်ကာ အမြဲ အတူတကွ စားသောက် နေထိုင်ကြတယ်။ တရက် မှာတော့ သူတို့နှစ်ကောင်ဟာ ရေကန် တကန် အနားကို ရောက်သွား ကြတယ်။

ဖားက ရေကို မြင်တဲ့အခါ ချက်ချင်း ဆိုသလို ရေထဲသို့ ခုန်ချပြီး ရေကူးနေတယ်။ ထိုအခါ ရေမကူး တတ်တဲ့ ကြွက်ဟာ ရေနစ်ပြီး သေဆုံး ရှာလေတယ်။

ထိုအချိန်မှာ ရေပေါ်ကို ပေါ်လိုက် မြုပ်လိုက် ဖြစ်နေတဲ့ ကြွက်သေကောင်ကို သိမ်းငှက်က မြင်တဲ့အခါ လျှင်မြန်စွာ ထိုးဆင်းပြီး သူ၏ လက်သည်းတွေနဲ့ ကြွက်သေကောင်ကို သုပ်ချီလိုက်တယ်။

သုပ်ချီ ယူဆောင်လာတဲ့ ကြွက်သေကောင် နောက်မှာ ဖားကလည်း တွဲလွဲ ပါလာတယ်။ သိမ်းငှက်ဟာ ကြွက် အပြင် ဖားကိုပါ စားသောက် လိုက်တယ်။

မဖြစ်နိုင်တာတွေ ဖြစ်ချင်လွန်းရင် ဒုက္ခတခုခု ရရှိတတ် ပါတယ်။ စဉ်းစား ဆင်ခြင်ဉာဏ် မရှိရင် ဒုက္ခကြီးစွာနဲ့ ကြုံတွေ့ ရတတ်ပါတယ်။ ဘဝမှာ မရှိလည်း ဖြစ်တဲ့၊ မလိုအပ်တဲ့ အရာတွေကို ချည်နှောင်၊ ဆုပ်ကိုင် မထားပါနဲ့။

မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ဖို့ ဘေးဒုက္ခမှ ကင်းလွှတ်ဖို့ မိမိကိုယ်မိမိ စဉ်းစား ဆင်ခြင်ဉာဏ် ရှိဖို့ လိုအပ်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက အသိပေးထားတာ ဖြစ်ပါတယ်။ Crd Kg Chit

Zawgyi

မလိုအပ္ေသာ ခ်ည္ေႏွာင္မႈ

တခါတုန္းက ႂကြက္တေကာင္နဲ႔ ဖားတေကာင္ တို႔ဟာ အခ်င္းခ်င္း အေဆြခင္ပြန္းဖြဲ႕ ေနထိုင္ ၾကတယ္။

ႂကြက္ဟာ ကုန္းေပၚ သက္သက္ မွာသာ ေနထိုင္ၿပီး ဖားကေတာ့ ကုန္းေပၚ မွာေရာ ေရထဲမွာေရာ ေနထိုင္ႏိုင္တဲ့ သတၱဝါ ျဖစ္တယ္။

ႂကြက္နဲ႔ ဖားဟာ အေဆြခင္ပြန္း ဖြဲ႕ၿပီးတဲ့ ေနာက္မွာ သူတို႔ ႏွစ္ေကာင္ဟာ အတူတကြ ကုန္းေပၚမွာ သြားလာ က်က္စား ေနထိုင္ၾကတယ္။

တေန႔မွာေတာ့ သူတို႔ႏွစ္ေကာင္ဟာ တေကာင္ႏွင့္ တေကာင္ အၿမဲတမ္း နီးနီးကပ္ကပ္ ရွိေအာင္၊ မခြဲမခြာ ေနႏိုင္ေအာင္ ဆိုၿပီး ေျခခ်င္း ပူးၿပီး ႀကိဳးနဲ႔ ခ်ည္ေႏွာင္ထား လိုက္ၾကတယ္။

အဲဒီလို ေျခခ်င္းပူး ခ်ည္ေႏွာင္ကာ အၿမဲ အတူတကြ စားေသာက္ ေနထိုင္ၾကတယ္။ တရက္ မွာေတာ့ သူတို႔ႏွစ္ေကာင္ဟာ ေရကန္ တကန္ အနားကို ေရာက္သြား ၾကတယ္။

ဖားက ေရကို ျမင္တဲ့အခါ ခ်က္ခ်င္း ဆိုသလို ေရထဲသို႔ ခုန္ခ်ၿပီး ေရကူးေနတယ္။ ထိုအခါ ေရမကူး တတ္တဲ့ ႂကြက္ဟာ ေရနစ္ၿပီး ေသဆုံး ရွာေလတယ္။

ထိုအခ်ိန္မွာ ေရေပၚကို ေပၚလိုက္ ျမဳပ္လိုက္ ျဖစ္ေနတဲ့ ႂကြက္ေသေကာင္ကို သိမ္းငွက္က ျမင္တဲ့အခါ လွ်င္ျမန္စြာ ထိုးဆင္းၿပီး သူ၏ လက္သည္းေတြနဲ႔ ႂကြက္ေသေကာင္ကို သုပ္ခ်ီလိုက္တယ္။

သုပ္ခ်ီ ယူေဆာင္လာတဲ့ ႂကြက္ေသေကာင္ ေနာက္မွာ ဖားကလည္း တြဲလြဲ ပါလာတယ္။ သိမ္းငွက္ဟာ ႂကြက္ အျပင္ ဖားကိုပါ စားေသာက္ လိုက္တယ္။

မျဖစ္ႏိုင္တာေတြ ျဖစ္ခ်င္လြန္းရင္ ဒုကၡတခုခု ရရွိတတ္ ပါတယ္။ စဥ္းစား ဆင္ျခင္ဉာဏ္ မရွိရင္ ဒုကၡႀကီးစြာနဲ႔ ႀကဳံေတြ႕ ရတတ္ပါတယ္။ ဘဝမွာ မရွိလည္း ျဖစ္တဲ့၊ မလိုအပ္တဲ့ အရာေတြကို ခ်ည္ေႏွာင္၊ ဆုပ္ကိုင္ မထားပါနဲ႔။

မျဖစ္သင့္တဲ့ အရာေတြ မျဖစ္ဖို႔ ေဘးဒုကၡမွ ကင္းလႊတ္ဖို႔ မိမိကိုယ္မိမိ စဥ္းစား ဆင္ျခင္ဉာဏ္ ရွိဖို႔ လိုအပ္တဲ့ အေၾကာင္းကို ဒီအေၾကာင္းအရာေလးက အသိေပးထားတာ ျဖစ္ပါတယ္။ Crd Kg Chit

Post a Comment

0 Comments