မလိုအပ်တဲ့ အရာကို ဖယ်ထုတ်ပစ်ပါ

တခါးက ရွာတရွာမှာ ပန်းပုဆရာ တယောက် ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ်ကို ပီပြင်အောင် ထုပေး နိုင်တယ်။

သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင် လွန်းတော့ အနီးနားက ရွာတွေ အထိပါ သူ့သတင်းက ကျော်ကြားတယ်။ ဒီတော့ တပည့်လက်သား အဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။

ဒါပေမယ့် လာလိုက် သမျှ တပည့်တွေ ကလည်း ဆရာ့ လက်ရာကို မမှီ နိုင်ဘူး။ ဒါနဲ့ တနေ့ ကျတော့ ဆရာ့ကို လူတယောက်ကမေးတယ်။

"ဆရာ ထုတဲ့ အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ်က ဘာကြောင့် ကွာခြားရ တာလဲ။ ဆရာ့ လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင် ရတာလဲ" လို့ မေးတယ်။

ဒီတော့ ပန်းပုဆရာက "ကျုပ်တို့မှာ အခြေခံ အနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။

ဥပမာ ဆင်ရုပ် ထွင်းမယ် ဆိုပါတော့။ ဒီသစ်ပိုင်း ထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်း ဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက်လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။

မလိုတဲ့ အပိုင်းကို ဖယ်ထုတ်လိုက် နိုင်တော့ ထွင်းတဲ့ လက်ရာက ပီပြင်တာ ပေါ့ဗျာ။ ဆင် ဆိုရင်လည်း ဆင်ရုပ်၊ မြင်း ဆိုလည်း မြင်းရုပ်၊ အကုန် ပီပြင်တယ်ဗျာ။

အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ" တဲ့။

ကျွန်တော်တို့ တွေလည်း ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင် အရင် လုပ်ရပါမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့ အတွက် မလိုအပ်တဲ့ အရာတွေကို ပြတ်ပြတ် သားသား ဖယ်ထုတ် ပစ်ဖို့ လိုပါတယ်။

အဲဒီအထဲမှာ အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေ ၊ ဒါ့အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။ Crd

Zawgyi

မလိုအပ္တဲ့ အရာကို ဖယ္ထုတ္ပစ္ပါ

တခါးက ႐ြာတ႐ြာမွာ ပန္းပုဆရာ တေယာက္ ရွိတယ္။ သူဟာ ဘယ္လို သစ္သားမ်ိဳးနဲ႔ မဆို ပန္းပု႐ုပ္ကို ပီျပင္ေအာင္ ထုေပး ႏိုင္တယ္။

သူထြင္းလိုက္တဲ့ လက္ရာေတြက အသက္ဝင္ လြန္းေတာ့ အနီးနားက ႐ြာေတြ အထိပါ သူ႔သတင္းက ေက်ာ္ၾကားတယ္။ ဒီေတာ့ တပည့္လက္သား အျဖစ္နဲ႔ ပညာ သင္ခ်င္တဲ့ သူေတြ ကလည္း မ်ားတယ္။

ဒါေပမယ့္ လာလိုက္ သမွ် တပည့္ေတြ ကလည္း ဆရာ့ လက္ရာကို မမွီ ႏိုင္ဘူး။ ဒါနဲ႔ တေန႔ က်ေတာ့ ဆရာ့ကို လူတေယာက္ကေမးတယ္။

"ဆရာ ထုတဲ့ အ႐ုပ္နဲ႔ တျခားလူေတြရဲ႕ အ႐ုပ္က ဘာေၾကာင့္ ကြာျခားရ တာလဲ။ ဆရာ့ လက္ရာေတြက ဘာေၾကာင့္ ပိုၿပီးေတာ့ ပီျပင္ ရတာလဲ" လို႔ ေမးတယ္။

ဒီေတာ့ ပန္းပုဆရာက "က်ဳပ္တို႔မွာ အေျခခံ အေနနဲ႔ ကေတာ့ သုံးရတာခ်င္း အတူတူပဲ။ ဒါေပမယ့္ ျမင္ေအာင္ ၾကည့္တတ္တဲ့ အျမင္ ေနရာမွေတာ့ ကြာသြားၿပီ။

ဥပမာ ဆင္႐ုပ္ ထြင္းမယ္ ဆိုပါေတာ့။ ဒီသစ္ပိုင္း ထဲကေန ဘယ္ေနရာက ဆင္ရဲ႕ အစိတ္ အပိုင္း ျဖစ္သင့္တယ္၊ ဘယ္ေနရာကိုေတာ့ မျဖစ္ထိုက္လို႔ ဖယ္ထုတ္ သင့္တယ္ ဆိုတာကို ေသေသခ်ာခ်ာ သိေနဖို႔ပဲ။

မလိုတဲ့ အပိုင္းကို ဖယ္ထုတ္လိုက္ ႏိုင္ေတာ့ ထြင္းတဲ့ လက္ရာက ပီျပင္တာ ေပါ့ဗ်ာ။ ဆင္ ဆိုရင္လည္း ဆင္႐ုပ္၊ ျမင္း ဆိုလည္း ျမင္း႐ုပ္၊ အကုန္ ပီျပင္တယ္ဗ်ာ။

အေရးႀကီးတာက ဘယ္အပိုင္းကို ဖယ္ထုတ္ရမလဲ ဆိုတာပဲ" တဲ့။

ကြၽန္ေတာ္တို႔ ေတြလည္း ပထမဆုံး ကိုယ္ျဖစ္ခ်င္တာကို သိေအာင္ အရင္ လုပ္ရပါမယ္။ ျဖစ္ခ်င္တာေတြ ပီျပင္ဖို႔ အတြက္ မလိုအပ္တဲ့ အရာေတြကို ျပတ္ျပတ္ သားသား ဖယ္ထုတ္ ပစ္ဖို႔ လိုပါတယ္။

အဲဒီအထဲမွာ အားနာစိတ္ေတြ၊ ပ်င္းရိျခင္းေတြ၊ ေတြေဝျခင္းေတြ ၊ ဒါ့အျပင္ သံေယာဇဥ္ေတြ ပါေကာင္း ပါေနပါလိမ့္မယ္။ Crd

Post a Comment

0 Comments