တခါတုန်းက နွားနို့သည် တယောက် ရှိတယ်။ သူဟာ နေ့စဉ် မြစ်ကို ဖြတ်ကူးပြီး မြို့မှာ နွားနို့ သွားရောင်း ရပါတယ်။
အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်ကြီး ရဖို့ နွားနို့ထဲကို မြစ်ရေတွေ ရောပြီးမှ ရောင်းပါတယ်။
အဲဒီလိုနဲ့ နွားနို့သည်ဟာ မသာတဲ့ နည်းနဲ့ အလွန်ပဲ ချမ်းသာ ကြီးပွား လာသတဲ့။
တနေ့မှာတော့ နွားနို့သည်ဟာ သူ့သား မင်္ဂလာဆောင် အခမ်းအနား ကျင်းပဖို့ အတွက် ရစရာ ရှိတဲ့ အကြွေးတွေကို လှည့်ပြီး တောင်းပါတယ်။
အကြွေး ရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ အဖိုးတန် ရွှေထည်တွေ ပစ္စည်းတွေကို ဝယ်ယူခဲ့ ပါတယ်။
ထို့နောက် အိမ်အပြန် မြစ်ကို ဖြတ်ကူးချိန် မှာတော့ သူ စီးလာတဲ့ လှေဟာ ရုတ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေ အားလုံး ရေထဲမှာ မျောပါ ကုန်တယ်။
နွားနို့သည်မှာ ဝမ်းနည်း ပူဆွေးမှု တွေနဲ့ ဘာစကား တလုံးမှ မဆို နိုင်အောင် ပူလောင် ခံစား နေပါတယ်။
အဲဒီအချိန်မှာ မြစ်ထဲက အသံကြီး တခုကို သူ ကြားလိုက် ရပါတယ်။
"မငိုပါနဲ့ကွာ။ ဆုံးရှုံး သွားတာတွေက မင်းရဲ့ နွားနို့ကို ဝယ်သောက်တဲ့ လူတွေဆီက လိမ်လည် လှည့်ဖြားပြီး မသမာတဲ့ နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေ ပါပဲ" တဲ့။
မတရားမှုတွေ၊ သူတပါး မျက်ရည်တွေနဲ့ ရလာတဲ့ ပိုက်ဆံ ဆိုတာ တနည်းမဟုတ် တနည်းနဲ့တော့ ပြန်အံ ထွက်တတ် ပါတယ်။ LinMyat
Zawgyi
မ႐ိုးသားေသာ ႏြားႏို႔သည္
တခါတုန္းက ႏြားႏို႔သည္ တေယာက္ ရွိတယ္။ သူဟာ ေန႔စဥ္ ျမစ္ကို ျဖတ္ကူးၿပီး ၿမိဳ႕မွာ ႏြားႏို႔ သြားေရာင္း ရပါတယ္။ အဲဒီအခ်ိန္မွာ ႏြားႏို႔သည္ဟာ အျမတ္ႀကီး ရဖို႔ ႏြားႏို႔ထဲကို ျမစ္ေရေတြ ေရာၿပီးမွ ေရာင္းပါတယ္။ အဲဒီလိုနဲ႔ ႏြားႏို႔သည္ဟာ မသာတဲ့ နည္းနဲ႔ အလြန္ပဲ ခ်မ္းသာ ႀကီးပြား လာသတဲ့။
တေန႔မွာေတာ့ ႏြားႏို႔သည္ဟာ သူ႔သား မဂၤလာေဆာင္ အခမ္းအနား က်င္းပဖို႔ အတြက္ ရစရာ ရွိတဲ့ အေႂကြးေတြကို လွည့္ၿပီး ေတာင္းပါတယ္။ အေႂကြး ရလာတဲ့ ပိုက္ဆံေတြနဲ႔ ဆန္းျပားတဲ့ အဝတ္အစားေတြ အဖိုးတန္ ေ႐ႊထည္ေတြ ပစၥည္းေတြကို ဝယ္ယူခဲ့ ပါတယ္။
ထို႔ေနာက္ အိမ္အျပန္ ျမစ္ကို ျဖတ္ကူးခ်ိန္ မွာေတာ့ သူ စီးလာတဲ့ ေလွဟာ ႐ုတ္တရက္ တိမ္းေမွာက္ကာ ဝယ္လာသမွ် ပစၥည္ေတြ အားလုံး ေရထဲမွာ ေမ်ာပါ ကုန္တယ္။ ႏြားႏို႔သည္မွာ ဝမ္းနည္း ပူေဆြးမႈ ေတြနဲ႔ ဘာစကား တလုံးမွ မဆို ႏိုင္ေအာင္ ပူေလာင္ ခံစား ေနပါတယ္။
အဲဒီအခ်ိန္မွာ ျမစ္ထဲက အသံႀကီး တခုကို သူ ၾကားလိုက္ ရပါတယ္။ "မငိုပါနဲ႔ကြာ။ ဆုံးရႈံး သြားတာေတြက မင္းရဲ႕ ႏြားႏို႔ကို ဝယ္ေသာက္တဲ့ လူေတြဆီက လိမ္လည္ လွည့္ျဖားၿပီး မသမာတဲ့ နည္းနဲ႔ ရယူထားတဲ့ အျမတ္အစြန္းေတြ ပါပဲ" တဲ့။
မတရားမႈေတြ၊ သူတပါး မ်က္ရည္ေတြနဲ႔ ရလာတဲ့ ပိုက္ဆံ ဆိုတာ တနည္းမဟုတ္ တနည္းနဲ႔ေတာ့ ျပန္အံ ထြက္တတ္ ပါတယ္။ LinMyat
0 Comments