ကိုယ့်မယားကို သူများကို မပေးပါနဲ့

ဒီစကားလေးက ထူးဆန်းသလို ရှိပြီး ရိုင်းသလိုလည်း ဖြစ်နေ မှာပါ။

အမှန် ကတော့ ကုသိုလ်ရေး တွေမှာ "မင်းလုပ် လိုက်ပါကွာ" ဆိုတဲ့ အမျိုးသား တွေကို သတိပေးတဲ့ စကားလေးပါ။

တချို့သော အမျိုးသားတွေက အိမ်ကို ဆွမ်းခံ ကြွလာရင် "မိန်းမရေ ဒီမှာ ဆွမ်းခံ ကြွလာပြီ" ဆိုပြီး စာဖတ် မပျက်၊ တီဗွီကြည့် မပျက် ကြပါဘူး။

ဥပုသ်ရက်တွေမှာ ဇနီးသည်က ဘုန်းကြီးကျောင်း သွားပေမယ့် သူတို့က အလုပ်တွေကို အကြောင်း ပြပြီး မသွားတာ၊ မိတ်ဆွေ တွေ စုပြီး ဝိုင်းဖွဲ့ နေတတ်တာက များပါတယ်။

တရားပွဲတို့၊ တရားစခန်းတို့ ကိုကြည့်ရင် လူတထောင်မှာ အမျိုးသားက တရာပြည့်ဖို့ မလွယ်ပါဘူး။

တူညီသော သဒ္ဓါတရား၊ တူညီသော သီလ၊ တူညီသော စာဂ၊ တူညီသော ပညာ စတာတွေနဲ့ ပြည့်စုံမှသာ သံသရာမှာ မခွဲမခွာ နေကြရမှာလို့ ဘုရားရှင်က သုသုမာရဂီရမြို့မှာနေတဲ့ နကုလ မာတာနဲ့ နကုလပီတာ အဖိုးအဖွား ဇနီး မောင်နှံကို အကြောင်းပြုပြီး ဟောကြား ခဲ့ပါတယ်။

ကုသိုလ် ဖြစ်ဖြစ်၊ အကုသိုလ် ဖြစ်ဖြစ် ပြုလုပ်သူ ကသာ ခံရ စံရတာပါ။

ကုသိုလ်ရေး တွေမှာ အတူ မလုပ်ပဲ၊ အတူ ကျေနပ် ဝမ်းမြောက်မှု မရှိပဲ "မင်းလုပ်လိုက်ပါကွာ" ဆိုရင်တော့ မိမိ ခံစားရမှာ မဟုတ်တော့ ဘူးလေ။

အဲဒီလိုနဲ့ မိန်းမ ဖြစ်သူက နတ်ပြည် ရောက်ပြီး နတ်သားကတော် သွားဖြစ်တော့ ကိုယ့်မယားက သူများမယား ဖြစ်သွားပြီပေါ့။

ဒါကြောင့် အိမ်ဦးနတ်တို့ရေ ဘာလုပ်လုပ် အတူတူ လုပ်ကြပါ လို့ သတိ ပေးလိုက် ပါရစေ။ ကိုယ်ကျန်နေ ခဲ့ရင်တော့ ကိုယ့်မယား သူများကို ပေးလိုက်ရလိမ့် မယ်နော်။ Thet Khaing Win

Zawgyi

ကိုယ့္မယားကို သူမ်ားကို မေပးပါနဲ႔

ဒီစကားေလးက ထူးဆန္းသလို ရွိၿပီး ႐ိုင္းသလိုလည္း ျဖစ္ေန မွာပါ။ အမွန္ ကေတာ့ ကုသိုလ္ေရး ေတြမွာ "မင္းလုပ္ လိုက္ပါကြာ" ဆိုတဲ့ အမ်ိဳးသား ေတြကို သတိေပးတဲ့ စကားေလးပါ။ တခ်ိဳ႕ေသာ အမ်ိဳးသားေတြက အိမ္ကို ဆြမ္းခံ ႂကြလာရင္ "မိန္းမေရ ဒီမွာ ဆြမ္းခံ ႂကြလာၿပီ" ဆိုၿပီး စာဖတ္ မပ်က္၊ တီဗြီၾကည့္ မပ်က္ ၾကပါဘူး။

ဥပုသ္ရက္ေတြမွာ ဇနီးသည္က ဘုန္းႀကီးေက်ာင္း သြားေပမယ့္ သူတို႔က အလုပ္ေတြကို အေၾကာင္း ျပၿပီး မသြားတာ၊ မိတ္ေဆြ ေတြ စုၿပီး ဝိုင္းဖြဲ႕ ေနတတ္တာက မ်ားပါတယ္။ တရားပြဲတို႔၊ တရားစခန္းတို႔ ကိုၾကည့္ရင္ လူတေထာင္မွာ အမ်ိဳးသားက တရာျပည့္ဖို႔ မလြယ္ပါဘူး။

တူညီေသာ သဒၶါတရား၊ တူညီေသာ သီလ၊ တူညီေသာ စာဂ၊ တူညီေသာ ပညာ စတာေတြနဲ႔ ျပည့္စုံမွသာ သံသရာမွာ မခြဲမခြာ ေနၾကရမွာလို႔ ဘုရားရွင္က သုသုမာရဂီရၿမိဳ႕မွာေနတဲ့ နကုလ မာတာနဲ႔ နကုလပီတာ အဖိုးအဖြား ဇနီး ေမာင္ႏွံကို အေၾကာင္းျပဳၿပီး ေဟာၾကား ခဲ့ပါတယ္။

ကုသိုလ္ ျဖစ္ျဖစ္၊ အကုသိုလ္ ျဖစ္ျဖစ္ ျပဳလုပ္သူ ကသာ ခံရ စံရတာပါ။ ကုသိုလ္ေရး ေတြမွာ အတူ မလုပ္ပဲ၊ အတူ ေက်နပ္ ဝမ္းေျမာက္မႈ မရွိပဲ "မင္းလုပ္လိုက္ပါကြာ" ဆိုရင္ေတာ့ မိမိ ခံစားရမွာ မဟုတ္ေတာ့ ဘူးေလ။

အဲဒီလိုနဲ႔ မိန္းမ ျဖစ္သူက နတ္ျပည္ ေရာက္ၿပီး နတ္သားကေတာ္ သြားျဖစ္ေတာ့ ကိုယ့္မယားက သူမ်ားမယား ျဖစ္သြားၿပီေပါ့။ ဒါေၾကာင့္ အိမ္ဦးနတ္တို႔ေရ ဘာလုပ္လုပ္ အတူတူ လုပ္ၾကပါ လို႔ သတိ ေပးလိုက္ ပါရေစ။ ကိုယ္က်န္ေန ခဲ့ရင္ေတာ့ ကိုယ့္မယား သူမ်ားကို ေပးလိုက္ရလိမ့္ မယ္ေနာ္။ Thet Khaing Win

Post a Comment

0 Comments