အသိဉာဏ်မဲ့သောသူ

ဟိုးရှေးရှေးတုန်းက အလွန် ကြွယ်ဝ ချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှိသည်။ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။

သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ် အတွက် လိုလေသေး မရှိ အလိုလိုက် ကြသည်။ သူဋ္ဌေးသားငယ် အရွယ် ရောက်လာသော အခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီး တဦးနှင့် လက်ထပ် ပေးသည်။

ထိုသို့ အိမ်ထောင် ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်။ ထိုသားငယ် မွေးဖွားပြီး ၂ နှစ်ခန့်တွင် သူဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန် သွားကြသည်။

ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာ ရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာ ပစ္စည်းများ ဆုံးရှုံး နိုင်သည်။ ထို့ကြောင့် ပညာ သင်ယူလျှင် ကောင်းမည်ဟု အကြံပြု ကြသည်။

သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံ လိုက်ပြီး တက္ကသိုလ် တခုသို့ သွားရောက်၍ ပညာ သင်ယူသည်၊၊ တက္ကသိုလ်၌ ၁၀ နှစ်ခန့် ကြာပြီးနောက် အိမ်သို့ ပြန်လာခဲ့ရာ ညဉ့်နက် လူခြေ တိတ်ချိန်မှ ရောက်လာသည်။

သို့သော် သူဋ္ဌေးသားသည် အိမ်၏ လျှို့ ဝှက် တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိ သွားသည်။

သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ဝင်လာသော အခါ ဇနီးဖြစ်သူကို ခြင်ထောင် အတွင်း၌ ယောကျ်ားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော် နေသည်ကို တွေ့လိုက်ရသည်။

သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစား မနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက် လေတော့သည်။ နံနက်လင်း၍ အစေခံများ နိုးလာသော အခါကျမှ မိမိ သတ်လိုက်သူ များမှာ ဇနီးနှင့် သား ဖြစ်ကြောင်း သိလိုက်ရသည်။

မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ် မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ် မဲ့သောကြောင့် ဇနီးနှင့် သားငယ်ကို သတ်မိခြင်း ပင်တည်း။

ငွေေကြေး ချမ်းသာသော်လည်း၊ ပညာ တတ်သော်လည်း အသိဉာဏ်ပညာ မဲ့လျှင် ဒုက္ခ ဖြစ်စေတတ်ကြောင်းကို ဒီပုံပြင်လေးက သင်ခန်းစာ ပေးနေတာပဲ ဖြစ်ပါတယ်။ Crd

Zawgyi

အသိဉာဏ္မဲ့ေသာသူ

ဟိုးေရွးေရွးတုန္းက အလြန္ ႂကြယ္ဝ ခ်မ္းသာေသာ သူေ႒းႀကီး ဇနီးေမာင္ႏွံ ရွိသည္။ ထိုသူေ႒းႀကီး ဇနီးေမာင္ႏွံတြင္ လြန္စြာ ေခ်ာေမာ လွပေသာ သားတေယာက္ ရွိသည္။

သူေ႒းႀကီး ဇနီးေမာင္ႏွံသည္ သားငယ္ အတြက္ လိုေလေသး မရွိ အလိုလိုက္ ၾကသည္။ သူေ႒းသားငယ္ အ႐ြယ္ ေရာက္လာေသာ အခါ သူေ႒းႀကီး ဇနီးေမာင္ႏွံသည္ သားငယ္ကို ခ်မ္းသာသည့္ မိသားစုမွ အမ်ိဳးသမီး တဦးႏွင့္ လက္ထပ္ ေပးသည္။

ထိုသို႔ အိမ္ေထာင္ ျပဳၿပီးေနာက္ သူေ႒းသား၏ ဇနီးမွ သားတေယာက္ ဖြားျမင္သည္။ ထိုသားငယ္ ေမြးဖြားၿပီး ၂ ႏွစ္ခန႔္တြင္ သူေဌးႀကီး ဇနီးေမာင္ႏွံ ေရွ႕ဆင့္ ေနာက္ဆက့္ ကြယ္လြန္ သြားၾကသည္။

ေဆြမ်ိဳးမ်ားက သူေ႒းသားသည္ ဥစၥာ ရွိေသာ္လည္း ပညာမရွိလွ်င္ ကဲ့ရဲ႕ဖြယ္ ျဖစ္ႏိုင္သည္၊ ဥစၥာ ပစၥည္းမ်ား ဆုံးရႈံး ႏိုင္သည္။ ထို႔ေၾကာင့္ ပညာ သင္ယူလွ်င္ ေကာင္းမည္ဟု အႀကံျပဳ ၾကသည္။

သူေ႒းသားသည္ ေဆြမ်ိဳးမ်ား၏ အႀကံေပးမႈကို လက္ခံ လိုက္ၿပီး တကၠသိုလ္ တခုသို႔ သြားေရာက္၍ ပညာ သင္ယူသည္၊၊ တကၠသိုလ္၌ ၁၀ ႏွစ္ခန႔္ ၾကာၿပီးေနာက္ အိမ္သို႔ ျပန္လာခဲ့ရာ ညဥ့္နက္ လူေျခ တိတ္ခ်ိန္မွ ေရာက္လာသည္။

သို႔ေသာ္ သူေ႒းသားသည္ အိမ္၏ လွ်ိဳ႕ ဝွက္ တံခါးမ်ားကို သိသျဖင့္ အိမ္ေတာ္တြင္းသို႔ အလြယ္တကူပင္ ေရာက္ရွိ သြားသည္။

သူေ႒းသားသည္ ဇနီးသည္၏ အိပ္ခန္းသို႔ ဝင္လာေသာ အခါ ဇနီးျဖစ္သူကို ျခင္ေထာင္ အတြင္း၌ ေယာက်္ားတဦးႏွင့္ ဖက္လ်က္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ ေနသည္ကို ေတြ႕လိုက္ရသည္။

သူေ႒းသားသည္ ၾကာရွည္စြာ စဥ္းစား မေနေတာ့ဘဲ ဇနီးသည္ႏွင့္ ထိုသူကို ဓားျဖင့္ ခုတ္ပိုင္း သတ္လိုက္ ေလေတာ့သည္။ နံနက္လင္း၍ အေစခံမ်ား ႏိုးလာေသာ အခါက်မွ မိမိ သတ္လိုက္သူ မ်ားမွာ ဇနီးႏွင့္ သား ျဖစ္ေၾကာင္း သိလိုက္ရသည္။

မိခင္ ဖက္အိပ္ေနသည့္ သားငယ္ကို သူေ႒းသားက လင္ငယ္ဟု ထင္မွတ္ မိျခင္းသာ ျဖစ္သည္။ သူေ႒းသားသည္ ပညာ သင္ယူခဲ့ေသာ္လည္း အသိဉာဏ္ မဲ့ေသာေၾကာင့္ ဇနီးႏွင့္ သားငယ္ကို သတ္မိျခင္း ပင္တည္း။

ေငြေေၾကး ခ်မ္းသာေသာ္လည္း၊ ပညာ တတ္ေသာ္လည္း အသိဉာဏ္ပညာ မဲ့လွ်င္ ဒုကၡ ျဖစ္ေစတတ္ေၾကာင္းကို ဒီပုံျပင္ေလးက သင္ခန္းစာ ေပးေနတာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments