အဆုတ်ကို သဘာဝအတိုင်း သန့်စင်ပေးမယ့်အရာ (၈) ခု

ဆေးလိပ်သောက်ခြင်း၊ လေထု၊ ပတ်ဝန်းကျင်အကြောင်းအရာတွေကြောင့် အဆုတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကြုံတွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ လူပေါင်း ၆၅ သန်းနီးပါးက နာတာရှည်အဆုတ်ရောဂါကို ခံစားနေရပါတယ်။ အဆုတ်မှာ သူ့ကိုယ်သူ ပြန်ကောင်းအောင် လုပ်နိုင်တဲ့အစွမ်း ရှိပါတယ်။

ဒါပေမယ့် အဆုတ်ကို သန့်စင်စေဖို့အတွက်လည်း လုပ်ပေးဖို့ လိုပါသေးတယ်။ အဲဒါကြောင့် အဆုတ်ကို သဘာဝနည်းအတိုင်း သန့်စင်ပေးနိုင်မယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အဆုတ်ကို သန့်စင်ပေးတဲ့ဖျော်ရည်များ

အဆုတ်ကျန်းမာရေး တိုးတက်လာဖို့ အချိန် ၂ ပတ်ကနေ ၃ လအထိ ကြာတတ်ပါတယ်။ အဆုတ်ထဲက ချွဲတွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ဖို့ အောက်ပါဖျော်ရည်တွေကို သောက်သုံးနိုင်ပါတယ်။

- ပျားရည်နဲ့ ရေနွေး

- သံပရာသီးနဲ့ ရေ

- လက်ဖက်စိမ်းဖျော်ရည်

- မုန်လာဥနီဖျော်ရည်

- နနွင်းနဲ့ ဂျင်း

- ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်နဲ့ ဘယ်ရီသီး အစရှိတဲ့ ဖျော်ရည်တွေကို သောက်ပြီး တစ်လကျော်လောက်မှာ အဆုတ်ကျန်းမာရေးက တိုးတက်လာတာကို တွေ့ရမှာပါ။

၂။ ဆားကုထုံး

ဆားကုထုံးကတော့ ရေနွေးငွေ့ရှူတဲ့အခါ ဆားအမှုန်အနည်းငယ်ထည့်ပြီး ရှူတာပါ။ ပန်းနာရင်ကျပ်၊ ချောင်းဆိုးရင်ကျပ်နာ အစရှိတဲ့ အဆုတ်ပြဿနာတွေအတွက်လည်း ဆားကုထုံးကို အသုံးပြုနိုင်ပါတယ်။

၃။ တောရှူံးပင်အဆီ

တောရုူံးပင်အဆီက သဘာဝရင်ကျပ်ပျောက်ဆေးပါပဲ။ တောရှူံးပင်အဆီနဲ့ almond oil တို့ကို ဆတူရောပြီး လျှာပေါ်မှာ တစ်စက် နှစ်စက်ခန့်တင်ထားပါ။ ၅ မိနစ်ခန့်ကြာပြီးရင် ခံတွင်းကို ရေဆေးလိုက်ရုံပါပဲ။ တစ်ရက် ၃ ကြိမ်နဲ့ ၄ ပတ်ဆက်တိုက်လောက် ပြုလုပ်ပေးတဲ့အခါ ရလဒ်က သိသာပါတယ်။

၄။ ရေနွေးနဲ့ ရေချိုးပါ။

အသက်ရှူရတာ အဆင်ပြေဖို့ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်ခန့် ရေနွေးနဲ့ ရေချိုးပေးပါ။ ဒါမှမဟုတ် ရေနွေးငွေ့စက်ရှူပေးပါ။ ရေနွေးနဲ့ ရေချိုးတဲ့အခါ အပူချိန်က ၉၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀၅ ဒီဂရီဖာရင်ဟိုက်ကြား ရှိသင့်ပါတယ်။

၅။ ရှောင်သင့်တဲ့ အစားအစာများ

အဆုတ်ကျန်းမာရေးအတွက် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာတွေ၊ သဘာဝအသီးအရွက်တွေကို စားပေးသင့်ပါတယ်။ အဆုတ်ထဲမှာ ချွဲတွေများလာစေမယ့် အစားအစာတွေကို ရှောင်ဖို့လိုပါတယ်။ ဒိန်ခဲ၊ ထောပတ်၊ ဒိန်ချဉ်၊ နွားနို့တို့လို နို့ထွက်ပစ္စည်းတွေ၊ စည်သွပ်ဘူးထဲက အသားတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ လျှာသန့်ရှင်းရေး

အဆုတ်ကို ကာကွယ်ဖို့ ခံတွင်းသန့်ရှင်းရေးကောင်းဖို့ လိုပါတယ်။ သွားကို သန့်ရှင်းရေးလုပ်ပေးသလို လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

၇။ အသက်ရှူလေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက အဆုတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူ ပြုပါတယ်။

- လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကို လျှော့ချထားလိုက်ပါ။

- နှာခေါင်းကနေ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပါ။ အသက်ရှူသွင်းနေချိန်မှာ နှုတ်ခမ်းကို စေ့ထားပါ။

- ပြီးရင် ၁ ကနေ ၄ အထိ ရေပြီး ပါးစပ်ကနေ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၅ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

၈။ အဆုတ်ထဲက ချွဲတွေကို ရှင်းထုတ်ပေးတဲ့လေ့ကျင့်ခန်း

- ညီညာတဲ့ ကြမ်းပြင်တစ်ခုပေါ်ကို မှောက်ချလိုက်ပြီး ညာဘက်ခြေထောက်ကို‌ အတွင်းဘက်သို့ကွေးလိုက်ပါ။

- ဘယ်ဘက်လက်ကို ပုခုံးနဲ့တစ်ပြေးညီတည်း ချထားပါ။

- အဲဒီအနေအထားအတိုင်း စက္ကန့် ၃၀ ကနေ တစ်မိနစ်ကြာ နေပါ။

- တစ်မိနစ်ကြာပြီးနောက် ဘယ်ဘက်ကို ပြောင်းပါ။

Zombie (lovemedia)

Post a Comment

0 Comments